
(၁) တကယ်လို့ ကိုယ့်ကိုအဖော်ပြုပေးသူမရှိတဲ့အခါ တစ်ယောက်တည်းသီချင်းနားထောင်ပါ၊ စာဖတ်ပါ၊ စာရေးပါ။ ဒါဟာ ကောင်းတဲ့အကျင့်ဖြစ်တယ်။(၂) တကယ်လို့ တစ်ယောက်တည်း အထီးကျန်ဝမ်းနည်းတဲ့အခါ ထောင့်တစ်နေရာမှာဒါမှမဟုတ် စောင်ခေါင်းမြီးခြုံပြီး ငိုလိုက်ပါ။ တခြားလူရဲ့နှစ်သိမ့်မှုတွေမလိုပါဘူး။ ငိုပြီးတာနဲ့ စိတ်တွေလန်းဆန်းလာလိမ့်မယ်။(၃) စိတ်ထိခိုက်တဲ့အခါ ယုံကြည်ရတဲ့သူငယ်ချင်းကို ရင်ဖွင့်ပါ။တစ်ယောက်တည်း စိတ်ညစ်စရာတွေကို ရင်ထဲသိုဝှက်ထားရင် ကိုယ့်ကိုယ်ပိုပြီးစိတ်ထိခိုက်စေတယ်။(၄) မပျော်ရွှင်တဲ့အချိန်မှာ ကောင်းကင်ပြာကို မော်ကြည့်ပါ။ ကြယ်တွေကိုရေတွက်ပါ။ အပြောကျယ်တဲ့ကောင်းကင်မှာ ကိုယ်နဲ့သက်ဆိုင်တဲ့အချစ်တစ်ခုတော့ရှိလိမ့်မယ်။ "ငါ မဆိုးဘူး" ဆိုပြီး ကိုယ့်ကိုယ်ယုံကြည်မှုတစ်ခုတော့ပေးပါ။(၅) မိသားစုအပါအဝင် ကိုယ်နှစ်သက်တဲ့သူရဲ့ မွေးနေ့ကိုမှတ်ထားပါ။ကိုယ့်မွေးနေ့ကိုလည်း...