အဝေးရောက်မြန်မာတစ်ယောက်ရဲ့ မျှဝေခြင်း

My Favorite IDE..

My Favorite Hosting.

My Favorite Search Engine..

My Favorite Project Site ..

Showing posts with label ကိုယ့်အကြိုက်လေးများ. Show all posts

အိမ်ထောင်ရှင်တွေ ဘယ်လောက်များ ရိုးသားကြပါသလဲ

ပိုက်ဆံ ဘယ်လောက်သုံးလိုက်တယ်ဆိုတာ ယောကျ်ား မသိအောင် ပစ္စည်းပေါ်မှာ ကပ်ထားတဲ့ ဈေးနှုန်းစက္ကူကိုများ ခွာဖူးကြပါသလား။ ဒါမှမဟုတ်၊ ကလေးတွေရဲ့ ကိစ္စတစ်ခုခုကို ဖအေကြီး မသိအောင် ဖုံးထားတာမျိုးရော ရှိလား။ ဒါမှမဟုတ်ရင်လည်း တခြားတစ်ယောက်ယောက်ကို ဖျိုးခနဲ၊ ဖျတ်ခနဲ စိတ်ကစားမိသွားတာကို ခပ်မဆိတ် နေလိုက်ဖူးသလား။

အဲသလိုဆိုရင် အားတက်စရာ စကားလေးတစ်ခွန်း ပြောလိုက်ချင်စမ်းတယ်။ “အဲဒါ ခင်ဗျားတစ်ယောက်တည်း မဟုတ်ဘူးဗျို့”လို့။

အဲ… ဒါပေမယ့် သက်တမ်းကလေး အထိုက်အလျောက် ရင့်မာလာတဲ့ ကျွန်တော့် လူမှုရေး အတိုင်ပင်ခံ သက်တမ်းမှာတော့ ပြဿနာ တက်နေတဲ့ အိမ်ထောင်ရေးတွေရဲ့ အဓိက အကြောင်းရင်းခံဟာ ရိုးသား ပွင့်လင်းမှု နည်းပါးလွန်းလို့ ဖြစ်နေရတာချည်း တွေ့ရပါတယ်။ ကျွန်တော်ကိုယ်တိုင်ရဲ့ အိမ်ထောင်ရေးမှာကျတော့ အတော့်ကို ခိုင်မာတယ်လို့ ဆိုနိုင်တယ်။ တကယ့် ရေစိမ်ခံ အကြမ်းခံ အိမ်ထောင်ရေးဘဝလို့ ဆိုနိုင်တယ်။ သည်အခါ ကျွန်တော့်ကို အောင်မြင်တဲ့ အိမ်ထောင်ရေးရဲ့ သော့ချက်က ဘာလဲလို့ မေးလာမယ်ဆိုရင် ရိုးသား ပွင့်လင်းမှုလို့သာ တန်းဖြေမှာပါ။ ဒါက အတွေ့အကြုံအရ ပြောလိုက်တာဖြစ်ပါတယ်။

တစ်ဖက်ကလည်း ဖတ်မှတ် လေ့လာထားသမျှ စာသိနဲ့ ပြောရရင်လည်း အိမ်ထောင်ရေး အတိုင်ပင်ခံတိုင်းကလည်း ကျွန်တော့်လိုပဲ ရိုးသား ပွင့်လင်းမှုကသာ အခရာဆိုတဲ့ အဖြေကို တစ်ညီတစ်ညွတ်တည်း ပြောကြတာ တွေ့ရ ပါတယ်။

ဒါပေမယ့်လည်း လက်တွေ့ဘဝထဲက အိမ်ထောင်ရေး ၁၀ဝ မှာ ၉၀ လောက်က အိမ်ထောင်ဖက်ချင်း မရိုးသားကြ၊ မပွင့်လင်းကြ၊ မြံုစိစိနိုင်နေကြ၊ မအုံမနွေး လုပ်နေကြ၊ ဖုံးကွယ် သိုဝှက်ထားကြတာတွေက များပါ တယ်။ သည်အခါမှာ ဘာတွေကို မြံုထား၊ ဖုံးထားတတ်ကြပြီး ဘာတွေကိုကျတော့ ပွင့်ပွင့်လင်းလင်း ဖွင့်ပြောတတ်ကြသလဲဆိုတာကို စူးစမ်းကြည့်တဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်မိရပြန်တဲ့အခါ စာဖတ်သူများကို မျှဝေပေးချင်လာရပြန်တယ်။

ယောက်ျားနဲ့မိန်းမ၊ ဘယ်သူက ပိုပွင့်လင်းသလဲ?

အခြေခံက စပြောမယ်ဆိုရင် အိမ်ထောင်ရေးမှာ စကားအပြောဆုံး လူသားတွေက မိန်းမသားတွေပါ။ အထူးသဖြင့် ကိုယ့် အိမ်ထောင်ရေး အကြောင်းများ ပြောကြစတမ်းဆိုရင် အမျိုးသမီးတွေက ရှေ့တန်းကနေ ကရားရေလွှတ် ပြောတတ်ကြပါတယ်။ စစ်တမ်းတစ်ခုအရဆိုရင် အမျိုးသမီး ၈၃ရာခိုင်နှုန်းက “ကျွန်မတို့အိမ်ထောင်အကြောင်း ပြောရအောင်နော်…” ဆိုတ ဲ့စကားမျိုးနဲ့ အစချီပြီး ကိုယ့်အိမ်ထောင်ရေး အခြေအနေကို ကိုယ့်လင်သားနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေး တိုင်ပင်ဖို့ ဆောင်ရွက်ကြတယ်လို့ တွေ့ရပါတယ်။

အဲ… သို့ပေမယ့်လည်း အမျိုးသား ၅၇ ရာခိုင်နှုန်းကသာ သူတို့ မိန်းမတွေက သည်ကိစ္စကို ပြောဖို့ အစချီတတ်ကြတယ်လို့ ယူဆပါသတဲ့။

ဘာကြောင့် ကိန်းဂဏန်းတွေက အဲသလောက်ကြီး ကွာခြားနေတာလဲ။

“ကိုယ်လိုချင်တဲ့အချစ်ကိုရယူခြင်း - စုံတွဲများအတွက် လမ်းညွှန်”ဆိုတဲ့ စာအုပ်ကို ရေးသားတဲ့ အိမ်ထောင်ရေးပါရဂူ ဟာဗှစ်လ် ဟဲန်ဒြစ်ခ်စ်က ဖြေပါတယ်။ “ယောကျ်ားတွေဟာ သူတို့ ရင်ဆိုင်ကြံုတွေ့နေရတဲ့ ပြဿနာတွေကို သွယ်ဝိုက်တဲ့နည်းနဲ့ ဖော်ပြတတ်ကြတယ်။ အဲသလို ပြတတ်တဲ့ အတွက် အိမ်ထောင်ရေး ပြဿနာတွေ ရှိနေတဲ့အခါမှာလည်း ဆွေးနွေးဖို့ အစဖော်သူလို့ သူတို့ကိုယ်သူတို့တော့ ထင်ကုန်တတ်ကြတာပါပဲ။ တကယ်တမ်းကျတော့ ယောက်ျားတွေအတွက်က ကိုယ့်ခံစားချက်ကို စကားလုံးတွေနဲ့ ဖော်ကျူးဖို့ မိန်းမတွေထက် အပုံကြီး ပိုခက်တာလည်း အမှန်ပဲ”တဲ့။


စစ်တမ်းအရတော့ ပြဿနာတွေကို ဆွေးနွေးဖြစ်တဲ့ဆီအထိ သယ်ဖြစ်လာဖို့ တွန့်ဆုတ်နေတတ်တာဟာ ယောက်ျားတွေ၊ မိန်းမတွေရဲ့ အသက် အရွယ်နဲ့ သိပ်မဆိုင်လှတာကို တွေ့ရပါတယ်။

“စကားပြောတယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် အရာရာကို ပြောဖို့ဆိုတာကကျတော့ဗျာ…။ ဘာပဲဖြစ်ဖြစ်လေ၊ သူနဲ့ ကိုယ်နဲ့ကြားမှာ ကိုယ်ပိုင်ဘဝဆိုတာတော့ ရှိသင့်ပါတယ်”လို့ အိမ်ထောင်သက် ၁၆ နှစ် ရှိတဲ့ လင်သားတစ်ယောက်က ဆိုပါတယ်။


အိမ်ထောင်သက် ၃၃ နှစ် ရှိပြီဖြစ်တဲ့ အမျိုးသမီးတစ်ယောက်ကတော့ “ကျွန်မတို့ အိမ်ထောင်ရေးမှာ ပြဿနာတွေကို ကွေ့ကွေ့ကောက်ကောက် လိမ်လိမ်ဖယ်ဖယ်နည်းနဲ့ ရင်ဆိုင်ဖြစ်တတ်ကြပါတယ်။ ဆိုလိုတာ ပြဿနာအကြောင်းကို တိုက်ရိုက် မဆွေးနွေးဖြစ်ဘဲ ဝေ့လည်လည် လုပ်ဖြစ်နေတယ်ပေါ့။ ကျွန်မ မိဘတွေလောက်တော့လည်း မပွင့်လင်းကြဘူးပေါ့ရှင်”တဲ့။

“ကျွန်တော့်မိန်းမကပဲ နေရာတကာမှာ ပြောတာပါဗျာ။ သူပြောလို့ ဝတော့မှ ကျွန်တော်က ပြောတာပါ”လို့ အိမ်ထောင်သက် ၄၃ နှစ် ရှိတဲ့ အမျိုးသားတစ်ယောက်က ပြောပြန်တယ်။

အိမ်ထောင်ဖက်တွေ ပြောမပြနိုင်တာတွေက ဘာတွေလဲ?

အဲဒီ့စစ်တမ်းမှာ အံ့ဩစရာကောင်းသွားတာက “ပြောဖြစ်ခဲ့ရင် သိပ်ကောင်းမှာ”လို့ အိမ်ထောင်သည် အတော်များများ၊ အထူးသဖြင့် ယောက်ျားတွေက တဖွဖွ ပြောကြတာပါပဲ။ ယောက်ျားတွေ သိပ်မြံုစိစိ လုပ်တတ်တာပဲလို့ အမျိုးသမီး အစဉ်အဆက်က ညည်းညူတတ်တဲ့ကြားကပဲ စစ်တမ်းအရ တွေ့ရှိရချက်ကတော့ ယောက်ျားတွေလည်း ဘောလုံးပွဲ အကြောင်း၊ ပိုက်ဆံရှာတဲ့အကြောင်းထက်တောင် ကိုယ့်အိမ်ထောင်ရေး အကြောင်းကို ပိုလို့ နက်နက်နဲနဲ ပြောချင်တာကို တွေ့ရပါတယ်။ အဲ… ပြဿနာက သူတို့ ဘယ်လို ပြောရမှန်း မသိကြတာပါပဲ။

စစ်တမ်းအရ အကြီးမားဆုံး အုပ်စုလို့ ပြောနိုင်တဲ့ ၃၈ရာခိုင်နှုန်းသော ယောက်ျားများဟာ သူတို့ရဲ့ ဇနီးမယားတွေက သူတို့ကို အခုထက် ပိုပြီး ယုယုယယ ကြင်ကြင်နာနာ ရှိစေချင်တယ်လို့ ဆိုပါတယ်။ အဲသလို ကြင်နာ ယုယမှုပေးဖို့ကိုလည်း သူတို့ နှုတ်က ရဲရဲရင့်ရင့် ထွက်ဖြစ်ခဲ့ရင် သိပ်ကောင်းမှာလို့လည်း ပြောကြပါတယ်။ သည်နေရာမှာ ကြင်နာယုယမှုဆိုတာဟာ ဖိုမဆက်ဆံရေးကိစ္စနဲ့ မဆိုင်ပါဘူး။

ခင်ပွန်းသည် ပါမောက္ခ ဂျောန် ဂေါ့ထ်မယ်န်နဲ့ တွဲဖက်ပြီး ဆီယက်တယ်လ် ဂေါ့တ်မယ်န် တက္ကသိုလ်နဲ့ အိမ်ထောင်ရေးဆေးခန်း တည်ထောင်ခဲ့တဲ့ စိတ်ပညာ ပါမောက္ခ ဂျူလီ ဂေါ့တ်မယ်န်ကတော့ “ယောက်ျားတွေဟာ ယုယ ကြင်နာမှုကို လိုချင်တယ်လို့ ပြောရမယ့် လူစားတွေ မဟုတ်ဘူးလို့ တစ်သက်လုံး စွဲမှတ်ထားကြပါတယ်။ ထွေးပိုက်တာ၊ ယုယကြင်နာတာကို ခံချင်တယ်လို့ ပြောတာဟာ ပျော့နွဲ့နွဲ့ယောကျ်ားတွေမှ ပြောတတ်တဲ့ စကားမျိုးလို့ စွဲနေကြတာကလား။ အဲတော့ ယုယပါ၊ ကြင်နာပါလို့ ပါးစပ်က ပြောထွက်တဲ့ ယောကျာ်းက လက်တွေ့မှာ ဘယ်နှယောက်ရှိမှာလဲ”လို့ ပြောပါတယ်။

သည်နေရာမှာ အိမ်ထောင်သည် ယောက်ျားတွေကို ဆိုလိုတာပါ။ အိမ်ထောင်မကျခင်မှာတော့ ယောကျ်ားတွေဟာ ကိုယ့်ကို ကြင်နာပါလှည့်၊ ယုယပါလှည့်၊ သနားပါလှည့်နဲ့ တစာစာ အော်ဟစ် မြည်တမ်းဖို့၊ မျက်ရည်ကျပြဖို့ ဝန်မလေးတတ်ကြပေမယ့် တကယ်တမ်း အိမ်ထောင်ရေးတစ်ရပ်ကို တည်ဆောက်ပြီးချိန်မှာတော့ အဲသလို စကားမျိုးတွေ ပြောလိုက်၊ မျက်ရည်လေး ဝဲပြလိုက်ရင်ပဲ မဟာယောက်ျားမာန မြေသို့ ခတော့မယ့်အတိုင်း ဖြစ်ကုန်တတ်ပါတယ်။ ဒါကို ပြောတာပါ။

၂၆ရာခိုင်နှုန်းသော ယောကျ်ား မိန်းမများကတော့ “ကိုယ်နဲ့ပတ်သက်တဲ့ မေးခွန်းတွေ၊ ကိုယ့်အကြောင်းတွေကို သူက ကိုယ့်ကို ဖွင့်မေးစေချင်တယ်”လို့ ပြောပါတယ်။ ဒါဟာ လင်နဲ့ မယားကြားမှာ ဆက်ဆံရေး ပိုမို ပွင့်လင်းလာအောင် လုပ်ဆောင်ရာမှာ အင်မတန် အကျိုးများစေနိုင်တဲ့ နည်းပါ ပဲ။ “မသိ မေး၊ မစင် ဆေး”လို့ ဆိုတဲ့ စကားအတိုင်းပါပဲ။ တစ်ယောက်အကြောင်း တစ်ယောက် ပိုသိချင်ရင် များများ မေးနိုင်မှ တန်ကာကျမှာပါ။


အဲ… အိမ်ထောင်ရေးတွေမှာ တချို့ကိစ္စတွေကို ဗြောင် ဖွင့် ဆွေးနွေးရ တာခက်လှပေမယ့် တချို့ကိစ္စတွေကျတော့လည်း တစ်ချိန်လုံးကို ပြောဖြစ်နေ တတ်ပြန်ရော။ ၄၁ ရာခိုင်နှုန်းသော မိန်းမတွေနဲ့ ၂၉ ရာခိုင်နှုန်းသော ယောက်ျားတွေ ဂျီကျတတ်တာကတော့ ဖရိုဖရဲနဲ့ ရှုပ်ပွနေအောင် ကပျစ်ကညစ် နေတတ်တဲ့ကိစ္စဟာ အဓိကဖြစ်နေတာကို တွေ့ရပြန်ပါတယ်။ ဒုတိယ ဂျီကျတတ်တဲ့ ကိစ္စကတော့ “သိပ်ဝလာပြီ၊ ပိန်အောင်လုပ်စမ်းပါ”ဆိုတာနဲ့ “မင်း ငါ့ကို မဝေဖန်နဲ့”/“တော် ကျုပ်ကို မဝေဖန်နဲ့”ဆိုတဲ့ စကားများပါပဲတဲ့။

“လျှို့ဝှက်တတ်တဲ့ ယောကျ်ားနဲ့ ကျွန်မ ညားခဲ့တာပါပဲရှင်၊ ကျွန်မတို့ အိမ်ထောင်ရေးလည်း သူ့လျှို့ဝှက်ချက်တွေနဲ့ပဲ နလံမထူတော့ပါဘူး”လို့ အိမ်ထောင်သက် ဆယ်နှစ် ရှိသူ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

အိမ်ထောင်သက် ၃၇ နှစ် ရှိသူ အမျိုးသမီးတစ်ဦးကတော့ “ကျွန်မတို့ လင်မယား အတူနေဖြစ်တဲ့ အချိန်က တော်တော် များပါတယ်။ ကျွန်မ ထင်တယ်လေ၊ အခုခေတ်မှာ လင်မယား တော်တော်များများက ကျွန်မတို့လို အတူနေဖြစ်တဲ့အချိန် သိပ်မရှိကြဘူးလား မသိ…”တဲ့။

ဘာတွေကို အများဆုံး လျှို့ဝှက်ထားဖြစ်တတ်ကြလဲ?

စစ်တမ်းမှာ ပါဝင်ခဲ့ကြသူတွေထဲမှာ ကိုယ့်အိမ်ထောင်ဖက် မသိအောင် လျှို့ဝှက် ဖုံးကွယ်ထားတာတွေ ရှိလားလို့ မေးကြည့်ပြန်တဲ့အခါ ယောက်ျား ၄၂ ရာခိုင်နှုန်းနဲ့ မိန်းမ ၃၆ ရာခိုင်နှုန်းက သိပ်ရှိတာပေါ့လို့ ဖြေကြပါတယ်။


အထူးသဖြင့်ကတော့ ရာထူးရာခံ ကြီးကြီးသမားတွေနဲ့ ဝင်ငွေ တအားကောင်းသူတွေရဲ့ အိမ်ထောင်ရေးတွေမှာဆို ပိုတောင်ဆိုးသေးတယ်လို့ ဆိုပါတယ်။ “တိုးတိုးဖော်အဖြစ် နေခွင့်ရတဲ့ အချိန် နည်းသွားလေလေ၊ ယုံကြည် ကိုးစားမှုလည်း လျော့ပါးလေလေဖြစ်ကုန်ပါတယ်။ လူတွေမှာ ဗာဟီရတွေ သိပ်များလာ၊ စားလည်း အလုပ်၊ သွားလည်း အလုပ်နဲ့ အလုပ် တအား များလာတဲ့အခါ လင်နဲ့မယား အေးအေးလူလူ မနေဖြစ်၊ မတွေ့ဖြစ်၊ မပြောဖြစ်ကြတော့ဘူး။ အဲဒီ့အခါကျတော့ တစ်ယောက်နဲ့ တစ်ယောက်လည်း ယုံကြည်ကိုးစားမှုတွေ လျော့လာတော့တာပါပဲ”လို့ ဂျူလီ ဂေါ့တ်မယ်န်က ပြောပါတယ်။


အိမ်ထောင်သက် အကြာဆုံး အဖိုးကြီး၊ အမယ်ကြီး စုံတွဲတွေမှာက အဲသလို တစ်ယောက်နဲ့ တစ်ယောက် ဖုံးထားတာက သာတောင် များသေးတယ်လို့ ဆိုပါတယ်။ ဒါကတော့လည်း ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေး လုပ်တာ ခေတ်မစားသေးခင်ကာလမှာ လူလားမြောက်လာတာနဲ့ တစ်နည်းတစ်ဖုံ သက်ဆိုင်နေနိုင်ပါတယ်။

အဲ… အိမ်ထောင်ရေးတွေမှာ အဖုံးကွယ်ဆုံး၊ အမှန်မပြောဆုံး ကိစ္စက ဘာလဲဆိုတော့ ဝယ်လာတဲ့ ပစ္စည်းကို ဘယ်လောက် ပေးခဲ့ရတယ် ဆိုတာပါပဲတဲ့ ခင်ဗျား။ အဲဒီ့ မုသာဝါဒကံကိုတော့ ယောကျာ်းမိန်းမ ထက်ဝက် နီးပါး (၄၈ရာခိုင်နှုန်းက) ကျူးလွန်ဖြစ်နေတယ်လို့ ဝန်ခံကြပါတယ်။
ဒါဟာ အနီကတ်ပြလောက်အောင် အင်မတန့်ကို အံ့ဩစရာကောင်းတဲ့ ကိန်းဂဏန်းပါပဲလို့ ဂျော်န် ဂေါ့တ်မယ်န်က ပြောပါတယ်။ “သည်နေရာမှာ ရိုးသားဖြောင့်မတ်မှုနဲ့ ယုံကြည်ကိုးစားမှုက အတော် စကားပြောသွားပြီ။ ငွေဆိုတာ လွတ်လပ်မှု၊ ငွေဆိုတာ ဩဇာအာဏာပါ။ သည်ကြားထဲကပဲ၊ ငွေရေးကြေးရေးနဲ့ ပတ်သက်လာရင် ယောကျ်ားတွေရော၊ မိန်းမတွေပါ လိမ်ဖို့ ဝန်မလေးတာဟာ တော်တော့်ကို စိတ်ဝင်စားစရာကောင်းတယ်”လို့ သူက ဆိုပါတယ်။

ဒုတိယ အလုပ်ဖြစ်ဆုံး လျှို့ဝှက်ချက်ကတော့ ကလေးရဲ့ အမူအကျင့်၊ ဒါမှမဟုတ် ရမှတ်တွေနဲ့ ပတ်သက်လာရင်လည်း ဖုံးကွယ် လိမ်ညာတတ် ကြတာကို တွေ့ရပြန်တယ်။ ဒါကတော့ အိမ်ထောင်ရှင်အမျိုးသမီးတွေ (၁၈ ရာခိုင်နှုန်း)က သူတို့ ခင်ပွန်းသည်တွေ မသိအောင် အများဆုံး ဖုံးထားတဲ့ ကိစ္စပါပဲ။

စစ်တမ်းမှာတွေ့ရတဲ့အထဲက ဝမ်းနည်းစရာ အကောင်းဆုံး အချက်တစ်ချက်ကတော့ ၂၀ ရာခိုင်နှုန်းသော ယောကျ်ားတွေဟာ မိမိတို့ရဲ့ လုပ်ငန်းခွင်မှာ ရင်ဆိုင်ရတဲ့ ကျဆုံးမှုများကို ကိုယ့်ဇနီးသည်ကို ပြောမပြဘဲ ဖုံးထားတတ်ကြပါပဲ။ “သည်နေရာမှာ ယောကျ်ားတွေရဲ့ ဘဝင်က အခရာပါပဲ”လို့ ”ကိုယ်လား၊ မင်းလား”ဆိုတဲ့ စာအုပ်ကို ရေးခဲ့သူ နယူးယောက် မြို့က စိတ်ပညာရှင် “စကော့တ် ဝက်တ်ဇလာ”က ပြောပါတယ်။
ယောက်ျား ၆ ရာခိုင်နှုန်းနဲ့ မိန်းမ ၃ ရာခိုင်နှုန်းကကျတော့ အစားအသောက် ပျက်နေတာ၊ ဒါမှမဟုတ်လည်း တရားလွန် စားဖြစ် သောက်ဖြစ် နေတာကို မပြောဘဲ ဖုံးထားကြပြန်သတဲ့။ တစ်မျိုးကြီးပဲနော်။

ကိုယ့်ရဲ့ အဆက်ဟောင်းအကြောင်းကို ကိုယ့်အိမ်ထောင်ဖက်က သိရဲလား?

တကယ်တော့ ကိုယ့်အိမ်ထောင်ဖက်ရဲ့ အတိတ်ဇာတ်လမ်းကို စပ်စုချင်တတ်တာဟာ လူ့သဘာဝပါပဲ။ ဒါပေမယ့် အိမ်ထောင်ဖက်တွေအနေနဲ့ကျ သည်ကိစ္စကို ဘယ်လောက် ပြောဖြစ်ကြလဲဆိုတာ စဉ်းစားစရာပါ။

အဆက်ဟောင်းတွေအကြောင်း ယောကျ်ားတွေ သိရဲ့လားလို့ မေးတဲ့အခါ အိမ်ထောင်ရှင်အမျိုးသမီး ၆၂% က “ဒါတွေကို ကျွန်မယောက်ျား အကုန် သိပြီးသားပါ”လို့ ပြောကြပေမယ့် အဲသလို အိပ်သွန်ဖာမှောက် ပြောပြီးသားပါလို့ ဖြေတဲ့ ယောက်ျားကျ ၅၂% သာ ရှိပါတယ်။ နောက်ထပ် ၃၈%သော ယောက်ျားတွေကတော့ သူတို့ဇနီးတွေဟာ သူတို့ရဲ့ အတိတ်ဇာတ်လမ်းတွေနဲ့ ပတ်သက်လို့ အနည်းအကျဉ်းတော့ သိတယ်လို့ ဆိုပါတယ်။ တချို့ (၂၂%)ရဲ့အလိုအရ အဲသလို နည်းနည်းပဲ သိကြတာဟာ ဇနီးသည်တွေကိုယ်၌က နှိုက်နှိုက်ချွတ်ချွတ် မမေးကြလို့လို့ ဆိုပါတယ်။ အဲ… ၁၇%သော ယောကျာ်းတွေကတော့ သူတို့ ကိုယ်တိုင်က အကုန် ပြောပြဖို့ ရည်ရွယ်ရင်း မရှိဘူးလို့ ဆိုပြန်တယ်။

သည်အထဲမှာ ယောကျာ်း ၁၀ ရာခိုင်နှုန်းနဲ့ မိန်းမ ၅ ရာခိုင်နှုန်းကသာ သူတို့ရဲ့ အဆက်ဟောင်းတွေအကြောင်းကို ကိုယ့်အိမ်ထောင်ဖက်ကို လုံးလုံး ပြောမပြခဲ့ဘူးလို့ ဖြေပါတယ်။


ဒါတွေကို ပြောခြင်း၊ မပြောခြင်း၊ သိခြင်း၊ မသိခြင်းဟာ အရေးကြီးသလားလို့ မေးစရာရှိပါတယ်။ အတိတ်က အဖြစ်မှန်တွေ သိရခြင်း၊ မသိရခြင်းနဲ့ အောင်မြင်တဲ့ အိမ်ထောင်ရေးနဲ့ ဘာမှ မဆိုင်ပါဘူးလို့ ဝက်ထ်ဇလာ ကတော့ ဆိုပါတယ်။ “လူတစ်ယောက်ကို ယုံကြည် ကိုးစားဖို့အတွက် အဲဒီ့ လူတစ်ယောက်ရဲ့အကြောင်းကို အူမချေးခါး မကျန် သိထားမှ ဆိုတဲ့ ခံစားချက်မျိုးကတော့ လူတိုင်းမှာ ရှိတတ်စမြဲပါပဲ။ အိမ်ထောင်ရေးမှာ ကျတော့ ကိုယ်အကုန်သိတယ်လို့ ကိုယ့်ဘာသာကိုယ် ယုံကြည်နေရင် ပြီးသွားတာပါပဲ”လို့လည်း သူက ပြောပါတယ်။

ဆိုလိုတာက အိပ်သွန်ဖာမှောက်ပဲ ပြောပြထားထား၊ ဘာမှ မပြောဘဲ ထားထား၊ တစ်ချို့တစ်ဝက်ပဲ ပြောထားထား၊ ကြားရတဲ့ သူအဖို့ သူ ကြားလိုက်ရသလောက်က အကုန်လို့ ယုံမှတ်နေသမျှ အဟောဝတဆိုတဲ့ သဘောပါပဲ။

အိမ်ထောင်ကျတယ်ဆိုတာ အသက်ဝိဉာဉ်ကင်းမဲ့သွားတာမဟုတ်ပါ ဘူး။ ဒါကြောင့် အိမ်ထောင်သည်တွေမှာလည်း သူ့ဟာလေးနဲ့သူ ကြိတ် ဖြစ်နေတဲ့ အဆိုးအပြစ်လေးတွေ ရှိကြစမြဲပါပဲ။ စစ်တမ်းရ ယောကျာ်း ၁၉ ရာခိုင်နှုန်းနဲ့ မိန်းမ ၁၀ ရာခိုင်နှုန်းဟာ ကိုယ့်အိမ်ထောင်ဖက် မဟုတ်တဲ့ တခြားသူ တစ်ယောက်ယောက်အပေါ်မှာ ဖျိုးခနဲ ဖျတ်ခနဲလောက်လေးပဲ ဖြစ် ဖြစ်၊ လှစ်ခနဲ စိတ်ကစားလိုက်တာလေးကို ဖုံးကွယ်ထားတယ်လို့ ပြောကြပါတယ်။ ဒါ့အပြင် အဖော်အချွတ်တွေပါတဲ့ မီဒီယာတွေကို ကြည့်ဖြစ်မှန်း၊ ကြည့်ရတာ ဝါသနာပါမှန်း ကိုယ့်အိမ်ထောင်ဖက်ကို ဖွင့်မပြောတဲ့ ယောကျ်ား ကလည်း ရှစ်ရာခိုင်နှုန်းရှိတယ်လို့ သိရပြန်တယ်။

အိမ်ထောင်ရှင်တွေဟာ ကိုယ့်စိတ်ကူးယဉ်အိပ်မက်တွေကိုရော ပြောပြတတ် ကြသလား?

စိတ်ကူးယဉ်တာတွေ၊ စိတ်ကူးဉာဏ်က ွန့်မြုးတာတွေကို ကိုယ့် အိမ်ထောင်ဖက်ကို ပြောပြဖူးပါသလားလို့ မေးတဲ့အခါ စစ်တမ်းမှာပါတဲ့ ကျားမ ငါးယောက်မှာ တစ်ယောက်ကတော့ ကိုယ့်စိတ်ကူး အိပ်မက်ကလေးကို ကိုယ့်ဘာသာ တိတ်တိတ်ကလေးပဲ ဝှက်ထားတယ်လို့ ဖြေကြပြန်တယ်။
ဒါ ကိုယ့်အိမ်ထောင်ဖက် သိစရာမှ မလိုတာလေတဲ့။ သုတေသီတွေထဲက ဂျူလီ ဂေါ့တ်မယ်န်ကတော့ သည်အဖြေကြောင့် တော်တော့်ကို စိတ်ပျက် လက်ပျက် ဖြစ်ရကြောင်း ပြောပါတယ်။ “စိတ်ကူးယဉ်အိပ်မက်ဆိုတာဟာ လူတစ်ယောက်ရဲ့ အနက်ရှိုင်းဆုံး အပိုင်းပါပဲ။ အိမ်ထောင်ရှင်တွေအနေနဲ့ တစ်ယောက်ကိုတစ်ယောက် အဲဒီ့ စိတ်ကူးအိပ်မက်တွေကို ဖွင့်ပြောဖြစ်ဖို့ အတွက် တစ်ယောက်ကို တစ်ယောက် စိတ်ချနေမှ ဖြစ်မှာပါ။ အခု ရလာဒ်အရ ဆိုရင်တော့ အိမ်ထောင်ရှင် ငါးစုံမှာ တစ်စုံကတော့ တစ်ယောက်ကို တစ်ယောက် စိတ်မချနိုင်၊ မယုံကြည်နိုင်ဘူးလို့ ပြောရမလို ဖြစ်နေတယ်”လို့ သူက ပြောပါတယ်။

စစ်တမ်းမှာ ပါဝင်သူများအနက် ထက်ဝက်ထက် ပိုတဲ့ အရေအတွက် (၅၆%)က တိတ်တိတ်ကလေး ကြိတ်ပြီး စိတ်ကူးယဉ်နေသူတွေ ဖြစ်နေကြပါတယ်။ အထူးသဖြင့် အိမ်ထောင်သက် ငါးနှစ်ထက် နည်းသူတွေမှာ ဆိုရင် ကိုယ့်အိမ်ထောင်ဖက်နဲ့ အတူ ခရီးယာယီ သွားလိုက်ချင်ပေမယ့် အဲဒီ့ကိစ္စကို လေသံတောင် မသလပ်ဖြစ်ဘူးတဲ့။ တချို့ (၅၃%)ဆိုရင် တစ်ရပ်တစ်ကျေးကို ပြောင်းနေချင်တာ၊ တချို့ (၄၂%)က တစ်ယောက်တည်း ခရီးသွားချင်တာ၊ တချို့ (၄၁%)က အလုပ်အကိုင် ပြောင်းချင်တာ၊ တချို့ (၂၁%)က ခဏလောက် တစ်ယောက်တည်း နေချင်တာ၊ တချို့ (၁၄%)က အိမ်ထောင်ရေး ဖောက်ပြန်မှု ကျူးလွန်ချင်တာတွေကို စိတ်ထဲမှာပဲ တနုံ့နုံ့နဲ့ ကြိတ်ပြီး အိပ်မက်မက်နေကြပါသတဲ့။ အဲ… တချို့(၁၀%)ဆို ခွေးမွေးချင်တာတောင် အိမ်ထောင်ဖက်ကို ပြောမထွက်ဘူးလို့ ဆိုပါတယ်။
ဘာကြောင့် အဲသလို ကိုယ့်စိတ်ကူး၊ ကိုယ့်အိပ်မက်ကို ပြောမထွက်ကြတာလဲ။

“သည်လို စိတ်ကူးအိပ်မက်တွေကို ပြောလိုက်တာဟာ ပိုနေမြဲ ကျားနေမြဲ အနေအထားအတွက် အင်မတန် အန္တရာယ် များလို့ပါ။ စိတ်ကူးအိပ်မက်ကို ပြောလိုက်တာနဲ့ လက်ရှိ အနေအထားကို သိပ်မနှစ်မြို့တော့တဲ့ သဘောက အလိုလို သက်ရောက်သွားနိုင်တယ်။ တချို့ကိစ္စတွေမှာဖြင့် ကိုယ့်စိတ်ကူးထဲမှာ ဘယ်ကဲ့သို့ ဘယ်ချမ်းသာ ဖြစ်နေတယ်၊ ဒါပေမယ့် အဲဒါတွေကို ပြောပြလိုက်ရင် ကြားရသူမှာ ရင်သပ်ရှုမောနဲ့ မတ်တတ်က လဲသွားနိုင်တယ်လို့ လူအတော်များများက ထင်ကြတယ်”လို့ ဂျော်န် ဂေါ့ထ် မယ်န်က ဆိုပါတယ်။

သည်တွေ့ရှိချက်တွေပေါ်မှာ အခြေခံပြီး ရို့ဒ်ကျွန်းက စိတ္တဗေဒ ပါရဂူ ဆရာဝန်ကြီး “ပီတာ ခရာမာ”က အိမ်ထောင်ရေးကို စဉ်းစားတဲ့အခါ အခုထက် ပိုပြီး ပျော့ပျော့ပြောင်းပြောင်း စဉ်းစားသင့်တယ်လို့ အကြံပေးပါတယ်။ “လူတွေအနေနဲ့ ခဏတဖြုတ်လေးလောက် ယာယီ ထွက်ပေါက်၊ ယာယီ ထွက်ပြေး လွတ်မြောက်ချင်ကြတဲ့အခါမှာ အဲဒါလေးကြောင့် တစ်ဘဝလုံးစာ ရည်မှန်းထားတဲ့ အိမ်ထောင်ရေး ဘဝကြီးကို အစွန်းအထင်း မခံသင့်ဘူးဗျ။ ကျွန်တော့်မှာ မိတ်ဆွေ တစ်ယောက်ရှိတယ်။ ကော်လာဖြူ (ရုံးဝန်ထမ်း) တစ်ယောက်ပေါ့။ သူက တစ်နှစ် တစ်ခါတော့ ပင်လယ်ကူး သင်္ဘောနဲ့ တစ်ယောက်တည်း တစ်လလောက် ပျောက်ပျောက်သွားတတ်တယ်။ ဒါပေမယ့် သူ့အိမ်ထောင်ရေးလည်း အဆင်ပြေနေတာပါပဲ။ ဆိုလို တာက အိမ်ထောင်ရေးမှာ တစ်ယောက်နဲ့ တစ်ယောက် ညှိယူလို့ ရတာတွေ အများကြီးပါဗျာ“လို့ သူကပြောပါတယ်။

အလွယ်ဆုံး နည်းက ဘာလဲ?

စစ်တမ်းမှာ အိမ်ထောင်သည်တွေကို တစ်ခု ထပ်မေးကြည့်ကြပါသေးတယ်။ မနက်အိပ်ရာက နိုးလာတဲ့အခါမှာ ရုတ်တရက် ချက်ချင်း ကိုယ်ဟာ အိမ်ထောင်သည်တစ်ယောက် မဟုတ်တော့ဘူးလို့များ မခံစားချင်ကြဘူးလား၊ အမှန်အတိုင်း ဝန်ခံကြစမ်းပါလို့ ပြောတဲ့အခါမှာ ၁၆ရာခိုင်နှုန်းသော ယောကျာ်းများရော၊ မိန်းမများပါ ဟုတ်တယ်၊ အဲသလို သိပ်ဖြစ်ချင်တာပဲလို့ ပြောကြပါတယ်။

“သည်အဖြေရဲ့ အဓိပ္ပာယ်ကတော့ လူတွေဟာ ကိုယ်ရောက်နေတဲ့ အိမ်ထောင်ရေးထဲကနေ ရုန်းထွက်ဖို့ ခက်နေတဲ့အခါ ကိုယ့်ဘဝကိုယ် မကျေမနပ် ဖြစ်နေကြတယ်။ အဲသလို မကျေမနပ် ဖြစ်နေတာကိုကျတော့ ဝန်မခံ ချင်ကြပြန်ဘူး”လို့ ဝက်ထ်ဇလာက ဆိုပါတယ်။

ဒါပေမယ့် ဝက်ထ်ဇလာ့အဆိုကို ဒေါက်တာ ခရာမာက သဘောမတူ ပါဘူး။ “သည်လို စိတ်ကူးယဉ်တာမို့ အိမ်ထောင်ရေးမှာ ပြဿနာ ရှိနေတယ်လို့ သွား အနက်ကောက်မယ်ဆိုရင် တက်တက်စင် မှားသွားမှာပါ။ အိမ်ထောင်ရေးခရီးဆိုတာ တကယ့်ကို အားကြိုးမာန်တက်နဲ့ ဝါယမ စိုက်ရတာမျိုးမို့ မောပန်းနွမ်းလျနေလို့ ပြောတဲ့စကားတွေပါ”လို့ သူက ဆိုပါတယ်။

ဆိုတော့ အကုန်လုံး အိပ်သွန်ဖာမှောက် ပြောပြဖို့ အရေးကြီးသလားလို့ မေးကြည့်ပြန်တဲ့အခါ အောင်မြင်တဲ့ အိမ်ထောင်ရေးကို နှစ်ပေါင်း လေးဆယ်တိတိ ဖြတ်သန်းခဲ့ဖူးတဲ့ အမျိုးသားကြီးကတော့ “သိပ်ပြောသင့်တာပေါ့ဗျာ။ ဘာမှ မချန်ကြေး၊ ကောင်းတာရော၊ ဆိုးတာရော၊ အကုန်သာပြော။ အဲဒါဆို အဲသည့် အိမ်ထောင်ရေး ခိုင်ပြီသာ မှတ်”လို့ ဖြေပါတယ်။

အိမ်ထောင်သက် ၃၃ နှစ် ရှိခဲ့ပြီဖြစ်တဲ့ အမျိုးသမီးကြီးကလည်း “တစ်ဖက်သားက ဆက်မကြားချင်တော့တဲ့ အရိပ်အရောင် မပြမချင်းတော့ အိပ်သွန် ဖာမှောက် ပြောနိုင်သမျှ ပြောသင့်တယ်”လို့ ဆိုလိုက်ပြန်တယ်။ ဒါပေမယ့် နောက်တစ်ယောက်ကကျပြန်တော့ “အဲသလို ပြောလိုက်ရင် ကိုယ့်လည်ပင်း ကိုယ် အရှင်လတ်လတ် ကြိုးကွင်းစွပ်သလို ဖြစ်သွားမှာပေါ့”ဆိုတဲ့ စကားနဲ့ ပြောရေးဖက်က အဆိုကို ကန့်ကွက်ပြန်တယ်။

ကိုင်း… အိမ်ထောင်ရေး ပုံစံ သုံးမျိုး ထွက်မလာပေဘူးလား။ အမြင်ကလည်း သည်မှာတင် သုံးမျိုးကွဲနေတယ်။ အိမ်ထောင်ရှင်တွေထဲမှာတင် အကုန်လုံး ပြောသင့်တယ်ဆိုတဲ့သူက တစ်ယောက်၊ တစ်ဖက်သား နားခံနိုင်တဲ့အတိုင်းအတာအထိ ပြောသင့်တယ်ဆိုတဲ့သူက တစ်ယောက်၊ မပြောသင့်ဘူးဆိုတဲ့ သူက တစ်ယောက် ဆိုပြီး သုံးစား ကွဲနေတယ်။

ပညာရှင်တွေကရော ဘယ်လို ပြောကြတယ် မှတ်လဲ။

ဒေါက်တာ ခရာမာကတော့ “သာယာတဲ့ အိမ်ထောင်ရေးဆိုတာဟာ အားလုံး ဖွင့်ပြောခြင်း မပြောခြင်းအပေါ်မှာ မတည်ပါဘူးဗျာ။ တစ်ခါ တစ်ခါကျတော့ ပြောလိုက်တော့မှ တစ်ဖက်လူမှာ စိတ်အနှောင့်အယှက်တွေ ဖြစ်ပြီး ဆောက်တည်ရာမရတွေလည်း ဖြစ်ကုန်နိုင်သေးတယ် မဟုတ်လား”လို့ ပြောပါတယ်။

ပါမောက္ခဂေါ့ထ်မယ်န်တို့ ဇနီးမောင်နှံကတော့ နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်းမှာ အိမ်ထောင်ရှင် စုံတွဲပေါင်း ၃၀ဝဝ ကျော်ကို လေ့လာစူးစမ်း မှတ်သားခဲ့ကြသူများပါပဲ။ သူတို့ကလည်း ရက်စက်တဲ့ ရိုးသားဖြောင့်မတ်မှုဟာ အခါခပ်သိမ်းတော့ မသင့်တင့် မလျောက်ပတ်လှဘူးလို့ ဆိုတဲ့စကားနဲ့ ဒေါက်တာခရာမာရဲ့အဆိုကို သဘောတူကြပါတယ်။


လေးနက်ခက်ခဲတဲ့ အကြောင်းရပ် တွေကို ပြောနိုင်ဖို့အတွက် ရင်းနှီး ကျွမ်းဝင်မှုဆိုတဲ့ အုတ်မြစ်အပေါ်မှာ အခြေခံရမယ်လို့လည်း ဆိုပါတယ်။ “တော်တော်ကြီးကို အကဲဆတ်တဲ့ ကိစ္စတစ်ခုခုကို ပြောချင်တဲ့အခါမှာ အရေးမပါလှတာကနေ မစဘဲ စိတ်ထိခိုက်စရာ အကောင်းဆုံးနေရာက စ ပြောတာ ပိုကောင်းတယ်”လို့ ဂျော်န် ဂေါ့ထ်မယ်န်က ပြောပါတယ်။

ပထမဆုံးအဆင့်အနေနဲ့ကတော့ ကိုယ့်အိမ်ထောင်ဖက် ဘာတွေ တွေးနေလဲဆိုတာ အမှန်အတိုင်း သိအောင် အရင် လုပ်သင့်တယ်လို့လည်း သူက အကြံပေးပါတယ်။


အထက်မှာ တစ်လျှောက်လုံး ကိုးကားခဲ့တဲ့ စစ်တမ်းကို ၂၀ဝ၁ခုနှစ် မတ်လ ၁၉ ရက်မှ မတ်လ ၃၁ ရက်အတွင်းမှာ တယ်လီဖုန်းနဲ့ လုပ်ခဲ့တာပါ။ ဖြေကြားသူတွေကတော့ အသက် ၁၈ နှစ် အထက် အိမ်ထောင်ရှင်ပေါင်း ၁၀ဝဝ ဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ထောင်ရှင်တွေကို အတူယှဉ်တွဲပြီး မေးခဲ့တာ မဟုတ်သလို ကိုယ့်ပြောစကားကို ကိုယ့်အိမ်သူအိမ်သား မကြားစေရအောင် စီစဉ်ပြီးမှ မေးမြန်းခဲ့တာလို့ သိရပါတယ်။

ဒါတွေကိုဖတ်ပြီး စာဖတ်သူများကို ပြန်ပြောပြဖြစ်နေတဲ့ ကျွန်တော်ကတော့ အိမ်ထောင်ရှင်တစ်ယောက်လည်းဖြစ်၊ သူများတကာရဲ့ အိမ်ထောင်ရေး ကိစ္စတွေမှာလည်း အတတ်နိုင်ဆုံး အကျိုးဆောင်ပေးနေသူလည်း ဖြစ်တဲ့အပြင် ကျွန်တော်ကိုယ်၌က အလုံးစုံ ရိုးသား ပွင့်လင်းရေးမူကို စွဲမြဲ လက်ခံ ကျင့်သုံးနေတာမို့ အိမ်ထောင်ရေး အပါအဝင် ဘယ်ဆက်ဆံရေးမှာဖြစ်ဖြစ် ပွင့်လင်းရိုးသား တည်ကြည် ဖြောင့်မတ်လေ၊ နေရထိုင်ရတာ လိပ်ပြာ သန့်လေ၊ ဆက်ဆံရေးလည်း ပိုမို တိုးတက် ဖြစ်ထွန်းလေလို့သာ ယုံကြည် ပါတယ်။
ဒါပေမယ့် အဲဒါ ကျွန်တော့် တစ်ဦးတည်းရဲ့ ပုဂ္ဂလိက အယူအဆပါ။ စာဖတ်သူလူကြီးမင်းများ အားလုံးမှာလည်း ကိုယ်ပိုင် ဆင်ခြင်ဉာဏ်များ အသက အသကနဲ့ ဖြစ်ကြတာမို့ ကျွန်တော် ပြောတာကို ယတိပြတ် လက်ခံရမယ်လို့ မပြောဝံ့ပါဘူး။ မိမိတို့ ကိုယ်ပိုင်ဉာဏ်နဲ့ ချင့်ချိန် စဉ်းစားကြပြီး အကောင်းဆုံးလမ်းကို ရွေးချယ်နိုင်ကြအောင် ကျွန်တော် ဖတ်မိလိုက်သမျှ ပြန်လည် ဖောက်သည်ချပေးလိုက်တာသာ ဖြစ်ပါတယ်။

more info => http://glorious-flower.blogspot.com/2010_02_01_archive.html

Continue

ယောကျာ်းလေးချစ်သူဆိုတာ...
(၁) မိုးသက်လေပြင်းကျချိန် ချစ်သူစိုမှာ စိုးလို့ အကာအကွယ်ပေးပြီး ထီးလိုက်မိုးပေးသူ
(၂) သူ့လက်ကိုတွဲမိချိန် ကိုယ့်ဆီက ကြောက်ရွံ့မှုတွေ အဝေးကို ပြေးစေသူ
(၃) ချမ်းအေးတဲ့ ဆောင်းနံနက်မှာ ကိုယ့်ကိုနွေးထွေးတဲ့ လက်တစ်စုံပေးသူ
(၄) ကိုယ်စိတ်ပျက်အားငယ်လို့ မျက်ရည်ကျချိန် မှီစရာ ပုခုံးတစ်စုံ ငှားပေးသူ
(၅) Hilary Duff ကို ကြိုက်ပေမယ့် ဒီကမ္ဘာမှာ အလှဆုံး ချစ်စရာအကောင်းဆုံးဟာ ကိုယ်ပါလို့ ပြောသူ
(၆) Jackie Chan ကားတွေကြိုက်ပေမယ့် လွမ်းဆွေးစရာ ကိုးရီးယားကားတွေကို မပျင်းမရိဘဲ ကိုယ်နဲ့အတူ လိုက်ကြည့်ပေးတတ်သူ
(၇) ကောင်းကင်ကကြယ်တွေကို ကိုယ်နဲ့အတူ စိတ်ရှည်လက်ရှည် လိုက်ရေတတ်သူ
(ဂ) ကိုယ့်မွေးနေ့ကို မှတ်မိပြီး လက်ဆောင်ပစ္စည်းဝယ်ဖို့မေ့တတ်သူ
(၉) သူ့ရင်ဘတ်ကိုထုပြီး ကိုယ်ဒေါသထွက်ချိန် အနမ်းတစ်ပွင့်နဲ့ နှစ်သိမ့်တတ်သူ
(၁၀) မျိုမကျပေမယ့် ကိုယ်ချက်တာအကောင်းဆုံး ဆိုပြီး အားပါးတရ စားပြတတ်သူ

မိန်းကလေးချစ်သူဆိုတာ...
(၁) ငြင်းခုန်ရန်ဖြစ်ချိန် ခေါင်းငုံ့အရှုံးပေးချင်ပေမယ့် တင်းခံပြီးပြန်ငြင်းတတ်သူ
(၂) ချစ်သူရဲ့ ကတိသစ္စာတွေကို နှလုံးသားပေါ်မှာ ထွင်းထားပေမယ့် "ကျွန်မကို ချစ်မိတာ နောင်တမရဘူးလား" လို့ လိုက်မေးတတ်သူ
(၃) လမ်းဖြတ်ကူးတဲ့အချိန် ကိုယ့်ရဲ့ ခြေလှမ်းအတိုင်း လိုက်လှမ်းချင်တဲ့သူ
(၄) ကိုယ့်ရဲ့ရှေ့မှာ မလှဆုံး ချစ်စရာမကောင်းဆုံး ဖြစ်မှာကို စိုးရိမ်တတ်သူ
(၅) လေပြင်းမုန်တိုင်းကျနေပါစေ ကိုယ့်ရဲ့လက်ကို တင်းတင်းဆုပ်ကိုင်ပြီး ကျော်ဖြတ်ရဲသူ
(၆) အချက်အပြုတ်မတတ်ဘဲ မီးဖိုတစ်ခုလုံးကိုမွှေနှောက် ကိုယ့်ကို ကိုယ်တိုင်ချက်ကျွေးချင်တဲ့သူ
(၇) ဗေဒင် လက္ခဏာတွေတွက် ယတြာတွေလိုက်ချေပြီး ကိုယ်နဲ့ ပေါင်းဖက်ရအောင်လုပ်သူ
(၈) ကိုယ့်ကို တစ်နေ့မမြင်ရရင် နံရိုးတစ်ချောင်းလျော့နေယ်လို့ထင်သူ
(၉) ကိုယ်မောပန်းတဲ့အချိန် စိတ်ညစ်တဲ့အချိန်မှာ ရင်ခွင်ထဲ ထွေးပွေ့ပြီး နှစ်သိမ့်တတ်သူ
(၁၀) ပျော်ရွှင်မှုတွေကို နွေးထွေးတဲ့အနမ်းနဲ့ မျှဝေပေးတတ်သလို စိတ်ညစ်ဝမ်းနည်းမှုတွေကို မျက်ရည်နဲ့အတူ ကိုယ့်ကို ရင်ဖွင့်တတ်သူ

Continue

၁။ ငါငိုရင် နင်မှားတယ်မမှားတယ်ဆိုတာကို ထားလိုက် ယောကျင်္ားလေးပီပီ အရင်လာချော့ပါ။

၂။ စက္ကန့်တိုင်း မင်းကို သတိရနေမှာမဟုတ်ပါဘူး။ မင်းနဲ့အတူတူလောက်ပါပဲ။

၃။ ကောင်လေးချောတာလေးတွေတွေ့ရင် ငါတို့လဲ ကြည့်ချင်တာပေါ့။

၄။ ငါမင်းကို ရစ်နေတယ် ရှုပ်နေတယ် ဆိုတာကလဲ မင်းကို ဂရုပိုစိုက်စေချင်လို့ပါ။

၅။ မင်းချမ်းသာဖို့မလိုပါဘူး။ ဒါပေမဲ့ ချမ်းသာတဲ့သူ ဖြစ်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်ရှိရင် လုံလောက်ပါပြီ။

၆။ တခါတလေ အပြင်သွားရင် သပ်သပ်ရပ်ရပ်လေးတော့ ၀တ်လာမှပေါ့။

၇။ ငါကလဲ အချောဆုံး အလှဆုံးမဟုတ်ပါဘူး။ ဒါပေမဲ့ ငါ့ကို လှတယ် ချစ်ဖို့ကောင်းတယ် နူးညံ့သိမ်မွေ့တယ်လို့ ပြောတာတော့ ကြားချင်တာပေါ့။

၈။ ငါဆံပင်ကေပြောင်းတာ၊ မျက်လုံးအရောင်ခြယ်တာ၊ ဆံပင်အရောင်ပြောင်းတာ၊ ဖိနပ်အသစ်ဝတ်တာတွေ ကို မင်း သတိထားမိစေချင်ပါတယ်။

၉။ အသိအမှတ်ဖြစ်တဲ့ရက် မွေးနေ့တွေကို မင်းသိရမယ်။

၁၀။ငါရဲ့ကိစ္စတွေအားလုံးကို မင်းကို ဝေမျှချင်တယ်။ ငါဘာကို လိမ်းထားတာအလှပြင်တဲ့အကြောင်းပြောရင် နားမလည်နေရင်တောင် နားထောင်စေချင်ပါတယ်။

၁၁။ တခါတလေ အိပ်ခါနီး ဖုန်းလေး တချက်လောက်ဆက်ပါလား။ ဖုန်းပြောပြီးမှ မင်းအိပ်သွားတာကလဲ ငါတို့ ကြည်နူးစရာပါ။

၁၂။ မင်းချောဖို့မလိုပါဘူး။ သန့်နေရင် သပ်သပ်ရပ်ရပ် နဲ့ ကိုယ့်စတိုင်လ်နဲ့ ကိုယ် နေပါ။

၁၃။ ငါလဲ ဒေါသထွက်တက်တာပေါ့။ အဲလိုဆိုရင် တလမှာ ၃ရက်လောက်တော့ ခွင့်လွတ်ပါ။

၁၄။ငါက မင်းလျှပ်စစ်ပစ္စည်းတွေအားလုံးကိုမင်းပြင်တတ်တယ် ကျွမ်းကျင်တယ်လို့ယူဆထားမယ်။ ဒါကလဲ မသိရင်တောင် သွားပြင်ဖို့ နေရာလေးတော့ လိုက်ပို့ပြီးအဆင်ပြေအောင် လုပ်ပေးပါဆိုတဲ့ သဘောပါ။ တနည်းပြောရရင် အားကိုးတာပေါ့။

၁၅။ တချို့တွေကို ငါလဲလုပ်တတ်ပါတယ်။ ဒါပေမဲ့ မင်းလုပ်ပေးတာကို လိုချင်လို့ပါ။

၁၆။မင်းဘယ်နေရာမှာ ဘယ်သူနဲ့ ဆိုတာတွေကို ဖုန်းဆက်ပြီးပြောပြပါ မင်းရဲ့အရိပ်လိုသိနေချင်ပါတယ်။ တဆင့်စကားကနေကြားရင် မိန်းကလေးဆိုတဲ့အတိုင်း အားငယ်တယ် စိတ်ဆိုးတတ်တယ် ပြီးရင် ၀မ်းနည်းနေမယ်။

၁၇။ ငါဖုန်းကို ဒီတိုင်းချလိုက်ရင် မင်းချက်ချင်းဖုန်းပြန်ဆက်ပါ......

၁၈။ မင်းဗိုက်ခေါက်ရှိတာကို ငါမပြောပါဘူး ဒါပေမဲ့ အရမ်းတော့ မဝစေနဲ့။ ငါ့ထက်လဲ မပိန်စေနဲ့။

၁၉။ ကြွက်သားတွေနဲ့ ဗလတွေနဲ့ က ခုခေတ်မိန်းကလေးတွေရဲ့အကြိုက်မဟုတ်ပါဘူး။ ရွံစရာကောင်းပါတယ်။

၂၀။ မင်းမှာ ဆိုးတဲ့အပေါင်းအဖော်တွေရှိရင် ငါ မပေါင်းစေချင်ပါဘူး။ သူတို့လို မင်းဆိုးမှာစိုးလို့ပါ။

၂၁။ ငါ့သူငယ်ချင်းတွေကို လဲ မင်းလက်ခံနိုင်အောင်ကြိုးစားပါ။

၂၂။ ငါထမင်းဟင်းတွေချက်ကျွေးရင် စားပဲမစားနဲ့ ကောင်းတယ်တော့ တခွန်းလောက်ပြောမှပေါ့။

၂၃။ စာရေးတာ ပုံဆွဲတာ အားကစားတခုခု သီချင်းဆိုတာ တို့ကို မင်းတခုလောက်တော့တတ်သင့်တယ်။ ဂိမ်းကစားတာမပါ။ တခုလောက်ကကျွမ်းကျင်နေပြီး ကျန်တာတွေကိုသိသင့်သလောက်သိရမယ်။

၂၄။ ငါ့အလုပ်ကို လေးစားရမယ်။

၂၅။ gentle man ဆိုတာအထက်စည်းကနေရမယ်လို့ မဆိုလိုဘူး။

၂၆။ နူးည့ံသိမ်မွေ့တယ်ဆိုပေမဲ့ ကိုယ်တိုင်ဆုံံးဖြတ်နိုင်တဲ့အရည်အချင်းရှိပါတယ်။

၂၇။ ငါထမင်းချက်ပြီးရင် ပန်းကန်ဆေးဖို့ပြင်ထားပါ။ ငါတံမြက်စည်းလှည်းပြီးရင် ကြမ်းတိုက်ဖို့ပြင်ထားပါ။

၂၈။ မင်းအလုပ်ကြိုးစားတာကို ငါသဘောကျတယ်။ ဒါပေမဲ့လဲ ငါ့ကိုတော့ အဖော်ပြုအုုံး။

၂၉။ ငါက ဘယ်ကို သွားမလဲလို့မေးရင် ကြိုက်တဲ့နေရာသွားလို့မပြောပါနဲ့။ အဲဒါကအလိုလိုက်တာမဟုတ်ဘူး ငါနဲ့ ချိန်းတွေ့တာ စိတ်မပါသလို ငါခံစားရလို့ပါ။

၃၀။ ငါကသာ ပိန်အောင်အစားလျော့မယ်လို့ပြောရင် ငါလုံးဝမဝဘူး အစားမလျော့နဲ့ မင်းလေးကိုချစ်နေမှာပါပဲ ဆိုတဲ့ စကားကို ကြားချင်လို့ပါ။

၃၁။ မိန်းကလေးသူငယ်ချင်းတွေကို ရင်းရင်းနှီးနှီးသိပ်မဆက်ဆံပါနဲ့။ ချစ်သူရှိကြောင်းပြောပြီး စည်းလေးတခုနဲ့နေပါ။ မိန်းကလေးတယောက်ကအရှက်သိက္ခာနဲ့ လူလုပ်နေတာပါ။

၃၂။ ငါမှာ ယောကျင်္ားလေးသူငယ်ချင်းတော့ရှိသင့်တာပေါ့။ မိန်းကလေးတွေက အချစ်နဲ့ ခင်မင်မှုကို စည်းနဲ့မဟုတ်ပါဘူး။ တံတိုင်းနဲ့ကို ခြားထားတာပါ။

၃၃။ ငါကတော့ မင်းနဲ့ သိတဲ့ မိန်းကလေးတွေအားလုံးကို အဘွားကြီး အဒေါ်ကြီး ဒါမှမဟုတ် ရုပ်ဆိုးတဲ့ ရွယ်တူကောင်မလေးပဲ ဖြစ်စေချင်တယ်။

၃၄။ မင်းရဲ့ အရင်ရည်းစားတွေအကြောင်းအားလုံးကို သိချင်တယ်။ အသေးစိတ်ကို သိချင်တာ။

၃၅။ ငါလဲ ရည်းစားဟောင်း အချစ်ဦး ကြိုက်ခဲ့တဲ့ မင်းသား ကိုတော့တခါတလေသတိရမိတာပေါ့။ ကလေးတုန်းကမို့ သတိရပြီး သဘောကျမိတာပါ။ ခု၊ နောင်ချစ်သွားမှာက မင်းကို လေ။

၃၆။ ငါတို့တွဲတာကြာပြီဆိုပေမဲ့ မထင်မှတ်တဲ့ surprise လေးတော့ မင်းဆီကလိုချင်တာပါပဲ။

၃၇။ ငါကို ချစ်တယ်လို့ ပြောပါ။ မပြောရင် မချစ်တော့ဘူးလားဆိုပြီး တွေးနေတတ်လို့ပါ။

၃၈။ လူတွေရဲ့အရှေ့မှာ မင်းငါ့ကို မအော်ပါနဲ့။ ငါလဲမင်းကို လေးစားမှာပါ။ မင်းရဲ့ သူငယ်ချင်းရှေ့မှာတောင် မင်းကို မျက်နှာပျက်အောင် မလုပ်ပါဘူး။

၃၉။ ငါလုပ်မှားသွားလို့ မင်းဆုံးမမယ် မင်းအော်မိမယ်ဆိုတာတွေ ထားပါ။ အရေးကြီးတာတော့ ပြီးသွားရင် အနမ်းလေးနဲ့တော့ ချော့ပါ။

၄၀။ ငါ့အတွက် မင်းနဲ့ပြည့်စုံနေပြီဆိုပေမဲ့ တခြားသူတွေကတော့ ငါ့ကို ပိုးပန်းနေကြမှာပဲ။

၄၁။ ငါစိတ်ဆိုးလို့ ငါ့ကိုနောက်လာမရှာနဲ့ ဖုန်းမဆက်တော့နဲ့လို့ပြောနေတာက မင်းကို လာရှာခိုင်းတာ ဖုန်းဆက်ခိုင်းတာပါ။

၄၂။ ငါမင်းဘေးမှာရှိတဲ့ မိန်းကလေးသူငယ်ချင်းတွေနဲ့ နှိုင်းယှဉ်တယ်ဆိုတာ ကငါကသူတို့ထက်မင်းကိုစိုးမိုးနိုင်တယ် မင်းကို ရင်ခုန်အောင် ငါပဲလုပ်နိုင်တာပါ။ ငါကလွဲလို့ ဘယ်သူကိုမှ မချစ်ဘူးဆိုတာကိုသိချင်နေလို့ပါ။

၄၃။ ငါစိတ်ဆိုးရင် ချက်ချင်းချော့ပါ။ အေးဆေးသွားဖို့ အချိန်မပေးပါနဲ့။ ငါအေးဆေးသွားဖို့ အချိန်တွေမလိုအပ်ပါဘူး။

၄၄။ ငါကြိုက်တယ်လို့ပြောတဲ့ ပစ္စည်းတွေကို အားလုံးဝယ်ပေးစရာမလိုပါဘူး။အမှတ်တရဖြစ်စေတဲ့နေ့တွေမှာ တခုနှစ်ခု လောက်ဝယ်ပေးရင် ကျေနပ်ပါတယ်။ မင်းစိတ်ထဲမှာ ငါ့အတွက်ရှိနေတာသိရင် လုံလောက်ပါတယ်။

၄၅။ ချစ်သူပြောရင်သေချာနားထောင် ဒီဘက်နားဝင် ဟိုဘက်နားထွက်တော့ မလုပ်ပါနဲ့။

၄၆။သူငယ်ချင်းတွေနဲ့ သွားပါ။ လည်ပါ။ တခါတခါတော့ ငါလဲ လိုက်ချင်တာပေါ့။မင်းရဲ့သူငယ်ချင်းတွေက ငါကမင်းရဲ့ ချစ်သူပါ ဆိုတာကို သိစေချင်တယ်လေ။

၄၇။ဒီသီချင်းအရမ်းကောင်းတယ်လို့ပြောတဲ့အချိန်မှာ စာသားလေးကို သတိထားပြီးနားထောင်ပေးပါ သီချင်းစာသားထဲမှာ ငါပြောချင်တဲ့ စကားလေးရှိနေလို့ပါ။

၄၈။ shopping ထွက်တာမိန်းကလေးတွေရဲ့သဘာဝပါ။ ဒါကို အပစ်မပြောပါနဲ့။ တခါတလေမှာ ငါ့ကို ခေါ်ပြီး လိုက်ဝယ်ပေးပါလား။

၄၉။ မင်းရဲ့မိဘရှေ့မှာ ငါအိမ်အလုပ်မလုပ်တတ်ဘူးလို့မပြောနဲ့။ လုပ်တတ်တယ်လဲမပြောပါနဲ့။

၅၀။ ဖြစ်သလို ဘယ်တော့မှ လက်ဆောင်မပေးပါနဲ့။

Continue

တစ်ခါက မုဆိုးကြီးတစ်ယောက်ဟာ သူ့သားကို အသိပညာတစ်ခုပေးချင်လို့ သူတောလိုက်သွားရာကို ခေါ်သွားသတဲ့။ တစ်နေရာလဲရောက်ရော တောင်ကမူလေးတစ်ခုမှာ ခွေးတစ်ကောင်က နေပူစာလှုံနေသတဲ့။ ဖခင်မုဆိုးကြီးက သူ့သားကို သေသေချာချာကြည့်ခိုင်းပြီး နေပူစာလှုံနေတဲ့ ခွေးကိုမထိစေပဲခွေးရဲ့ ဘေးနားရောက်အောင် ခဲလုံးတစ်လုံးနဲ့ ပစ်ပေါက်လိုက်တယ်။

ခွေးဟာ သူ့ဘေးနားကျလာတဲ့ ခဲလုံးကြောင့် လန့်ပြီး ငေါက်ကနဲ ထရပ်လိုက်တယ်။ ပြီးတော့ ဘာရယ်ညာရယ်မှန်း မသိပေမဲ့ (ခဲလုံးမှန်းတော့ သူသိတယ်) သူ့ကိုလာလန့်စေတဲ့ ခဲလုံးကို လိုက်ကိုက်နေတော့တယ်။ ခွေးဟာ ခဲလုံးကသူ့ကို လာလဲမထိဘူး၊ စားစရာလဲမဟုတ်ဘူးဆိုတာ သိသိကြီးနဲ့ ခဲလုံးကို ကိုက်နေတယ်။ ဒီမြင်ကွင်းကိုကြည့်ပြီး သားအဖနှစ်ယောက် ပြန်လာခဲ့ကြတယ်။

နောက်တစ်ပတ်လောက်နေတော့ ဖခင်မုဆိုးကြီးဟာ သူ့သားကိုခေါ်ပြီး တောထဲကို ထွက်လာခဲ့ပြန်တယ်။ ဒီတစ်ခါမှာတော့သူတို့ဟာ နေရာအချက်အချာကောင်းတဲ့ သစ်ပင်ပေါ်မှာနေရာယူကြတယ်။
သူတို့နေရာယူထားတဲ့ သစ်ပင်ရဲ့အရှေ့ဘက်မှာ ကျောက်ဂူတစ်ခုရှိတယ်။ ကျောက်ဂူဝမှာ ခြင်္သေ့တစ်ကောင် နေပူစာလှုံနေတယ်။ ဖခင်မုဆိုးကြီးက သူ့သားကို ငြိမ်ငြိမ်နေဖို့ ပြောပြီး ခြင်္သေ့ရဲ့ လက်နဲ့လည်ပင်းကြားထဲကို ခြင်္သေ့ကိုမထိစေပဲ မြှားတစ်စင်းပစ်လိုက်တယ်။ မြှားကလဲလိုရာနေရာကို ကွက်တိပဲ။ ခြင်္သေ့ရဲ့ လည်ပင်းနဲ့ လက်ကြားထဲသွားစိုက်တယ်။ စွပ်ခနဲလာစိုက်တဲ့မြှားကို ခြင်္သေ့ကဖျတ်ခနဲကြည့်ပါတယ်။ ဒါပေမဲ့ ခြင်္သေ့ကမြှားကို ဘာမှမလုပ်ပဲ လာစိုက်တဲ့မြှားကို သေသေချာချာကြည့်ပြီး ငြိမ်နေတယ်။ ခဏကြာတော့ မြှားလာရာလမ်းကြောင်းကို မျှော်ကြည့်တယ်။ ပြီးတော့ မြှားကိုတလှည့်၊ မြှားလာရာလမ်းကြောင်းကိုတလှည့် သေချာကြည့်တယ်။ မြှားတံကို ခြင်္သေ့ကဘာမှမလုပ်ပဲ မြှားလာရာလမ်းကြောင်းရဲ့ အဆုံးမှာရှိတဲ့

ရန်သူကို ရှာဖွေတိုက်ခိုက်ဖို့့ရာ တလှမ်းချင်းလှမ်းပြီး လျှောက်လာတယ်။

ဒါကြောင့် .......... ကိုယ့်ကို ခြောက်လှန့်ခံရတဲ့ခဲလုံးကို လိုက်ကိုက်တဲ့ ခွေး ၊

ကိုယ့်ကို ရန်ပြုလာတဲ့မြှားကို လျစ်လျူရှုပြီး မြှားလာရာလမ်းကြောင်းရဲ့ဟိုဘက်မှာရှိတဲ့ အဓိကရန်သူကို တိုက်ခိုက်တတ်တဲ့ ခြင်္သေ့ . . . .

ခွေးကတော့ ခွေးပါပဲ

ဒီလိုပဲ . . .

ခြင်္သေ့ကလဲ ခြင်္သေ့ပါပဲ

ဒါကြောင့်မို့လဲ ခြင်္သေ့ဆိုတာ တောဘုရင်ဖြစ်နေတာပေါ့။

လောကကြီးမှာလဲ ဒီလိုပါပဲ ...

ကိုယ့်ဆီရောက်လာတဲ့ ပြဿနာတွေကို အတင်းတွန်းထိုး တိုက်ခိုက်မှာလား

ပြဿနာရဲ့အစကိုရှာပြီး ပြေလည်အောင်ရှင်းမှာလား ဆိုပြီး

နစ်မျိုးကွဲ သွားပါတယ်။

အဲဒါကြောင့် ပြဿနာနဲ့တွေ့တိုင်း သင့်ကိုယ်သင် မေးကြည့်ပါ။

ငါဟာ ခြင်္သေ့လုပ်မှာလား / ခွေးလုပ်မှာလား

အဖြေရလာပါလိမ့်မယ်။

“ ပညာတတ် နဲ့ ပညာမဲ့ ၊ ဘာကွာမယ်ထင်လဲ ?

ဘာမှ မကွာဘူး

ခြေ၊ လက်၊ ခေါင်း အတူတူပဲ

တစ်ခုပဲကွာတယ်

ပြဿနာတစ်ခုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းတတ်တယ် ဆိုတာပဲ ”

Ref: Heng Lee Zen ရဲ့ Which One? ကို ဘာသာပြန်ဆိုပါသည်။

*
*** forever friend မှ ကူးယူဖေါ်ပြပါသည် ။ *

Continue

(၁) တကယ်လို့ ကိုယ့်ကိုအဖော်ပြုပေးသူမရှိတဲ့
အခါ တစ်ယောက်တည်း
သီချင်းနားထောင်ပါ၊ စာဖတ်ပါ၊ စာရေးပါ။ ဒါဟာ ကောင်းတဲ့အကျင့်ဖြစ်တယ်။

(၂) တကယ်လို့ တစ်ယောက်တည်း အထီးကျန်ဝမ်းနည်းတဲ့အခါ ထောင့်တစ်နေရာမှာ
ဒါမှမဟုတ် စောင်ခေါင်းမြီးခြုံပြီး ငိုလိုက်ပါ။ တခြားလူရဲ့နှစ်သိမ့်မှုတွေ
မလိုပါဘူး။ ငိုပြီးတာနဲ့ စိတ်တွေလန်းဆန်းလာလိမ့်မယ်။

(၃) စိတ်ထိခိုက်တဲ့အခါ ယုံကြည်ရတဲ့သူငယ်ချင်းကို ရင်ဖွင့်ပါ။
တစ်ယောက်တည်း စိတ်ညစ်စရာတွေကို ရင်ထဲသိုဝှက်ထားရင် ကိုယ့်ကိုယ်ပိုပြီး
စိတ်ထိခိုက်စေတယ်။

(၄) မပျော်ရွှင်တဲ့အချိန်မှာ ကောင်းကင်ပြာကို မော်ကြည့်ပါ။ ကြယ်တွေကို
ရေတွက်ပါ။ အပြောကျယ်တဲ့ကောင်းကင်မှာ ကိုယ်နဲ့သက်ဆိုင်တဲ့
အချစ်တစ်ခုတော့ရှိလိမ့်မယ်။ "ငါ မဆိုးဘူး" ဆိုပြီး ကိုယ့်ကိုယ်
ယုံကြည်မှုတစ်ခုတော့ပေးပါ။

(၅) မိသားစုအပါအဝင် ကိုယ်နှစ်သက်တဲ့သူရဲ့ မွေးနေ့ကိုမှတ်ထားပါ။
ကိုယ့်မွေးနေ့ကိုလည်း မှတ်ထားပါ။ မွေးနေ့မှာ လက်ဆောင်ပေးသူမရှိရင်
ဝမ်းမနည်းပါနဲ့။ လှပတဲ့လက်ဆောင်တွေဝယ်ပြီး အဖေ၊ အမေကို ပေးနိုင်ပါတယ်။

(၆) အားလပ်ချိန်မှာ ငြိမ့်ညောင်းတဲ့ သီချင်းလေးတွေ နားထောင်ပါ၊
စာကောင်းလေးတွေရှာဖတ်ပါ။ ခဏတာ အိပ်စက်ပါ။

(၇) အခုချိန်ကစပြီး ထက်မြက်သူဖြစ်ပါစေ။ ငါ့ကိုလွမ်းလား? ချစ်လားလို့
တစ်ဘက်သားကို သွားမမေ့ပါနဲ့။ တကယ်လို့ သူလွမ်းရင်၊ သူချစ်ရင်
သူဘာသာသူပြောလိမ့်မယ်။ ကိုယ်သွားမေးနေရင် သူဘဝင်မြင့်သွားလိမ့်မယ်။

(၈) ကိစ္စတချို့၊ လူတချို့ကြောင့် ကိုယ့်ကိုယ် သိပ်မရက်စက်မိစေနဲ့။ ဥပမာ-
ထမင်းမစားတာ၊ ငိုတာ၊ အခန်းအောင်းတာ၊ စိတ်အနှောင့်အယှက်ဖြစ်တာ... ဒါတွေက
လူနုံ့လူအတွေ လုပ်တဲ့အလုပ်ဖြစ်တယ်။ တစ်ခါတလေမှာ နုံ့အတာပဲ ကောင်းပါတယ်။

(၉) ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ြဖစ် သူတစ်ပါးနောက်ကွယ်မှာ
သူ့မကောင်းကြောင်း မပြောပါနဲ့။ ပြောခဲ့ရင်လည်း ကောင်းကြောင်းပဲပြောပါ။
မိတ်ဆွေတစ်ဦးပိုတာက ရန်သူတစ်ယောက်တိုးတာထက် ပိုကောင်းပါတယ်။

(၁ဝ) တစ်ခါတလေမှာ ကားပိုင်းဆက်တွေ ကြည့်လို့ရတယ်။ ဒါပေမယ့်
မှိန်းမသွားရဘူး။ တစ်ခါတလေမှာ ဆံပင်တွေ ရှုပ်ပွကြည့်လို့ရတယ်။ ဒါပေမယ့်
အချိန်အခါနဲ့ ကိုက်ညီရမယ်။ တစ်ခါတလေမှာ ညစ်ညစ်ပတ်ပတ်တွေ ဆဲကြည့်လို့ရတယ်။
ဒါပေမယ့် ကိုယ့်တစ်ယောက်တည်းရှိချိန် ဒါမှမဟုတ်
အရင်းဆုံးသူငယ်ချင်းရှေ့ဖြစ်ရမယ်။ ဆဲပြီးတာနဲ့
ကိုယ့်ကိုစိတ်ညစ်စေတဲ့အရာတွေ မေ့ပစ်နိုင်ရမယ်။

(၁၁) အတတ်နိုင်ဆုံး လူတွေနဲ့မငြင်းခုန်မိအောင် ကြိုးစားပါ။
ဒေါသထွက်နေသူတစ်ယောက်က ကိုယ့်ခံစားချက်ကိုမထိန်းနိုင်တဲ့
အရူးတစ်ယောက်နဲ့တူပြီး အရမ်းကြောက်ဖို့ကောင်းပါတယ်။ သည်းခံပြီး
ပြဿနာရင်းမြစ်ကိုရှာပါ။ စိတ်တွေတည်ငြိမ်ချိန်မှ ဖြေရှင်းပါ။

ချစ်ဖို့မလောနဲ့ အချိန်ပေးပါ

ချစ်သူရည်းစားဖြစ်ပြီးတဲ့လူနှစ်ဦးက ကိုယ်ဟာသူ့ရင်ထဲကချစ်သူ
ဟုတ်မဟုတ်ဆိုတာကိုသိဖို့ အချိန်တအောင့်လောက် လိုအပ်တယ်။
အဲဒီအချိန်တအောင့်က နှစ်ချီကြာနိုင်သလို တချို့က တစ်သက်၊ တစ်ဘဝအချိန်ကို
အသုံးပြုပြီးမှ တစ်ဘက်သားကို နားလည်ကြရတယ်။

အကြံ(၁)

pheromone နည်းနည်းလျော့ပါ အသိဉာဏ်များများပိုပါ

ချစ်နေချိန်မှာ မျက်စိနဲ့ သေချာလေ့လာရတဲ့အပြင် ရုပ်ပိုင်းဆိုင်ရာကိုလည်း
ကိုက်ညှိကြည့်ဖို့ လိုအပ်တယ်။ ချစ်စမှာ လူတွေက မျက်ကန်းဆန်ပြီး
တစ်ဘက်သားကို အကောင်းပဲမြင်တတ်ကြတယ်။ ဒါတွေက ချစ်နေချိန်မှာ
လူ့ခန္ဓာကထွက်တဲ့ pheromoneကြောင့် မျက်ကန်းဆန်စေတာဖြစ်တယ်။ pheromone
ကြောင့် ချစ်နေချိန်မှာ တစ်ဘက်သားရဲ့အလှ၊ အကောင်းကိုပဲမြင်ခဲ့တယ်။
ဒါကြောင့် "အချစ်မှာမျက်စိမရှိ"ဆိုတဲ့ စကားပေါ်လာခဲ့တာဖြစ်တယ်။

ချစ်သူဖြစ်ပြီး သက်တမ်းအနည်းငယ်အကြာမှာ pheromoneက ပုံမှန်အနေအထားကို
ပြန်ရောက်သွားတယ်။ ဒီလိုအနေအထားဖြစ်ဖို့ နှစ်ဝက်ကျော်လောက် ကြာတတ်တယ်။
အဲဒီအချိန်ကျရင် တစ်ဘက်သားကို ကိုယ်တစ်ကယ်ချစ်မချစ်၊
သင့်မသင့်တော်ဆိုတာကို လေ့လာဆန်းစစ်နိုင်တယ်။ ဒါပေမယ့် တချို့ချစ်သူတွေက
နှစ်ဝက်တောင်မခံဘဲ pheromone လျော့နည်းချိန်မှာ လမ်းခွဲကြရတယ်။ ဒါကြောင့်
အချစ်မှာ ချစ်ဖို့ သံစဉ်တွေလိုအပ်တယ်။ ချစ်စမှာ ဖြေးဖြေးချင်းနဲ့
ချစ်သံစဉ်တွေ အဆုံးထိ တီးခတ်သီဆိုနိုင်ဖို့ လိုအပ်တယ်။ ဒါမှမဟုတ်ရင်
လှပတဲ့သီချင်းတစ်ပုဒ်က သံစဉ်ကြောင့်ပျက်သွားနိုင်တယ်။

အကြံ (၂)

သူနဲ့မတူချင်ရင် သူ့ကိုမချစ်ပါနဲ့

ချစ်နေချိန်မှာ အချင်းချင်း တူညီသက်ရောက်နိုင်ဖို့ တစ်ဘက်သားကအရေးပါတယ်။
တစ်ဘက်သားရဲ့ အပြောအဆို၊ နှစ်သက်တဲ့အစားအသောက်တွေကို မသိမသာနဲ့
ကိုယ်သင်ယူမိတတ်တယ်။ နောက်ဆုံးမှာ ရုပ်ပါဖြေးဖြေးဆင်လာတာကို တွေ့ရတယ်။
ဒါကြောင့် အခုချိန်မှာ ကိုယ်ဟာ "ကိုယ်နဲ့မတူချင်တဲ့ လူတစ်ယောက်"နဲ့
ချစ်သူဖြစ်နေခဲ့ရင် ခဏလောက်တော့ ကိုယ့်ကိုယ်ဆန်းစစ်ကြည့်သင့်တယ်။ သူ့ကို
ကိုယ်တကယ်ချစ်သလား?

တစ်ကြိမ်မှာတော့ ဇီဇာကြောင်တဲ့လူတစ်ယောက်နဲ့ ကျွန်မချစ်သူဖြစ်ခဲ့ဖူးတယ်။
သူနဲ့ နိုင်ငံခြားအတူ သွားလည်တဲ့အခေါက် မိတ်ဆွေတစ်ဦးအိမ်မှာ
ကျွန်မတို့ထမင်းအတူစားခဲ့ကြတယ်။ ထမင်းစားပြီးနောက် သူကမျက်ရိပ်နဲ့
ကျွန်မကို ပန်းကန်ဆေးကူသင့်ကြောင်းပြတယ်။ မိတ်ဆွေအိမ်မှာ
ပန်းကန်ဆေးစက်ရှိပေမယ့် ကျွန်မရဲ့အကျင့်က
သူတစ်ပါးဂရုစိုက်စောင့်ကြည့်တာမျိုးကို နှစ်သက်တာကြောင့် သူ့စိတ်ကြိုက်
ပန်းကန်တွေအများကြီးဆေးခဲ့ဖူးတယ်။ ဒါနဲ့တင် သူကမကျေနပ်ခဲ့ဘူး။
အဲဒီခရီးမှာ ကျွန်မတို့ အကြိမ်ကြိမ်ငြင်းခုန်ခဲ့ကြရတယ်။ ခရီးတစ်လျှောက်
တင်းမာနေတဲ့ သူ့မျက်ရိပ်မျက်ကဲကိုပဲ ကျွန်မကြောက်ကြောက်ရွံ့ရွ့ံ
ကြည့်ခဲ့ရတယ်။ ကိုယ့်နိုင်ငံပြန်ရောက်တာနဲ့ သူ့ကိုဖြတ်ပစ်မယ်လို့
စိတ်ထဲမှာတိတ်တိတ်လေး ကျွန်မဆုံးဖြတ်လိုက်တယ်။
သူရဲ့ချစ်သူမဖြစ်ချင်တော့တဲ့အြပင် သူ့ကိုကျွန်မကြည့်လည်း
မကြည့်ချင်ခဲ့တော့ဘူး။

အဲဒီတစ်ခေါက်မှာ အချစ်ကို စိတ်အစွဲအလမ်းနဲ့ပဲ ချစ်လို့မရမှန်း
ကျွန်မသိလိုက်ရတယ်။ "ခရီးဝေးမှ မြင်းရဲ့ခံနိုင်အားကိုသိတယ်။
ပေါင်းသင်းတာကြာမှာ လူ့စိတ်ကိုသိတယ်" ဆိုသလိုမျိုး
သူ့စိတ်ကိုလုံးလုံးသိပြီး သူနဲ့မတူချင်ခဲ့ရင် စောစောစီးစီး
လမ်းခွဲလိုက်ကြတာပိုကောင်းတယ်။ တကယ်လို့ သူ့ရဲ့အလေ့အထကို သိပြီးသည့်တိုင်
သူ့ကိုဆက်ချစ်နေသေးတယ်ဆိုရင် သူဟာ ကိုယ်တကယ်ပေးဆပ်သင့်သူဖြစ်ခဲ့ပါတယ်။

အကြံ (၃)

အခက်အခဲကြံုချိန်မှ အချစ်ရဲ့ရုပ်ပုံစစ်ကို မြင်ရတယ်

အချစ်ခရီးလမ်းက နေရောင်ခြည်ပဲ ထွန်းတောက်နေမှာမဟုတ်ပါဘူး။ တစ်ခါတလေ
မတော်တဆတွေနဲ့လည်း ကြံုရတတ်တယ်။ ဒါဟာ အချစ်ကိုစမ်းသပ်တဲ့ အကောင်းဆုံး
အခွင့်အရေးဖြစ်တယ်။ မိသားစုဝင် တစ်ယောက်ယောက် ဆေးရုံတက်ရတယ် ဒါမှမဟုတ်
ကုမ္ပဏီက ရုတ်တရက် အရေးအကြောင်းရှိလာတယ် ဒီလိုမတော်တဆတွေက
အချစ်ကိုသက်ရောက်စေတတ်တယ်။ ဒီလိုအခက်အခဲကြံုချိန်
အမြဲတွေ့နေကြချစ်သူနှစ်ဦးက ခေတ္တခဏတော့ ခွဲကြရတယ်။ ဒီလိုအချိန်မှာ
ကိုယ့်ရဲ့လိုအပ်မှုကို ချစ်သူက ဘယ်လိုအကူအညီပေးသလဲ! အကြံပေးသလဲ! ဒါတွေက
ချစ်သူနှစ်ဦးရဲ့အနာဂတ်အတွက် အဆုံးအဖြတ်ပေးတတ်တယ်။

မတော်တဆဖြစ်ချိန် ကိုယ့်ကိစ္စကို သူ့ကိစ္စလိုသဘောထားပြီး
ကူညီဖြေရှင်းပေးတဲ့ချစ်သူ၊ ကိုယ့်လုံခြံုမှု၊ ကိုယ့်ပျော်ရွှင်မှုကို
ရှေ့တန်းတင်တတ်တဲ့ချစ်သူမျိုးကို ကျွန်မတို့က ယုံယုံကြည်ကြည်နဲ့
ချစ်သင့်ပါတယ်။ ချစ်ရတာလည်း တန်ပါတယ်။

တကယ်လို့ မတော်တဆဖြစ်ချိန် အလုပ်များတာကိုအကြောင်းပြပြီး
ကိုယ့်ကိုရှောင်ဖယ်တတ်တဲ့ချစ်သူ၊ အရာအားလုံးပြီးငြိမ်းမှ
"အဆင်ပြေလား?"ဆိုပြီး ကိုယ့်ဆီပြန်လာတတ်တဲ့ ချစ်သူမျိုးကိုတော့
ချစ်ရတာမထိုက်တန်ပါဘူး။

အကြံ (၄)

ပြောင်းလဲဖို့ အချိန်ပေးပါ

အချစ်ကိုစွန့်ခွါချိန် အလျှင်စလိုမလုပ်ဘဲ ပြောင်းလဲဖို့
သူ့ကိုအချိန်ပေးသင့်ပါတယ်။ အခုချိန် သူ့ဆီမှာ အားနည်းချက်တွေ
တပုံကြီးရှိတယ်ဆိုပေမယ့် ပြောင်းလဲပြုပြင်ဖို့ သူကိုယ်တိုင်
သင်ယူလိုစိတ်ရှိတယ်ဆိုရင် သူဟာ ကိုယ့်အတွက်အဖော်ကောင်းတစ်ယောက်
ဖြစ်နိုင်ပါတယ်။ ကျွန်မအဖေလိုမျိုး နုရွယ်စဉ်မှာ ဗွေရှုပ်ခဲ့တယ်။
အသက်ကြီးလာတော့ အိမ်အတွက်၊ မိသားစုအတွက် တစ်လျှောက်လုံး
ပေးဆပ်လာခဲ့တဲ့အမေကိုကြည့်ပြီး သူလည်းပြောင်းလဲလာခဲ့တယ်။
အမေကိုပြန်ပေးဆပ်တတ်ဖို့ သူသင်ယူခဲ့တယ်။ ဘဝတစ်လျှောက်မှာ သားသမီး၊
လင်ယောက်ျားအတွက် အရာရာကို ပေးဆပ်စတေးခံခဲ့တဲ့အမေက နောက်ဆုံးမှ
ကိုယ့်ကိုဂရုစိုက်တတ်တဲ့ လင်ကောင်းတစ်ယောက်ကိုရခဲ့တယ်။
သူ့ဘဝနောက်ဆုံးအချိန်အတွက် အဖော်ကောင်းဖြစ်ခဲ့တယ်။ အဖေ့အပေါ်ထားတဲ့
အမေရဲ့အချစ်က အမြစ်တွယ်ခိုင်မြဲခဲ့တယ်။ ငြင်းခုန်မှုတွေ
မပြတ်ရှိခဲ့တယ်ဆိုပေမယ့် အမေမတုန်လှုပ်ခဲ့ဘူး။ အမေအတွက်
တဘက်သားရဲ့အချစ်ကို နားလည်ဖို့ သူ့တစ်သက်အချိန်ယူခဲ့ရတယ်....။

Continue

၁၉၉၃ ခု ဇွန်လတွင်ထုတ်ဝေသော အမေရိကန် မဂ္ဂဇင်း တစ်စောင်တွင် အမ္မက်ကရိုဇီယာ ရေးသားသော `အိမ်ထောင်များ အဘယ့်ကြောင့်ပျက်ရသနည်း`ဆောင်းပါးတစ်စောင်ပါရှိလေသည်။ အောက်ပါမေးခွန်းတို့သည် ထိုဆောင်းပါးမှ ကောက်နုတ်၍ ဖော်ပြလိုက်ချင်း ဖြစ်ပါသည်။ ထိုမေးခွန်းများ ကို သင်ကိုယ်တိုင်ဖြေဆိုနိုင် အကျိုးရှိပေလိမ့်မည်။ `ဟုတ်ကဲ့` ဟု ဖြေနိုင်သော အဖြေတိုင်းကို အမှတ် ၁၀ မှတ်ပေးပါ။ အားလုံးကို ဖြေပြီးလျှင် သင်အမှတ်မည်မျှရသည်ကို တွက်ကြည့်ပါလေ။

ယောက်ျားများအတွက်

၁။ သင်သည် သင်၏ မိန်းမကို မညားမီအခါက ဂရုစိုက်ခဲ့သကဲ့သို့ ယခုတိုင် ပန်းကလေးက အစ လက်ဆောင်ကလေးအစ
ပေးလျက်ရှိပါသေးသလား။ မညားမီကကဲ့သို့ သင်၏ မိန်းမအပေါ်တွင် ကြင်ကြင်နာနာနှင့် ယုယ ထွေးပိုက်ခြင်းရှိပါသေးရဲ့လား။

၂။ အခြားလူများရှေ့တွင် သင့်မိန်းမကို ပြစ်တင် ဆူပူကြိမ်းမောင်းခြင်း မျိုးမှ အထူဂရုစိုက်ကာ ရှောင်ရှားပါရဲ့လား။

၃။ သူ သဘောကျ သလို သုံးစွဲနိုင်ရန် သင့်မိန်းကို အိမ်စရိတ် အပြင် ငွေပိုများ ပေးပါရဲ့ လား။

၄။ သင့်မိန်းမ၏ လိုအင်ဆန္ဒတို့ကို ကောင်းစွာ သိရှိအောင် သင်ကြိုးစားပါရဲ့လား။ သင့်မိန်းမသည် ပင်ပန်းနွမ်းလျက်ရှိသောအခါ ၌ လည်းကောင်း၊ စိတ်မအီမသာ ဖြစ်နေသောအခါ ၌ လည်းကောင်း သင်သည် သင့်မိန်းမကို အကူအညီပေးပါရဲ့လား။

၅။ သင်သည် သင်ရသော အားလပ်ချိန်ကို တစ်ဝက်ခွဲ ၍ သင့်မိန်းမနှင့် အတူတူ ကြည်ဖြူစွာ နေထိုင်ပါရဲ့လား။

၆။ သင့်မိန်းမ ၏ အချက်အပြုတ်နှင့် အိမ်ထောင်ထိန်းသိမ်းမှုသည် သင်၏ မိခင် (သို့) ကိုဖြူ့ ၏ မိန်းမ အချက်အပြုတ်
အိမ်ထောင်ထိန်းသိမ်း မှု့ထက် ညံ့သည်ဟု မပြောပဲ ပို၍ကောင်းသည် ဟု အလိမ္မာဖက်ကာ ယှဉ်ပြပါရဲ့လား။

၇။ သင်မိန်းမ ဖတ်ကြားသောစာအုပ်များ သင့်မိန်းမ၏ အပေါင်းအဖော်များ မြို့ရွာအရေး နှင့် စပ်လျှင်း ၍ သင့်မိန်းမ၏ ယူဆချက်များပေါတွင် သင်သည် အသေအချာ စိတ်ဝင်စားပါရဲ့ လား။

၈။ သင်သည် သဝန်ကြောင်သောစကားမျိုးကို မသုံးပဲနှင့် သင့်မိန်းမအား အခြားယောက်ျားများနှင့် စကားပြေဆိုသည်ကို လည်းကောင်း၊ မိတ်ဆွေတို့၏ ဘာဝ ဂရုတစိုက်ပြုသည်ကိုလည်းကောင်း ခွင့်ပြုနိုင်ပါရဲ့လား။

၉။ အခွင့်အလမ်းများပေါ်တိုင်း သင့်မိန်းမကို ချီးကျူးရန်နှင့် မြှောက်စားရန် သင့်မှာ အသင့်ရှိပါရဲ့လား။

၁၀။ သင့်အင်္ကျီ ကြယ်သီးပြုတ်နေသည်ကို ပြန်တပ်ပေးခြင်း၊ သင့်ခြေအိတ်ပေါက်နေသည်ကို ဖားပေးခြင်း၊ သင့်အဝတ်အစားများလျှော်ဖွတ်ပြေး
ခင်း စသောအလုပ်လေးများအတွက် သင်သည် သင့်မိန်းမအား ကျေးဇူးတင်စကားပြောပါရဲ့လား။

မိန်းမများအတွက်

၁။ သင့်ယောက်ျား၏ အလုပ်တွင် ၀င်မစွက်ပဲ သီးသန့်နေပါရဲ့လား၊ သူ့အပေါင်းသင်းများကို ဘယ်သူနဲ့ မပေါင်းပါနဲ့၊ ဘယ်သူဟာ
လူရှုပ်ပဲ အစရှိသဖြင့် အပြစ်ပြောခြင်း၊ သူ့အလုပ်လက်ထောက်ကို ခန့်ထားရာ၌ ၀င်ရောက်ပြောဆိုခြင်း၊ သူသွားရောက်လည်ပတ်ရာ၌ ဆူပူခြင်းများမှ ကင်းလွတ်ပါရဲ့လား။

၂။ သင့်နေအိမ်နှင့် တကွ သင့်အပေါတွင် သင့်ယောက်ျားသည် စိတ်ဝင်စားအောင် သင်သည် အစွမ်းကုန် ကြိုးစားပါရဲ့လား။

၃။ ယနေ့တော့ ဟိုဟင်းကြီးစားရအုံးမှာပဲ ဟူ၍ စိတ်ထဲမှာ မတွေးနိုင်အောင် စားဖွယ်သောက်ဖွယ် အမျိုးမျိုးတို့ကို သင်ကိုယ်တိုင် စီမံ၍ သင့်ယောက်ျားအား ချက်ပြုတ်ကျွေးမွေးပါရဲ့လား။

၄။ သင့်ယောက်ျားသည် သူ့အလုပ်အတွက် သင့်ထံမှ အကူအညီလိုချင်ခဲ့ပါလျှင် အကူအညီပေးနိုင်အောင် သင့်ယောက်ျား၏ အလုပ်အေကြောင်းကို သင့်လေ့လာပါရဲ့လား။

၅။ စီးပွားပျက်သောအခါ ဘယ်သူတွေလုပ်လိုက်တာ ဘယ်လိုချမ်းသာသွားတာပဲ၊ သူ့လုပ်ပုံကို ကဒီလိုဖြစ်မှာပေါ့ အစရှိသဖြင့် သင့်ယောက်ျားကို ဆူပူခြင်း မလုပ်ပဲ အေးအတူ ပူအမျှ ခံနိုင်သော သတ္တိ သင့်မှာ ရှိပါရဲ့လား။

၆။ သင့်ယောက်ျား၏ မိခင်နှင့်သော်လည်းကောင်း၊ ဆွေမျိုး ဉာတိများနှင့် သော်လည်းကောင်း၊ သင့်တင့်ညီညွတ်စွာ ပေါင်းသင်းဆက်ဆံနိုင်ရန်
ကြိုးစားပါရဲ့လား။

၇။ အဝတ်အစားဝတ်ရာ၌ လည်းကောင်း သင့်ယောက်ျား မကြိုက်သော အဆင်နှင့် အဝတ်အစားများကို ရှောင်ရှားပြီးလျှင်
သင့်ယောက်ျးကြိုက်သော အဆင်နှင့် အဝတ်အစားများကို ၀တ်ဆင်ပါရဲ့လား။

၈။ လင်မယားခြင်း သင့်မြတ်စွာပေါင်းသင်း ဆက်ဆံနိုင်ရန်အတွက် အနည်းငယ် သဘောကွဲလွဲချက်များကို သင်သည် လျှော့ပေးပါရဲ့လား။

၉။ သင့်ယောက်ျားနှင့် အားလပ်ချိန်များတွင် အတူတူ နေနိုင်ရန် သင့်ယောက်ျား ၀ါသနာပါသော အားကစားများကို သင်ကြားထားပါရဲ့လား။

၁၀။ သင့်ယောက်ျား၏ ပါရမီကို ကူညီသောအားဖြင့် နေ့စဉ် သတင်ထူး၊ စာအုပ်များ အကြံသစ်များကို သင်ကိုယ်တိုင်စုဆောင်ပေးပါရဲ့လား။

တိုက်တွန်းချက်

အိမ်ထောင်သည် ယောက်ျားတိုင်း မိန်းမတိုင်း အထက်ပါမေးခွန်းများ အနက် မိမိတို့နှင့်ဆိုင်ရာ မေးခွန်းများကို ဖြေပြီးလျှင် အမှတ် ၁၀၀ မရမချင်း မလျှော့သော လုံ့လဖြင့် အမှတ် ၁၀၀ ရနိုင်အောင်း ကြိုးစားကြပါစေသတည်း။
From Fwd mail

Continue

ကျွန်တော့်အိမ်ခန်းထဲ ကြွက်တစ်ကောင်ဝင်နေတယ်။ ကြွက်က ကြွက်သတ်ဆေးလည်း မစားသလို၊ ထောင်ချောက်နဲ့လည်း ဖမ်းမရဘူး။ ကြွက်က တော်တော်လည်တဲ့ကြွက်လို့ ထင်တယ်။ ညညဆိုလည်း သောင်းကျန်လိုက်တာ ကျွန်တော်ကောင်းကောင်း အိပ်မရဘူး။ ဒါနဲ့ ကြွက်ဖမ်းဖို့ ကြွက်ရဲ့လှုပ်ရှားသွားလာမှုတွေကို ကျွန်တော် လေ့လာရတော့တယ်။ ရက်အနည်းငယ်ကြာ လေ့လာပြီးနောက် ကြွက်ဟာ အိမ်ခန်းထဲကို ပြတင်းပေါက်ကတစ်ဆင့် ဝင်လာတယ်ဆိုတာကို ကျွန်တော်သတိထားမိလိုက်တယ်။ ပြတင်းပေါက်က ခြင်ဇကာကို ကိုက်ဖြတ်ပြီး မှောင်စပျိုးတာနဲ့ ကျွန်တော့်အခန်းထဲ သူဝင်လာတယ်။ မိုးလင်းတာနဲ့ သူပြန်ထွက်သွားတယ်။

မိတ်ဆွေတစ်ဦးကို ကျွန်တော့်အကြောင်းပြောပြတော့ သူကရယ်ပြီး "ဒါ လွယ်လွယ်လေးပါ.. ကြွက်ဖောက်ထားတဲ့အပေါက်ကို စက္ကူတစ်ချပ်နဲ့ ကပ်ထားလိုက်ရုံပဲ"လို့ အကြံပေးတယ်။ သူ့အပြောကို သိပ်ယုံကြည်ပုံမပေါက်တဲ့ ကျွန်တော့်ကိုကြည့်ပြီးသူက "တကယ်ပြောတာ စမ်းလုပ်ကြည့်လိုက်ပါ" လို့ပြောတယ်။

မိတ်ဆွေရဲ့အကြံအတိုင်း ကျွန်တော်လုပ်ကြည့်လိုက်တယ်။ ဒါပေမယ့် စိတ်ထဲမှာ သိပ်ဘဝင်မကျခဲ့ဘူး။ မှောင်စပျိုးတာနဲ့ ကျွန်တော်စောင့်ကြည့်မိတယ်။ ပါးလျတဲ့စက္ကူတစ်ချပ်က ပါးနပ်တဲ့ကြွက်တစ်ကောင်ကို တားနိုင်ပါ့မလား? တကယ်လည်း အခြေအနေက
ထူးခြားခဲ့တယ်။ ပြတင်းပေါက်အပြင်က ကြွက်ဟာ အထဲကိုဝင်မရလို့ စိတ်လှုပ်လှုပ်ရှားရှားဖြစ်ပြီး ဂနာမငြိမ်ဖြစ်နေတယ်။ တကယ်တော့
လက်သည်းလေးတစ်ချက် ကုပ်လိုက်တာနဲ့၊ ခေါင်းနဲ့သာသာလေး တိုးလိုက်ရုံနဲ့ စက္ကူဗြဲပြီး အထဲကိုသူဝင်နိုင်ပါတယ်။ ဒါပေမယ့် ကြွက်ကအဲဒီလို မလုပ်ခဲ့ဘူး။ သွားနဲ့ပဲ ကိုက်ဖြတ်တတ်တဲ့သူ့အကျင့်က ပြောင်ချောချောစက္ကူကို မကိုက်ဖြတ်တတ်ခဲ့ဘူး။ စက္ကူလေးတစ်ချပ်ကြောင့် သူ့ရဲ့ ပါးနပ်မှုတွေ အသုံးမဝင်တော့တာ တကယ့်အံ့သြစရာပါပဲ။

နောက်ပိုင်းမှာ ကျွန်တော့်အိမ်ခန်းထဲ အဲဒီကြွက် ထပ်ဝင်မလာခဲ့တော့ဘူး။ စက္ကူတစ်ချပ်နဲ့ သူတားဆီး ခံလိုက်ရတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး "ဘာကြောင့်"ဆိုတဲ့မေးခွန်းက ကျွန်တော်ကို အချိန်တော်တော်ကြာ နှိပ်စက်ခဲ့တယ်။

နောက်ဆုံးမှာ တစ်သတ်မှတ်တွေးတောမှုကြောင့်ဆိုတာကို ကျွန်တော်သဘောပေါက် နားလည်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အခက်အခဲ၊ အတားအဆီးတွေဟာ ကြွက်ကိုတားဆီးထားတဲ့ စက္ကူချပ်လိုပါပဲ။ အခက်အခဲ၊ အတားအဆီးနဲ့ကြုံတဲ့အခါ တစ်သတ်မှတ်အတွေးတွေကို ကျွန်တော်တို့ လှည့်ပြောင်းပေးခဲ့မယ်ဆိုရင် ကြံစည်မှုအသစ်တွေနဲ့ စက္ကူကို အလွယ်တကူ ဆုတ်ဖြဲနိုင်မှာ အသေအချာဖြစ်ပါတယ်။

မူရင်းရေးသားသူ - - Xi Wan (Nan Shan ညနေသတင်းစာထဲက ကောက်နှုတ်ထားတာဖြစ်ပါတယ်)
From Fwd mail

Continue







Continue

I don't know if you're pushing me away or pulling me close,
I don't know where I stand
I don't know what you want from me
Or if you care at all

Your word lash out and hurt
then lovingly draw me in
I don't know what you want from me
do you want this to end

Don't turn tables
or place this on me
just come out and tell me
what do you want

I can't read minds
I don't know where I stand
Are you pushing me away
or are you going to finally let me in...

Continue

Never ignore a person who
loves you...
care for you ...and
misses you ...because
One day you may wake up
from your sleep and realize that
you have lost the moon while
counting stars....!!!

Continue

why u leave me alone,,in that dark room?
i really don't know ,,,i only a simple human
i don't know how is ur mind
i don't know when i come in and when i come out
why u leave me,,in that room?
don't u really know what i feel?
don't you know how much i love u?
don't you know when i need u?
why u leave me,,in that room
i can tell that men in the world cannot love u just like me
i can tell that men in the world cannot care u just like me
i can tell that men in the world cannot miss u just like me
why u leave me ,,???
i cann't stand a little such that
for me this days so long to pass
pls come and look at me one glance

Continue




Continue

Continue

Microsoft opens a new restaurant
Customer: Waiter!

Waiter: Hi, my name is Bill and I'll be your support staff. May I please have your telephone number, and address? Your visit may be monitored for training purposes. Now, please tell me your problem.
Customer: There's a fly in my soup!

Waiter: Please exit the restaurant and re-enter through the front entrance. Is the fly still there?
Customer: Yes, the fly is still in my soup

Waiter: Maybe it's the way you're using the spoon. Try ladling with the other hand
Customer: Whichever hand I use to spoon the soup, the fly is still there.

Waiter: Maybe the soup is incompatible with the bowl; what kind of bowl are you using?
Customer: A SOUP bowl!

Waiter: It looks like a configuration problem; how was the bowl set up?
Customer: Your colleague brought the bowl on a saucer; what has that to do with the fly in my soup?

Waiter: What was the last thing you did before you noticed the fly in your soup?
Customer: I sat down and ordered the Soup of the Day!

Waiter: Have you considered upgrading to the latest Soup of the Day?
Customer: You have more than one Soup of the Day?

Waiter: Yes, the Soup of the Day is changed every 10 minutes.
Customer: Well, what is the Soup of the Day now?

Waiter: The current Soup of the Day is mushroom.
Customer: OK , I’ll try the mushroom soup

Waiter: Here is your soup of the day.
Customer: This is celery soup.

Waiter: Yes, the mushroom soup is still in beta testing.

Microsoft မှ restaurant တစ်ခုဖွင့်ပါသည်။
စားသုံးသူ။ ။စားပွဲထိုး
စားပွဲထိုး။ ။ဟိုင်း ၊ ကျွန်တော်နံမည်က ဘီလ်ပါ ၊သင့်ရဲ့အကျိုးဆောင်ဖို့ အသင့်ပါ ၊သင့်ရဲ့ တယ်လီဖုန်းနံပါတ်နဲ့ လိပ်စာပေးလို့ရမလားမသိဘူး၊ ကျွန်တော်အထင်က သင်ပြသနာတစ်ခုကြောင့်လာတယ်လို့ ထင်ပါတယ် ၊ဘာပြသနာလဲဆိုတာပြောပြလို့ရမလား
စားသုံးသူ။ ။စွပ်ပြုတ်ထဲကို ယင်ကောင်ကျနေတယ်။
စားပွဲထိုး။ ။restaurant ရဲ့အပြင်ထွက်ပြီး နောက်တခေါက်ပြန်ဝင်ကြည့်ပါ ။ ရှိသေးလားလို့ ။
စားသုံးသူ။ ။ရှိတုန်ပဲ။
စားပွဲထိုး။ ။ဒါဆို သင့်ရဲ့ ဇွန်းအသုံးပြုပုံ မမှန်ကန်လို့နဲ့တူတယ်၊ တခြားလက်နဲ့ပြောင်းကိုင်ကြည့်ပါလား။
စားသုံးသူ။ ။လက်ပြောင်းသုံးလဲ ယင်ကောင်ကရှိတုန်းပဲ။
စားပွဲထိုး။ ။အင်း ဒါဆို စွပ်ပြုတ်နဲ့ အခု ပန်းကန်လုံးနဲ့ အဆင်မပြေ လို့ဖြစ်မယ် ။ဘယ်အမျိုးအစားသုံးလဲ။
စားသုံးသူ။ ။ဟာ....ဒီမှာ စွပ်ပြုတ် ပန်းကန်ပဲလေ။
စားပွဲထိုး။ ။အဲဒါဆို အထွေထွေ configuration setting မမှန်လို့နဲ့တူတယ်။ set up ဘယ်လိုလုပ်ထားလဲ။
စားသုံးသူ။ ။သိဘူးလေ၊ မင်းတပည့်ယူလားတာပဲ၊ ပန်းကန်ပေါ်တင်ပြီး.၊ ဘာလုပ်လိုက်လို့ ယင်ကောင်ဝင်သလဲ မသိဘူး။
စားပွဲထိုး။ ။သင် စွပ်ပြုတ်ထဲမှာ ယင်ကောင်ကိုမတွေ့ ခင်လေး ဘာတွေများလုပ်မိသေးသလဲ။
စားသုံးသူ။ ။ဒီမှာထိုင်တယ် ၊ ဒီနေ့ရဲ့ပင်တိုင်စွပ်ပြုတ်ကိုမှာတယ်။
စားပွဲထိုး။ ။ဒီနေ့ရဲ့ last update စွပ်ပြုတ်ကိုသိလား။
စားသုံးသူ။ ။ဟ..တစ်နေ့ထဲမှာ ဘယ်နှမျိုးရှိသေးလို့လဲ။
စားပွဲထိုး။ ။စွပ်ပြုတ်က ၁၀ မိနစ်တစ်ခါ ပြောင်းတယ်။
စားသုံးသူ။ ။အဲဒါဆို အခု ဘာဖြစ်သွားပြီလဲ။
စားပွဲထိုး။ ။အခု ဒီနေ့ရဲ့ စွပ်ပြုတ်က မှို စွပ်ပြုတ်။
စားသုံးသူ။ ။ဒါဆိုလဲ အဲဒါ ပေးပါ။
စားပွဲထိုး။ ။ဟောဒီမှာပါ။
စားသုံးသူ။ ။ဟာဒါက celery စွပ်ပြုတ်ကြီးပဲ။(မှိုအဆင့်သို့ မရောက်သေးသောအပင်ငယ်)
စားပွဲထိုး။ ။ဟုတ်ပါတယ်။ မှိုစွပ်ပြုတ်က beta version ပဲရှိသေးလို့ပါ။

Continue



Old-old fairy tale
The night of so long, the moon in the sky
The main mystery
There I have one

A blue-blue sea
A wave of unearthly light
Maybe I will soon know
What is it with me suddenly

Chorus:
Flew white snow
Why can I not to sleep at night
We are familiar with you two weeks
What are you doing with me in spring
What do you ...

The net-net sky
The sun in the hands, the river flow
All I will tell you
But just do not know how

Silent song accidentally
To be heard near the window
The main mystery
There I have one

(3 times):
Flew white snow
Why can I not to sleep at night
We are familiar with you two weeks
What are you doing with me in spring

What do you ...
(russian to english translated by www.google.com)

Continue



i know it hasn't been too long but i love you so
don't care what prople say,i just wanna let you know
without you i'd be so confused. i'd be lost in time
you're like the fire in my days and my heart,your my spark
like my soulmate,make me blush when i see your face
the one i wanna be with when i wake up everyday
and if we're having problems,i don't wanna see you mad
cause you're like the air i breathe, you're all that i have

you ,all that i need,set my life at ease
and i love you (and i love) Boy i love you

the very first time that i laid eyes on you i knew
there was a vibe,a special one between us two
there's many seasons to be spent that we'll go through
even through the cold weather you know i'll hold you
i know i make mistakes but i'll never stoop low
you're the motivation for me reaching my goals
you're the one and only one that i'm thinking about
you already know this but i wanna say "i love you"

if you love someone put their name in a circle not a heart. A heart can be broken but a circle goes on forever...
To the world you may be one person but to one person you may be the world
love is when you shed a tear and still want him, it's when he ignores you and still love him,it's when he loves another girl but you still smile and
say "i'm happy for you ",when all you do is cry...
Love is a moment that lasts forever...
Love isn't finding a perfect person.It's seeing an imperfect person perfectly..
You know ..,,if you love someone you should let them know..And when you finally hvae them...never let them go..


Continue

Continue


Continue






LoVe AlL iN oNe EgG


ReAdEr I will eat




hoW mAny chAirs aRe They ?
BaBY

Continue



Continue
Related Posts Plugin for WordPress, Blogger...