အဝေးရောက်မြန်မာတစ်ယောက်ရဲ့ မျှဝေခြင်း

My Favorite IDE..

My Favorite Hosting.

My Favorite Search Engine..

My Favorite Project Site ..

Showing posts with label စာအုပ်ထဲကအတွေးလေးများ. Show all posts

သမီးဟာ အခုဆိုရင် ပညာလည်းစုံပြီ။ အလုပ်လည်း ရပြီ။ ကိုယ့်ခြေထောက်ပေါ်
ရပ်တည်နိုင်ပြီ။ ဒီတော့့ ... အိမ်ထောင်ပြုဖို့ပဲ ကျန်တော့တယ်။ မိဘတို့
၀တ္တရားရှိတာနဲ့ အညီ ဖေဖေတို့ စီစဉ်ထားတယ် သမီး ဒါပေမယ့်လည်း သမီးမှာ
ရည်မှန်းထားတဲ့ သူရှိရင် ဖေဖေ့ကို ပြောလေ ။ ဖေဖေတို့ ညှိကြတာပေါ့ ..
သမီးမှာ ရည်မှန်းထားတဲ့သူ ရှိပါတယ် ဖေဖေ။ သမီး သူ့ကိုပဲ လက်ထပ်ချင်တယ်..
သမီးသူ့ကိုပဲ နှစ်သက်တယ်ဆိုရင်တော့ ဖေဖေက သမီးဘက်ကလိုက်ပြီး
စဉ်းစားပေးမှာပေါ့ ..ကဲ ... သူ့အကြောင်းကို သမီးကစပြော..။
သူ့ နာမည် .. အောင်စိုးမိုး .. အသက်က သမီးနဲ့ ရွယ်တူ။ သမီးနဲ့
မေဂျာတူတူပဲ။ ဘွဲ့ရပြီးပြီ..။ အလုပ်ရှာဖွေနေဆဲပါ..။
ကောင်းပြီ သမီး... သမီးချစ်သူဟာ သမီးခင်ပွန်းဖြစ်သင့် မဖြစ်သင့် ဖေဖေတို့
ဆွေးနွေးရအောင်။ သမီးအနေနဲ့ အိမ်ထောင်ပြုခြင်းရဲ့ ရည်မှန်းချက်ဟာ ဘာလဲ?
သိပ်ချစ်လို့ လက်ထပ်ချင်တာပဲ မဟုတ်လား ဖေဖေ..။
သမီးအဖြေဟာ သိပ်မမှန်ဘူး။ အိမ်ထောင်ပြုခြင်းရဲ့ ရည်မှန်းချက်ဟာ တစ်ဘဝလုံး
လက်တွဲသွားရမယ့် ဘဝအဖော်မွန်ကို ရွေးချယ်သတ်မှတ်လိုက်ခြင်းပဲ။
မျှော်လင့်ခြင်းကတော့ ဘဝခရီးကို ပျော်ပျော်ရွင်ရွင်နဲ့ တစ်ဘဝလုံး
လက်တွဲသွား နိုင်မယ်လို့ မျှော်လင့်ထားတာပဲ မဟုတ်လား..။
ဒါဆို .. သမီးချစ်သူဟာ သမီးရဲ့ ဘဝကြင်ဖော် မဟုတ်ဘူးလား ဖေဖေ..။
တစ်ခါတရံမှာ ချစ်သူနဲ့ ဘဝကြင်ဖော်ဟာ တစ်ယောက်တည်း ဖြစ်မနေတတ်ဘူး သမီး။
အချစ်ဆိုတာ စည်းကမ်းမရှိဘူး. ကောင်းကောင်းဆိုးဆိုး သူချစ်ချင်တာ
ချစ်တာပဲ.။ ဘဝကြင်ဖော် ရွေးတဲ့ နေရာမှာတော့ စည်းကမ်းရှိရတယ်။ ဒါမှ
တစ်ဘဝလုံး သာယာမှာ။ ကိုယ်ကချစ်ပေမယ့် ကိုယ့်ဘဝနဲ့ မကိုက်ညီ
မဆီလျော်ဘူးဆိုရင် ဘယ်လောက်ပဲ ချစ်ချစ် လက်မတွဲသင့်ဘူး..။
ဘာကို ဆိုလိုတာလဲ ဖေဖေ..။
ဥပမာ လွယ်လွယ်လေးပြောရရင် ချမ်းသာတဲ့မိဘကဆင်းသက်လာတဲ့ တက္ကသိုလ်က
ဆရာမတစ်ယောက်က ဘဝကြမ်း နှုတ်ကြမ်းတဲ့ ကားစပယ်ရာ ကောင်လေးကို ချစ်လွန်းလို့
လက်ထပ်ယူရင် သူတို့ ဘဝ အဆင်ပြေမယ်လို့ သမီးထင်လား.။
တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်ကြလို့ ယူကြမယ် ဆိုရင်တော့ အဆင်ပြေမယ်လို့
သမီးထင်တယ်..။
သမီးရယ်.. အချစ်ဆိုတာ အင်မတန်နူးညံ့တဲ့ ခံစားမှုတစ်မျိုးပါ။ သူ့ကို
အားကိုးပြီး မယုံစားချင်ပါနဲ့။ ပြီးတော့ အချစ်ဆိုတာ အင်မတန် သဘောလွယ်ပြီး
စိတ်ကောက်တတ်တဲ့ မိန်းကလေးနဲ့လည်း တူတယ်။ ကိုယ့်စိတ်နဲ့ သဘောမတွေ့ရင်
ချက်ခြင်းစိတ်ပြောင်းသွားတယ်။ ကိုယ်လိုချင်တာ မရရင်လည်း မချစ်တော့ဘူး
ဖြစ်ပြန်ရော။ ကိုယ်ဖြစ်ချင်တာ မဖြစ်ရရင် စိတ်နာပြီး မချစ်တော့ဘူး
ဖြစ်ပြန်ရော ။ တိုတိုပြောရရင် အချစ် ဆိုတာ လူတစ်ယောက်ရဲ့ အတ္တစိတ်အတိုင်း
အရောင်ပြောင်းသွားမှာ သမီးရဲ့။ အခု .. သမီးကို ချစ်တယ် ကြင်နာတယ်
တဖွဖွပြောနေပေမယ့် .. သူမကြိုက်တာတစ်ခုကို သွားလုပ်မိတာနဲ့ ချက်ခြင်းပဲ
ဒေါသတွေ မာနတွေပေါက်ကွဲပြီး ဆဲဆိုအော်ဟစ် ဆူပူကြိမ်းမောင်း ပြစ်တင်ဖို့
၀န်မလေးတတ်ဘူး.။ လူတစ်ယောက်ရဲ့ အကြိုက်ကို အမြဲတမ်းလိုက်လုပ်ပေးဖို့
မလွယ်ဘူး ဆိုတာ သမီးသိပါတယ်.။ သမီး သဘောပေါက်မယ် ထင်ပါတယ်နော် ..။
ဟုတ်ကဲ့ ... သမီး နည်းနည်းတော့ သဘောပေါက်လာပါပြီ ။ ကိုယ်ချစ်တဲ့
သူတိုင်းကို လက်ထပ်ဖို့ မဆုံးဖြတ်ရဘူးပေါ့နော်..။
ဟုတ်တယ် ..သမီး။ အသဲနှလုံးရဲ့ ဆန္ဒ အရ ဘယ်သူ့ကို မဆို ချစ်နိုင်ခွင့်
ရှိပါတယ်။ ဒါပေမယ့် ဘဝအဖော် အဖြစ်လက်တွဲတဲ့ အခါမှာတော့ အတ္တ
သိပ်ကြီးတဲ့သူကို မရွေးမိဖို့ အရေးကြီးတယ်။ အဲဒီလူကို
သမီးရွေးချယ်မိခဲ့ရင် တစ်သက်လုံး စိတ်ဆင်းရဲရမှာပဲ။ ချမ်းသာသည်ဖြစ်စေ၊
ဆင်းရဲသည်ဖြစ်စေ၊ သူတစ်ပါးကို လေးစားချစ်ခင်တတ်တဲ့သူ ၊ စာနာစိတ်
ကြင်နာစိတ် ရှိတဲ့သူ ကိုယ့်အတ္တထက် သူတစ်ပါးဆန္ဒကို
ပိုဦးစားပေးတတ်တဲ့သူမျိုးကို ရွေးချယ်မှ သမီးအတွက် ၅၀% စိတ်ချရမယ်..။
၅၀% ပဲလား ဖေဖေ..။
ဟုတ်တယ် သမီး ..။ ကံကြမ္မာက ၂၅% ။ သမီးဘက်က ဆက်ဆံရေးက ၂၅% ။တကယ်လို့ သမီးက
ချမ်းသာတဲ့ သူမျိုး ရာထူးကြီးတဲ့ သူမျိုး မိဘ အရှိန်အဝါရှိတဲ့ သူမျိုးကို
နောင်ရေးကို မျှော်တွေးပြီး ရွေးချယ်လိုက်လို့ အဲ့ဒီသူဟာ ကိုယ့်ကိုကိုယ်
အထင်ကြီးပြီး သူတစ်ပါးကို အထင်သေးတတ်တဲ့ အတ္တကြီးတဲ့ သူမျိုးဖြစ်နေရင်
မျက်ရည်နဲ့ မျက်ခွက် ဆိုသလိုမျိုးဖြစ်နေလိမ့်မယ်..။
ဒီလိုဆို ကိုယ်နဲ့ အဆင့်အတန်းတူ သဘောကောင်းတဲ့သူမျိုး ရွေးရမှာလား
ဒီလိုမျိုး မဟုတ်သေးဘူး သမီးရဲ့ .. တစ်အချက်က သမီးအပေါ်တန်ဖိုးထား
လေးစားချစ်ခင်မြတ်နိုးတဲ့ သူဖြစ်ရမယ်.. နှစ်အချက်က ဘဝတန်ဖိုးကို သိပြီး
အချိန်ကို အကျိုးရှီရှိ အသုံးချတတ်တဲ့ သူမျိုးဖြစ်ရမယ် ..။ သုံးအချက်က
သူတစ်ပါး အပေါ်အကောင်းမြင်စိတ်ထားပြီး အများအကျိုး ဆောင်ချင်သူ ဖြစ်ရမယ်..
လေးအချက်က တရားဓမ္မအပေါ်သက်ဝင်ကိုင်းညွှတ်ပြီး စိတ်နှလုံး
သိမ်မွေ့သူဖြစ်ရမယ်။။ အဲဒီအချက်တွေ ပြည့်စုံရင် သမီးရဲ့ ဘဝအဖော်မွန်
အဖြစ်ရွေးလို့ ရပါပြီ..။
အဲဒီ အချက် ၄ ချက်စလုံး ပြည့်စုံတဲ့သူကို ရှာဖွေ မတွေ့ခဲ့ရင်
သမီးဘာလုပ်ရမလဲ ဖေဖေ ။။
စိတ်ရှည်လက်ရှည် ရှာဖွေရမှာပေါ့ သမီးရယ် ဘယ်အချိန်မှာပဲ
အိမ်ထောင်ပြုရမယ်လို့ နှစ်ကန့်သတ်ချက်မှ မရှိတာ ။ သမီးမှာ အဲ့ဒီ
အရည်အချင်းပြည့်စုံတဲ့ ချစ်သူမျိုးရှိပြီးလား..။
သမီး ပြန်ဆန်းစစ် ရဦးမယ် ဖေဖေ။ သူ့ကိုချစ်တော့ ဒါတွေကို ဘာတစ်ခုမှ သမီး
သတိမထားမိခဲ့ဘူး..။
Love is blind တဲ့ သမီး။ အချစ်ကြောင့် အသိဉာဏ်တွေ မကန်းပါစေနဲ့ကွယ်။
ဖေဖေကတော့ သမီးလေးရဲ့ ဘဝအဖော်မွန်ကို အဲ့ဒီအချက်တွေနဲ့ ပြည့်စုံသူပဲ
ဖြစ်စေချင်တယ်..။
သမီးကြိုးစားပါ့မယ် ဖေဖေ..။
သာဓုကွယ် .. သာဓု.. သာဓု..။
ဆရာကောင်းသန့် ရေး ချစ်သူ့အကြောင်း စာအုပ်မှ ကူးယူဖော်ပြပါသည်...

Continue

A
Air
Air ဆိုတာ လေကို ဆိုလိုမှန်း အားလုံးက သိကြပြီးသားပါ။ အားလုံးက လေကို ရှူရှိုက်ရတယ်။ လူတစ်ယောက်ချင်းဆီအတွက် လေဟာ မရှိမဖြစ် အရေးကြီးတယ်။ ဗန်းစကားမှာတော့ give the air ဆိုတာ ချစ်သူကို စွန့်လွှတ်ရတယ်လို့ အဓိပ္ပါယ်ရပြန်ရော။ အဲဒီတော့ ချစ်သူဆိုတဲ့ စကားလုံးဟာ air (လေ) ဆိုတာနဲ့များ အဓိပ္ပါယ်ချင်း သွားညီမျှနေမလားလို့ ကျွန်တော် စဉ်းစားမိပြန်တယ်။ ဖြစ်နိုင်ပါတယ်။ လူတွေ အသက်ရှင်ဖို့ လေဟာ အရေးကြီးသလို ချစ်သူဟာလည်း မရှိမဖြစ် လိုအပ်တယ်မဟုတ်လား။ ချစ်သူနဲ့ လေဟာ အချိန်အဆချင်း တူနိုင်ပါတယ်။ နောက်ပြီး လေဟာ နေရာတိုင်းမှာ အလွယ်တကူ ရတယ်လေ။ ချစ်သူတွေကို လေလို့ သဘောထားရင် ကျွန်တော့်ကို စိတ်များ နာကြမလား။

B
Backbone
ရိုးရိုးစင်းစင်း အဓိပ္ပါယ်လေးပါ။ Back က နောက်ဘက် ကျောဘက် bone က အရိုး။ အဲဒါကို ပေါင်းစည်းလိုက်တော့ backbone ဆိုတာ ကျောထောက်နောက်ခံလို့ အဓိပ္ပါယ်ရတယ်။ ကိုယ့်ကို နောက်ကနေ မားမားမတ်မတ် ထောက်ပံ့ပေးနေတဲ့ ငွေကြေး၊ အဖွဲ့အစည်း၊ ပြီးတော့ ဘာညာပေါ့။ ဗန်းစကားမှာတော့ နောက်ထပ် အဓိပ္ပါယ်တစ်မျိုး ရှိသေးတယ်။ Backbone ဆိုတာ သတ္တိလို့ အဓိပ္ပါယ်ရတယ်။ ခင်ဗျားမှာ သတ္တိရှိရဲ့လား။ ကျွန်တော်ကတော့ သတ္တိမရှိဘူးဗျာ။ Backbone မရှိလို့ပေါ့။
တချို့လူတွေက Backbone ကောင်းတော့ Backbone ကောင်းကြတယ်ဆိုပဲ။

C
Cheat
Cheat ဆိုတာ မရိုးသားတာ၊ လှည့်ဖြားတာပေါ့။ ဒါပေမယ့် အဲဒီစကားလုံးကို er ပေါင်းထည့်လိုက်လို့ cheater ဖြစ်သွားရင်တော့ လှည့်စားသူ၊ မရိုးသားသူ ဆိုပြီး ပြုလုပ်သူ ဖြစ်မသွားပါဘူး။ ဗန်းစကားမှာ cheater ဆိုတာ မျက်မှန်လို့ အဓိပ္ပါယ်ရပါတယ်။ ကျွန်တော် နည်းနည်းစဉ်းစားကြည့်တယ်။ ကျွန်တော်တို့ မျက်လုံးတွေအပေါ်မှာ ဖုံးအုပ်တဲ့ မှန်ဟာ cheat (လှည့်စားတယ်)ဆိုတဲ့ စကားလုံးနဲ့ ဘယ်လိုများ ဆက်စပ်ပတ်သက်နေသလဲ ဆိုတာကိုပေါ့။ နည်းနည်းတော့ ဆိုင်မယ် ထင်တယ်။ ကျွန်တော်တို့ရဲ့ အမြင်တွေမှာ အယူဝါဒ အရောင်တွေ စွန်းထင်းနေပြီဆိုရင် အရှိကို အရှိအတိုင်း မမြင်နိုင်တော့ဘဲ (ကိုယ့်စိတ်ကိုယ် လှည့်စားပြီး) အစွဲအလမ်းတွေနဲ့ ပုံဖော် ကြည့်တတ်ကြတယ်မဟုတ်လား။ ကျွန်တော်တို့ဟာ ပကတိကို မမြင်ကြပါဘူး။ ကိုယ့်စိတ်အစွဲကိုပဲ မြင်ကြတာပါ။

D
Dead
Dead ဆိုတဲ့ စကားလုံးဟာ သေတာကို ဆိုလိုမှန်း အားလုံး သိကြပြီးသားပါ။ ဒါပေမယ့် ဗန်းစကားအုပ်စုထဲမှာ နောက်ထပ် စကားလုံးတစ်ခု ကျွန်တော်သွားတွေ့တယ်။ Dead heat တဲ့။ Dead က သေတာ၊ heat က အပူ ဆိုပြီး သေသွားတဲ့ အပူလို့တော့ ဖြစ်မလာပါဘူး။ Dead heat ဆိုတာ ပြိုင်တူ ပန်းဝင်တာကို ဆိုလိုတာပါ။ လှေနှစ်စင်း ပြိုင်တဲ့အခါ၊လူနှစ်ယောက် အပြေးပြိုင်တဲ့အခါ အတူတူ တစ်ပြိုင်နက်တည်း ပန်းဝင်ခြင်းပေါ့။ ကျွန်တော်က Dead ဆိုတဲ့ စကားလုံးလေးကို သဘောကျတာ။ Dead (သေဆုံးပြီ) ဆိုရင် ခင်ဗျားရဲ့ အောင်မြင်ခြင်းတွေရော၊ ရှုံးနိမ့်မှုတွေရော မြင့်မားမှုတွေရော၊
နိမ့်ကျမှုတွေရော အားလုံးဟာ ပြိုင်တူပန်းဝင်ကြပါတယ်။

E
Eighty-six
ဗန်းစကားထဲမှာ eighty-eight တို့ eight-six တို့ ဆိုတာတွေဟာ အတော့်ကို ကတ်သီးကတ်သတ် နိုင်ပါတယ်။ Eighty-eight ရဲ့ အဓိပ္ပါယ်က စန္ဒရားတဲ့။ Eight-six ရဲ့ အဓိပ္ပါယ် ကျပြန်တော့လည်း ၈၆ မဟုတ်ပြန်ဘူး။ "ဘာမှ မရှိဘူး (nothing)" လို့ အဓိပ္ပါယ်ရပါတယ်။ တကယ်လို့ တစ်စုံတစ်ယောက်က ကျွန်တော့်ကို "ဘာရည်မှန်းချက်တွေ ရှိပါသလဲ"လို့ မေးခဲ့မယ်ဆိုပါစို့။ ကျွန်တော်က "86" လို့ ပြန်ဖြေပါမယ်။ ရည်မှန်းချက်တွေ ၈၆ ခုတောင် ရှိတယ်လို့ မယူဆစေချင်ပါဘူး။ ကျွန်တော်ဆိုတဲ့ တေလေမှာ ဘာဆို ဘာမှ လုံးဝ မရှိတာပါ။

F
Filthy
Filthy ဆိုတဲ့ စကားလုံးဟာ "ညစ်ပတ်ယုတ်မာသော" လို့ အဓိပ္ပါယ် ဆောင်ပါတယ်။ ဒါပေမယ့် စကားလုံးတွေရဲ့ အသွင်ပြောင်းမှုဟာ အံ့သြဖို့ကောင်းတယ်။ Filthy (ညစ်ပတ်ယုတ်မာသော) ဆိုတဲ့ စကားရဲ့နောက်ကနေ rich (ချမ်းသာ ကြွယ်ဝမှု) ဆိုတဲ့ စကားလုံး ပေါင်းထည့်လိုက်ရင် Filthy rich ဆိုတာ "အရမ်းကို အံ့သြဘနန်း ချမ်းသာတယ်"လို့ အဓိပ္ပါယ် သက်ရောက်သွားပါတယ်။ ဒါပေမယ့် ဒါဟာ စကားလုံး ကမ္ဘာထဲမှာပဲ ရှိတာပါ။ တကယ့် လူ့အဖွဲ့အစည်း လူ့လောကထဲမှာတော့ Filthy ညစ်ပတ်ယုတ်မာတဲ့လူတွေဟာ သူတို့ရဲ့ နောက်ကနေ rich (ချမ်းသာကြွယ်ဝမှု) ဆိုတဲ့ ဂုဏ်ပုဒ် ပေါင်းထည့်လိုက်ရုံနဲ့တော့ ကြီးကျယ်ခမ်းနားသွားလိမ့်မယ် မဟုတ်ပေဘူး။ လူယုတ်မာဟာ လူယုတ်မာပါပဲ။

G
Green Light
Green ဆိုတာက အစိမ်းရောင်၊ Light ဆိုတာက မီးရောင်။ အဲဒီတော့ Green light ရဲ့ အဓိပ္ပါယ် တည့်တည့်က "မီးစိမ်းပြ"တာပါ။ ဆင့်ပွား အဓိပ္ပါယ်ကို ပြောရမယ်ဆိုရင်တော့ "ခွင့်ပြုတာ၊ လုပ်ပိုင်ခွင့်ပေးတာ" လို့ ပြောရမယ်ထင်တယ်။ မီးပွိုင့်တွေမှာဆိုရင် မီးစိမ်းပြမှ မောင်းခွင့်ရတာ မဟုတ်လား။ အခုလည်း ဒီလိုပါပဲ။ Green Light ပြပြီဆိုရင် ခင်ဗျား (လုပ်ချင်နေတာကို) လုပ်ပေတော့ပဲ။ ဒါပေမယ့် Green ဆိုတဲ့ စကားလုံး တစ်လုံးတည်းဆိုရင် အဓိပ္ပါယ် သပ်သပ် ရှိသေးတယ်။ ဗန်းစကားမှာ Green ဆိုတာ ပိုက်ဆံလို့ အဓိပ္ပါယ်ရပါတယ်။ တိုက်ဆိုင်လိုက်ပုံများနော်။ Green Light ဲ(လုပ်ခွင့်ပြုသည်) ဆိုတဲ့ အင်္ဂလိပ်စကားနှစ်လုံးမှာ Green(ပိုက်ဆံ)ဆိုတဲ့ စကားလုံးက ရှေ့က အရင်လာတာနော်။ ကတ်သီး ကတ်သတ်ဗျာ။
ဘာတွေမှန်းလည်း မသိဘူး။

H
High
High ဆိုတဲ့ စကားဟာ မြင့်မားတာပါ။ တိုက်တာတွေ၊ သစ်ပင်တွေ၊ တောင်တွေမြင့်မှ မဟုတ်ပါဘူး။ ရာထူးမြင့်မားရင်လည်း High ပဲ၊ ငွေကြေး ချမ်းသာကြွယ်ဝမှု မြင့်မားရင်လည်း High ပါပဲ။ ဒါပေမယ့် ဗန်းစကားမှာတော့ high ဆိုတာ "ယစ်မူးတာ"လို့ အဓိပ္ပါယ် ရပါတယ်။ သေရည်မူးတာမျိုးပေါ့လေ။ ကြံကြံဖန်ဖန်နော်။ "မြင့်မားတာ" နဲ့ "ယစ်မူးတာ" စကားလုံး တစ်လုံးတည်း ဖြစ်နေရတယ်လို့။ ဘယ်သူတွေကများ အဲဒီ စကားလုံးတွေကို တွဲစပ်ထားပါလိမ့်။ တချို့က အမြင့်ကိုတက်ရင် မူးတတ်တယ်နဲ့ တူပါတယ်။

I
ID
ID ဆိုတာဟာ (I ကိုကော D ကိုပါ နှစ်လုံးစလုံးကို စာလုံးကြီးနဲ့ ရေးရင်)Identity လို့ ခေါ်တဲ့ ပုဂ္ဂလိက သတ်မှတ်ချက်ကို ဆိုလိုရာ ရောက်ပါတယ်။ မှတ်ပုံတင်တို့၊ ၀န်ထမ်းကတ်တို့ စတဲ့ မိမိ ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံ အထောက်အထား လက်မှတ်ဟာ ID ပါပဲ။ ဒါပေမယ့် id ဆိုပြီး (i ကိုရော d ကိုပါ စာလုံးအသေးတွေနဲ့ချည်းပဲ) ရေးမယ်ဆိုရင် ကိုယ့်ရဲ့ မသိစိတ်ထဲမှာ ရှိနေတဲ့ "အတ္တ"လို့ အဓိပ္ပါယ် ရပါတယ်။ တကယ်တော့ ကိုယ့်အတ္တ (id)ဟာ ကိုယ် ဘယ်သူလဲဆိုတဲ့ သတ်မှတ်ချက် (ID) ပါပဲ။

J
John
မိန်းမတစ်ယောက်ကို အတိအလင်းမယူဘဲ အိမ်တစ်ဆောင် မီးတပြောင်နဲ့ စပွန်ဆာပေးထားတာကို John လို့ ခေါ်ပါတယ်။ ဒါပေမယ့် John မှာ နောက်ထပ် အဓိပ္ပါယ်တစ်မျိုး ရှိပါသေးတယ်။ အဲဒါကတော့ John ဆိုတာ "အိမ်သာ"တဲ့။ အိမ်တွေ၊ ကားတွေ၊ ဟန်းဖုန်းတွေ စပွန်ဆာ လိုချင်တဲ့ ကလေးမလေးတွေ စဉ်းစားကြည့်ဖို့ပါ။ "ငါတို့ဟာ အိမ်သာတွေ ဖြစ်နေကြပြီလား" လို့။ အဲဒီမေးခွန်းလေး တစ်ခုတော့ ကိုယ့်ကိုယ်ကိုယ် ပြန် မေးကြည့်စေချင်တယ်။

K
Kick back
Kick က ကန်သည်၊ back က နောက်ကျောဆိုတော့ ကျောကို ခြေထောက်နဲ့ ကန်တယ်လို့ အဓိပ္ပါယ်ထွက်တယ် မထင်ပါနဲ့။ ဘာမှ မဆိုင်ပါဘူး။ Kick back ရဲ့ အဓိပ္ပါယ်က "သက်သောင့်သက်သာရှိတာ၊ ဇိမ်ကျတာ၊ အဆင်ပြေပြေ နေရတာ" ကို ဆိုလိုတာပါ။ ဒါပေမယ့် နောက်ထပ် အဓိပ္ပါယ်တစ်မျိုး ရှိသေးတယ်။ Kick ဆိုတဲ့ စကားလုံးနဲ့ back ဆိုတဲ့ စကားလုံးကြားမှာ ဟိုက်ဖင်လို့ ခေါ်တဲ့ (-) တုံးအတို အမှတ်အသားလေး ထည့်လိုက်မယ် ဆိုပါစို့။ Kick-back။ ဒါဆိုရင်တော့ အဓိပ္ပါယ်က "လာဘ်ထိုးတာ" ဖြစ်သွားပါတယ်။ ဟုတ်ကဲ့။ "လာဘ်ထိုးတာ" နဲ့ "သက်သာတာ" နှစ်ခုကြားမှာ တုံးတို (-)လေးပဲ ကွာပါတယ်။

L
Low down
နိမ့်တာတွေ၊ ကျတာတွေ လျှောက် မစဉ်းစားပါနဲ့။ ဒါက ဗန်းစကားဆိုတော့ အဲဒီလို တိုက်ရိုက်အနက်ကောက်လို့ မရဘူးပေါ့။Low down မှာ နာမ်(noun) သဘောဆောင်တဲ့ အဓိပ္ပါယ်နဲ့ နာမဝိသေသန (adj) သဘောဆောင်တဲ့ အဓိပ္ပါယ်ဆိုပြီး နှစ်မျိုး ရှိပါတယ်။ Low down ဟာ (n) အနေနဲ့ဆိုရင် "အမှန်တရား၊ အချက်အလက်မှန်" လို့ အဓိပ္ပါယ်ရပြီး (adj) အနေနဲ့ဆိုရင် တရားမျှတမှု မရှိတာကို ဆိုလိုပါတယ်။ ကျေးဇူးပြု၍ Lown down ဆိုတဲ့ စကားလုံးကို နှစ်ခါဆက်တိုက် မရွတ်ဆိုကြပါနဲ့။

M
Monkey
သိတယ်မဟုတ်လား။ Monkey ဆိုတာ မျောက်လေ။ ဘယ်တော့မှ အငြိမ် မနေတဲ့အကောင်၊ အာရုံနောက်တဲ့အကောင်။ မြန်မာစကားအသုံးအနှုန်းမှလည်း မျောက်ကို စိတ်မနှစ်မြို့စရာအဖြစ် သုံးနှုန်းကြတာပဲ မဟုတ်လား။ လင်ငယ်နေတာကို မျောက်မထားတယ်တို့၊ မသင့်တော်တဲ့ သူက နေရာ ရနေတာကိုလည်း "ဘုရားကား အောက်၊ မျောက်ကား အထက်" တို့ ဆိုတဲ့ စကားပုံနဲ့။ အမေရိကန်၊ အင်္ဂလိပ် ဗန်းစကားမှာလည်း မျောက်ကို နှစ်ခြိုက်ကြပုံ မပေါ်ဘူး။ Monkey business ဆိုရင် "မရိုးသားတဲ့ အလုပ်" လို့ အဓိပ္ပါယ်ရတယ်။ အဲ Monkey clothes ဆိုရင်တော့ ယူနီဖောင်းဝတ်စုံကို ခေါ်တာပါ။ ကျွန်တော်ကတော့ အဲဒီ စကားလုံးနှစ်ခု နီးနီးကပ်ကပ် ရှိနေတာကိုကြည့်ပြီး သိပ်ကို အသည်းယားတာပဲ။

N
Number
နံပါတ်တွေကို ရေတွက်ကြည့်ရအောင်။ Number One ဆိုတာဟာ ဗန်းစကားမှာ "ရာထူးအကြီးဆုံးလူ၊ ထိပ်ဆုံးကလူ" လို့ အဓိပ္ပါယ်ရပါတယ်။ ကုမ္ပဏီတစ်ခုမှာ ရာထူး အကြီးဆုံးလူဟာ နံပါတ်ဝမ်းပေါ့။ Number Two ဆိုရင်တော့ ဒုတိယလူလို့ မဆိုလိုတော့ပါဘူး။ "မစင် စွန့်တယ်"လို့ပဲ အဓိပ္ပါယ်ရပါတယ်။ ကြည့်စမ်း… နံပါတ်တစ်ခု ကွာရုံနဲ့တင် တော်တော် အဓိပ္ပါယ်ပြောင်းတယ်နော်။ ကြံဖန်ပြီး ဂုဏ်ယူချင်ရင် ဂုဏ်ယူလို့တော့ ရတာပေါ့။ ခင်ဗျားတို့ ကျွန်တော်တို့ အားလုံးဟာ နံပါတ်ဝမ်းတွေ မဖြစ်ကြပေမယ့် အားလုံး နံပါတ်တူးတွေ ဖြစ်ကြတာပဲ မဟုတ်လား။ ကျွန်တော်ကတော့ ဘဝမှာ Number One မဖြစ်ချင်ပါဘူးဗျာ။ တန်ဖိုးလေး နည်းနည်းတိမ်းစောင်းသွားတာနဲ့ အိမ်သာထဲ ရောက်သွားမှာကိုး။

O
Old
Old ဆိုတာ အသက်ကြီးတာ၊ အိုမင်း ဟောင်းနွမ်းတာကို ခေါ်တာပါ။ Old နဲ့ ပေါင်းစပ်ရတဲ့ အတွဲအဖက် စကားလုံး အမျိုးမျိုးကိုလိုက်ပြီး အဓိပ္ပါယ်ပြောင်းသွားတဲ့ ဗန်းစကားတွေ အများကြီး ရှိပါတယ်။ Flame ဆိုရင် မီးတောက်မီးလျှံ မဟုတ်လား။ အဲဒါကို old နဲ့ တွဲလိုက်တော့ old flame ဆိုပြီး "အိုမင်းသွားတဲ့ မီးလျှံ" လို့ အဓိပ္ပါယ်မဆောင်ပါဘူး။ Old flame ဆိုတာ ကိုယ်နဲ့ မပေါင်းဖက်လိုက်ရဘဲ ကွဲသွားတဲ့ "ရည်းစားဟောင်း"ကို ခေါ်တာပါ။ (ရည်းစားဆိုတာဟာလည်း မီးတောက်မီးလျှံ တစ်မျိုးပဲ မဟုတ်လား) နောက်တစ်မျိုးက old goat ပါ။ ဆိတ်အိုကြီး မဟုတ်ပါဘူး။ တကယ့် အဓိပ္ပါယ်ကတော့ "အသက်ကြီးလာတာနဲ့အမျှ စိတ်ပျက်စရာ ကောင်းတဲ့သူ" တဲ့။ ဆိုကြပါစို့ဗျာ။ အခု ခင်ဗျားမှာ ရည်းစားရှိနေပြီဆိုရင်… အဲဒီ ရည်းစားနဲ့ ပေါင်းဖြစ်မှာ၊ မပေါင်းဖြစ်ဘူးလား ဆိုတဲ့အပေါ် မူတည်ပြီး အခေါ်အဝေါ်တွေကို စဉ်းစားထားကြည့်ရအောင်။ ခင်ဗျားရည်းစားနဲ့ ကွဲသွားရင် နောင်တစ်ချိန်မှာ သူဟာ မီးလျှံအိုတစ်ခု (old flame) ဖြစ်မယ်။ ခင်ဗျားရည်းစားနဲ့ ယူဖြစ်ရင် နောင်တစ်ချိန်မှာ သူဟာ ဆိတ်အိုကြီးတစ်ကောင် (old goat) ဖြစ်လာပါလိမ့်မယ်။ ကဲ ခင်ဗျား ကိုယ်တိုင်ကရော မီးတောက်မီးလျှံလား၊ ဆိတ်လား။

P
Power
P နဲ့စတဲ့ အင်္ဂလိပ်စကားလုံးတွေထဲမှာ Power ကို လူသိများပါတယ်။ Power ဆိုတာ သြဇာအာဏာ၊ ပြီးတော့ လျှပ်စစ်ဓာတ်အား၊ ပြီးတော့ စက်တစ်ခုခုကို သက်ဝင် လှုပ်ရှားလာစေတဲ့ အဖွင့်အပိတ်။ နောက် သချင်္ာမှာဆိုရင် "ထိပ်ကိန်း"။ သြော်… မေ့လို့။ Horse Power ဆိုတာ ရှိသေးတယ်။ သြဇာအာဏာရှိတဲ့ မြင်းကို ပြောတာမဟုတ်ပါဘူး။ "မြင်းကောင်ရေအား"ကို ဆိုလိုတာပါ။ ကျွန်တော်စဉ်းစားမိတာ တစ်ခု ရှိပါတယ်။ သြဇာအာဏာ (power) ဆိုတာ လျှပ်စစ်ဓာတ်အား (power) လိုပဲလို့။ ခံနိုင်ရည်ဝန်အား တစ်စုံတစ်ရာ သတ်သတ်မှတ်မှတ် ရှိရမယ်။ တိတိကျကျ တိုင်းထွာထားတဲ့ စနစ် ရှိရမယ်။ စည်းကမ်းတကျ အသုံးပြုနိုင်မှု ရှိရမယ်။ ဒီလိုမှ မဟုတ်ရင် လောင်ကျွမ်းနိုင်တယ်။ ဓာတ်လိုက်ပြီး သေနိုင်တယ်။ အန္တရာယ်ဖြစ်နိုင်တယ်လေ။ တချို့ ကျပြန်တော့လည်း သချင်္ာထပ်ကိန်း (power)နဲ့ တိုးပွားလာတဲ့ စားဝတ်နေမှု ဒုက္ခတွေကို ရင်ဆိုင်ဖို့ ဘဝကို မြင်းတစ်ကောင်ရဲ့ ခွန်အား (Horse Power) နဲ့ ရုန်းကန်ကြရတယ်။ သြော် နောက်စကားလုံးတစ်ခု ကျန်နေသေးတယ်။ Power nap တဲ့။ "အားသစ်မွေးဖို့အတွက် တစ်ရေး တစ်မော အိပ်တာ" ကို ဆိုလိုတာပါ။ ကဲ ခင်ဗျားတို့ ကျွန်တော်တို့ တစ်ရေးတစ်မောလောက် အိပ်လိုက်ကြဦးစို့။ မင်းတစ်ကောင်လို ရုန်းဖို့ အတွက်လေ။

Q
Question
Question လို့ ဆိုတိုင်း "မေးခွန်း" ကိုပြောတာ မဟုတ်ပါဘူး။ Question of Money ဆိုတာ "ငွေသာ အဓိက" လို့ အဓိပ္ပါယ်ရတယ်။ နောက်တစ်ခုက…
Question of How တဲ့။ "လုပ်နည်း ကိုင်နည်းက အရေးကြီးတယ်" ဆိုပဲ။ ကျွန်တော်ကတော့ Question နဲ့ စတဲ့ အဲဒီ စကားလုံးနှစ်လုံးကို ထပ်တလဲလဲ ရေရွတ်နေမိတယ်။ "ငွေသာ အဓိက" "လုပ်နည်းကိုင်နည်းက အရေးကြီးတယ်"။ အဲဒီလိုနဲ့ပဲ ကျွန်တော့်ဦးနှောက်ထဲမှာ Question (မေးခွန်း)တွေ အထပ်ထပ် တိုးပွားလာပြန်လေရော။

R
Roaring
Roaring ဆိုတာ အသံကျယ်လောင်တာကို ခေါ်တာပါ။ အဲဒါကလည်း တွဲစပ်တဲ့ စကားလုံးနဲ့ လိုက်ပြီး အဓိပ္ပါယ်အမျိုးမျိုး ပြောင်းတတ်တာပဲ။ Roaring trade ဆိုတာက အစုလိုက် အပြုံလိုက် အများအပြား ရောင်းချလိုက်ရတာကို ဆိုလိုတာပါ။ အချီကြီး ပွတယ်ပေါ့လေ။ Roaring drunk ဆိုရင်တော့ (drunk ဆိုတာကတော့ အရက်သောက်တာကို ဆိုလိုမှန်း အားလုံး သိကြပြီးသားပဲ) "အရက်မူးပြီး သောင်းကျန်း ဆူပူတယ်" ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ Roaring success ဆိုတာကလည်း အဲဒီသဘော ခပ်ဆန်ဆန်ပါပဲ။ Success ဆိုတာက "အောင်မြင်မှု" မဟုတ်လား။ အဲဒီတော့ Roaring success ဆိုတာ အကြီးအကျယ် အောင်မြင်မှုရတာကို ဆိုလိုတာပါပဲ။ ထူးဆန်းတဲ့ စကားတစ်လုံးတော့ ရှိသေးတယ်။ Roaring twenties တဲ့။ ဒီနေရာမှာ twenties (၂၀) ဆိုတဲ့ စကားလုံးဟာ ၁၉၂၀ ပြည့်နှစ်များကို ဆိုလိုတာပါ။ ၁၉၂၀ ကနေ ၁၉၂၉ ခုနှစ်အတွင်း ကာလတွေဟာ သူတို့ ဗြိတိသျှပြည်သူ လူထုတွေအတွက် ပျော်ရွှင်ချမ်းမြေ့စရာ ကာလတွေဖြစ်ခဲ့လို့ အဲဒီ စကားလုံး "တွင်" ခဲ့တာ ဆိုပဲ။ ကဲ ခင်ဗျားတို့ရဲ့ ပျော်ရွှင်ချမ်းမြေ့စရာ ကာလတွေကကော။ Roaring ဘယ်လောက်ဖြစ်မလဲ။ ten လား၊ twenties လား၊ thirties လား။

S
Snoot
Snoot ဆိုတာက နှာခေါင်းကို ခေါ်တာပါ။ အသက်ရှင်ဖို့အတွက် လိုအပ်တဲ့ "လေ" ကို ရှူရှိုက်ရတဲ့ အစိတ်အပိုင်းပေါ့လေ။ ကျွန်တော်တို့ဟာ ကိုယ့်နှာခေါင်းနဲ့ကိုယ် အသက်ရှူကြရတယ်မဟုတ်လား။ ဒါပေမယ့် snooty ဆိုတာကကျတော့ "ပိုက်ဆံချမ်းသာတဲ့သူတွေကို လိုက်ပြီး မျက်နှာလိုမျက်နှာရ ဖားနေတဲ့လူ" လို့ အဓိပ္ပါယ်ရပါတယ်။ တချို့က ကိုယ့်နှာခေါင်း (snoot)နဲ့ ကိုယ် အသက်ရှူကြတယ်။ တချို့ကျပြန်တော့ ပိုက်ဆံချမ်းသာတဲ့ လူတွေကို (snooty) လိုက်ဖားပြီး အသက်ရှူကြတယ်။ အသက်ရှင်သန်ပုံ နည်းတွေကတော့ အမျိုးမျိုး ရှိတာပေါ့လေ။

T
Twist
Twist ဆိုတာ ဗန်းစကားအနေနဲ့ဆိုရင် "ကောင်မလေး ငယ်ငယ်၊ မိန်းမပျိုလေး" တဲ့။ အဲဒီ စကားလုံးကို -ed ပေါင်းထည့်လိုက်ရင် twisted ဆိုတာဟာ "နည်းနည်းလေး ရူးသွပ်တယ်" လို့ အဓိပ္ပါယ်ရတယ်။ အဲဒီ twist ကိုပဲ -er ပေါင်းထည့်လိုက်တော့ twister ဖြစ်လာတယ်။ အဓိပ္ပါယ်ကတော့ "မုန်တိုင်း" တဲ့။ အဲဒီ စကားလုံး သုံးခုဟာ ဘာကြောင့် ဆက်စပ်နေရတာလဲ။ ကျွန်တော့်စိတ်အထင်ကို ပြောရရင်တော့ မိန်းမပျိုလေးတွေဆိုတာ နည်းနည်းပါးပါးလေးလောက်တော့ ရူးသွပ်တတ်ကြသူတွေလည်း ဖြစ်မယ်၊ ပြီးတော့ တစ်ချိန်တည်းမှာ "မုန်တိုင်း" တွေလည်း ဖြစ်နေကြတယ်နဲ့ တူပါတယ်။

U
Uncle
Uncle (ဦးလေး) ဆိုတဲ့ ဝေါဟာရဟာ ကိုယ့်မိခင် ဖခင်ရဲ့ အစ်ကို (ဒါမှမဟုတ်) ညီကို ခေါ်တာပါ။ ဒါက ဆွေမျိုးစပ်တဲ့ သဘောနဲ့ပြောရရင်ပေါ့လေ။ အဲဒီလို မဟုတ်ဘဲ အလွတ်သဘောနဲ့ ပြောရရင် ကိုယ့်မိဘတွေရဲ့ ရင်းနှီးတဲ့ အမျိုးသား မိတ်ဆွေတွေကိုလည်း ဦးလေးအရင်းအချာလို သဘောထားပြီး Uncle John, Uncle Smith ရယ်လို့ နာမည်ရှေ့ကတပ်ပြီး တရိုတသေ ခေါ်လေ့ရှိပါတယ်။ ကျွန်တော်တို့ ဒီဘက်ခေတ်မှာတော့ "အန်ကယ်" ခေါ်ရတာတွေ သိပ်များတယ်။ အရိုအသေပေးရတာတွေလည်း သိပ် များတာပဲ။ (ကိုယ့်မိဘနဲ့ ရင်းနှီးသူတွေလည်း မဟုတ်ဘဲနဲ့) ဟိုနေရာရောက်ရင်လည်း "အန်ကယ်" ခေါ်ရ။ အရိုအသေပေးရ။ ဒီနေရာ ရောက်ရင်လည်း "အန်ကယ်" ခေါ်ရ အရိုအသေပေးရနဲ့။ နေရာတိုင်းမှာ မိန့်မိန့်ကြီး အရိုအသေခံနေကြတဲ့ "အန်ကယ်"တွေ အများကြီးပဲ။ Uncle ဆိုတဲ့ စကားလုံးတစ်လုံးတည်းရဲ့ ဗန်းစကားအဓိပ္ပါယ်ကတော့ "(ခိုးရာပါပစ္စည်း လက်ခံတဲ့) သူခိုးလက်ခံ" တဲ့။ ကျွန်တော့်ကို "အန်ကယ်" လို့ ခေါ်မယ်ဆိုရင် Uncle နောက်မှာ ကျွန်တော့်နာမည်လေးတော့ တပ် ခေါ်ပေးကြပါဗျာ။

V
VIP
VIP ဆိုတာ Very Important Person ကို ဆိုလိုပါတယ်။ "အလွန် အရေးကြီးသော ပုဂ္ဂိုလ်" လို့ အဓိပ္ပါယ် လေမလားပဲ။ နောက်တစ်မျိုးရှိသေးတယ်။ VIP နဲ့ ဆန့်ကျင်ဘက်လေ။ VOP တဲ့။ အဲဒါကတော့ Very Ordinary Person ကိုပြောတာပါ။ "ဘာမှမထူးခြားတဲ့ သာမန်လူပါ" တဲံ။ ကျွန်တော်ကတော့ စဉ်းစားမိတယ်။ လူလူချင်း အတူတူ အဲသည်လို နှစ်မျိုးနှစ်စား ခွဲခြားလို့ ရသလားလို့။ ဘယ်သူတွေက အရေးကြီးနေပြီး ဘယ်သူတွေကတော့ အရေးမကြီးဘဲ ဖြစ်နေရတာလဲ။ ဘယ်လိုအချက်အလက်တွေကို ကြည့်ပြီး လူတစ်ယောက်ကို VIP လား VOP လား ခွဲခြားတာလဲဟင်။ သူစီးလာတဲ့ ကားကို ကြည့်တာလား။ သူ ၀တ်လာတဲ့ အဝတ်အစားကို ကြည့်တာလား။ သူ့ရဲ့ အောင်မြင်ကျော်ကြားမှုကိုလား။ သူ့ ပိုက်ဆံလား။ ကျွန်တော့် အတွက်ကတော့ အိမ်သာတွင်း ပြည့်လျှံနေတဲ့ အချိန်မှာ မစင်တွင်း ဆယ်တဲ့လူဟာ VIP ပဲ။ သူက အရေးကြီးတယ်လေ မဟုတ်ဘူးလား။ အင်း VIP ကို နောက်ပြောင်ပြီး ဖွင့်ဆိုတဲ့ အဓိပ္ပါယ်တစ်မျိုး သပ်သပ်ရှိသေးတယ်။ Very Idiotic Person တဲ့။ "ရူးကြောင်ကြောင် ပုဂ္ဂိုလ်ကြီး" လို့ ပြောတာပါ။ "ခင်ဗျားဟာ ဘယ်လို VIP မျိုးလဲ" လို့ တချို့လူတွေကို လက်တို့ပြီး မေးကြည့်လိုက်စမ်းပါဗျာ။

W
Woman
Woe ဆိုတာက "ဒုက္ခ" ပါ။ Man ဆိုတာကတော့ "လူ၊ ယောက်ျား" ကို ပြောတာပါ။ အဲဒီ စကားလုံးနှစ်လုံးကို ပေါင်းစပ်လိုက်တော့ Woe(to)Man "ယောက်ျားကို ဒုက္ခပေးသူ" ဖြစ်လာပါတယ်။ အဲဒီ Woe+Man=Woman ဟာ "မိန်းမ" ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ အင်း မိန်းမ ဆိုတာဟာ ယောက်ျားတွေကို ဒုက္ခပေးသူတွေပဲလား။

X
X
X ဟာ အနမ်းရဲ့ သင်္ကေတပါ။ ခင်ဗျားရဲ့ ချစ်သူဆီကို စာရေးတဲ့အခါ စာရွက်ပေါ်မှာ အနမ်းရဲ့ သင်္ကေတလေး ထည့်ပေးလိုက်ချင်ရင် "X" ဆိုတဲ့ စကားလုံးကို ရေးထည့်လိုက်ရုံပါပဲ။ ဒါပေမယ့် ၀မ်းနည်းစရာကောင်းတာက X ဟာ ကြက်ခြေခတ် အမှတ်အသား၊ အမှား လက္ခဏာလည်း ဖြစ်နေသေးတယ်။ အနမ်းတွေသာ မှားယွင်းခဲ့ရင် X ကို နှစ်ခါ ထပ်ရေးရမယ်ထင်ပါရဲ့။ ချစ်သူရဲ့ အကျႌနောက်ကျောမှာ "XX" လို့ တံဆိပ် မကပ်ချင်ပါဘူး။

Y
Yesman
ကိုယ့်ရဲ့ အထက်လူကြီး လုပ်သမျှကို "ဟုတ်ပါ့ ဘုရား" "မှန်ပါ့ ဘုရား" ဆိုပြီး အမြဲတမ်း လက်ညှိုးထောင် ခေါင်းညိတ် လုပ်တတ်သူကို Yesman လို့ ခေါ်ပါတယ်။ ဘယ်တော့မဆို Yes လို့ပဲ ပြောနေတတ်သူပေါ့။ ဒါဖြင့်ရင် အထက်လူကြီးပြောတာကို ဆန့်ကျင် ကန့်ကွက်ရဲတဲ့ လူကိုကျတော့ကော No man လို့ ခေါ်ဖို့ကောင်းတာပေါ့။ ဒါပေမယ့် No man ဆိုတာက ("ဘယ်သူ တစ်ဦးတစ်ယောက်ကမှ…" ဆိုတဲ့ အငြင်းသဘောနဲ့) လူတစ်ယောက်မှ မရှိတာကို ဆိုလိုရာလည်း ရောက်နေပါတယ်။ ဟုတ်ပါရဲ့။ ဘယ်ရှိနိုင်မှာလဲနော်။

Z
Zero-Sum Game
ပြိုင်ပွဲတစ်ခုခု (ဒါမှမဟုတ်) ကစားပွဲ တစ်ခုခုမှာ တစ်စုံတစ်ယောက် အောင်မြင်ဖို့အတွက် တခြားတစ်စုံတစ်ယောက်က ရှုံးနိမ့်ပေးရတယ်ဆိုရင် အဲဒါကို Zero-Sum Game လို့ ခေါ်ပါတယ်။ ဥပမာပြောရရင် ကစားဝိုင်းမှာ ခင်ဗျားက ငွေတစ်သိန်း နိုင်လိုက်တယ် ဆိုပါစို့။ ဒါဆို အဲဒီငွေ တစ်သိန်းဟာ ခင်ဗျားလက်ထဲကို ဘယ်ကနေ ရောက်လာတာလဲ။ ရှင်းပါတယ်။ တခြား တစ်ယောက်က ငွေတစ်သိန်းကို ဆုံးရှုံးပေးလိုက် ရလို့ပေါ့။ (တစ်ဖက်မှာ အနုတ်လက္ခဏာပြမှ ခင်ဗျားဆီမှာ အပေါင်းလက္ခဏာ ပြလာတာပါ) အနုတ်နဲ့ အပေါင်းကို ချေလိုက်ရင် ဒီကစားဝိုင်းတစ်ခုလုံးရဲ့ ရလဒ်ဟာ "သုည" ပါပဲ။ ၂၁ ရာစုရဲ့ လမ်းကြောင်းဟာ "သုည" ဆီကို ဦးမတည်တော့ဘူး။ ကစားဝိုင်းထဲမှာ တစ်ယောက်အပေါ်က တစ်ယောက် အမြတ်ထုတ်ဖို့ မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် ညှိနှိုင်းခြင်းအားဖြင့် ရလဒ်အသစ်တွေ ထွက်ပေါ်လာစေဖို့ပါ။ Zero-Sum Game ဟာ ခေတ်တုံးသွားပြီဆိုတဲ့အကြောင်း မသိကြသေးတဲ့ အတ္တကြီးသူတချို့ကို တွေ့ရင် ပြောပြလိုက်ကြစမ်းပါဗျာ။ သူတို့တွေ တောက်လျှောက်နိုင်ဖို့အတွက် တခြားသူတွေက တောက်လျှောက်ရှုံးပေးနေရတာဟာ အဓိပ္ပါယ်ရှိရဲ့လား။

Continue

ပညာရှိတဲ့လူဟာ တွေးတတ်တယ်ဗျ။ တွေးတတ်တဲ့သူဟာ ကြောက်တတ်တယ်ဗျ။ ကြောက်လန့်ခြင်းဟာ တွေးတောခြင်းနဲ့ ဆက်စပ်နေသလို ပညာရှိခြင်းနဲ့လဲ ဆက်စပ်နေတယ်။

ဘမျိုးဘိုးတူ စာ-၁၇၆

မင်းသိင်္ခ

Continue

သွားသင့်တဲ့နေရာ မသွားသင့်တဲ့နေရာ အဲဒါလဲ ဘုန်းကြီး အများကြီး ဆင်ခြင်တယ်။ ဒီလမ်းကို သွားတော့မယ်ဆိုရင် သွားသင့်သလား၊ မသွားသင့်သလား၊ ကိုယ့်ဂုဏ်သိက္ခာနဲ့ ရောကိုက်သလား ဆင်ခြင်တယ်။ ဥပမာဆိုပါတော့- ကိုယ့်နေရာနဲ့ မနီးမဝေးမှာ အရက်ဆိုင်နဲ့ လောင်းကစားလုပ်တဲ့နေရာတွေ ရှိတယ်။ အဲဒီနေရာကို မသွားဘူး၊ ရှောင်နေတယ်၊ အဲဒီလို လမ်းတစ်ခုကို သွားတာကအစ ဆင်ခြင်ရတယ်နော်။
အဲဒီလိုပဲ အဝတ်အစား ၀တ်တော့မယ်ဆိုရင်လဲ ဒီအဝတ်အစားဟာ ကိုယ့်အသက်အရွယ်၊ ဂုဏ်သိက္ခာနဲ့ ကိုက်ညီရဲ့လား၊ ကိုယ့်မိဘရဲ့ ဂုဏ်သိက္ခာရော ထိခိုက်နိုင်မှာလား ထည့်တွက်ရတယ်။
တခြားလည်းဒီလိုပဲ ပြောတာဆိုတာ စကားလုံး အသုံးအနှုန်း ကို အများကြီး သတိထားရတယ်။ ဆင်ခြင်ရတယ်။ ရိုင်းတဲ့စကား ဗန်းစကား မသုံးရဘူး။ ကိုယ်သုံးတဲ့ စကားလုံးက ကိုယ့်အဆင့်အတန်းကို ဖော်ပြနေတယ်။

စာ-၁၇၁

ဆရာတော်ဦးဇောတိက

Continue

Whenever you fall, pick something up.(Oswald Avery)

Continue

"လူတစ်ယောက်ကို ချစ်ဖို့ကလွယ်ပါတယ်၊ မေတ္တာထားဖို့က ခက်ပါတယ်။
လူတစ်ယောက်ကို သနားဖို့ကလွယ်ပါတယ်၊ ကရုဏာထားဖို့က ခက်ပါတယ်။
လူတစ်ယောက်ကို ၀မ်းသာပေးဖို့ကလွယ်ပါတယ်၊ မနာလိုမရှုစိတ်မဖြစ်ဖို့က ခက်ပါတယ်။
လူတစ်ယောက်ကို ပေလျာလကန်ပြုဖို့ကလွယ်ပါတယ်၊ ခွင့်လွတ်တတ်ဖို့က ခက်ပါတယ်။"
(တပတ်လည်အတွေး...သုမောင်)

easy to love the one..but hard to love with no hope for return
easy to feel with pity to him...but hard to feel deeply from his place and help with no appreciation
easy to glad to the one who get success...but hard to feel with no jealousness
easy to neglect to him... but hard to forgive him entirely

Continue

The phrase "I don't know " is important in any language...

Continue

One murder make a villain......millions ,a hero...

Continue

မင်းသိပ်နှောင့်နှေးနေလို့
မင်းဘဝယိုယွင်းပျက်စီးသွားရတယ်
မင်းသိပ်အလျှင်လိုနေလို့
ကံကောင်းမှုတွေ ကုန်ဆုံးရတယ်
မင်းသိပ်စွဲမြဲနေလို့
မင်းဆုပ်ကိုင်ထားတာတွေ လွတ်သွားရတယ်
(Francois Villon)

Continue

"ရှုံးတာက ဒီလို ဂျင်မီရဲ့ ၊ ရှင်နဲ့ကျွန်မနဲ့ ဒီကနေ့ည အဖြစ်အပျက် အကြောင်းကို သူမသိရလို့ လူကဲခတ် လွဲသွားလို့ ရှုံးရရှာတာကိုး။ သူကောလိပ်ကျောင်းမှာ လက်ချာရာ လုပ်တုန်းက တရုတ်ကလပ်တွေကိုသူလာလာပြီး ကစားတဲ့လူတွေရဲ့ စိတ်ထားကိုစောင့်ပြီး အကဲခတ်ရာမှာ ဘယ်လိုစိတ်ထားမျိုးနဲ့ကစားရင်ရှုံးတတ်တယ် ဆိုတဲ့အကြောင်းကို သူတွေ့ရတယ်တဲ့။ ဥပမာ စိတ်ရှုပ်စရာ အကြောင်းတစ်စုံတစ်ရာ ရှိလျက်နဲ့ လာပြီးကစားသည်ဖြစ်စေ ၊ ရှုံးလျှင်ဒုက္ခရောက်မယ်ဆိုတဲ့ "ငွေပူ" မျိုးနဲ့လာပြီးကစားသည်ဖြစ်စေ ၊ မနိုင်လျှင်မဖြစ်ဘူး ၊ နိုင်မှဖြစ်မယ် ဆိုတဲ့ စိတ်ထားမျိုးနဲ့ လာပြီးကစားသည် ဖြစ်စေ အဲလိုလူမျိုးဟာ ရှုံးရှုံးသွားတာချည်း တွေ့ရတယ်တဲ့ " ။
လာကစားတဲ့သူတွေအနက်မှာ ဘယ်သူဟာ အထက်ပါ "ရှုံးစိတ် "မျိုးထားနေသလဲ ဆိုတာကိုသိရအောင် ရှေးဦးစွာစုံစမ်းသတဲ့ ၊ လူတွေအားလုံးအနက်မှာ ဒီလို " ရှုံးစိတ် " မျိုးထားတဲ့ လူတစ်ယောက်တော့ ပါတာချည်းပဲ ၊ သူ့ကိုတွေ့တာနဲ့ တပြိုင်နက် ဟိုလူထိုးတဲ့ ပုံကိုကြည့်ပြီး ဟိုလူနဲ့ဆန့်ကျင်ဘက်ထိုးတာပဲတဲ့ ၊ နောက်ဆုံးဟိုလူလဲ ပြောင်ရော ၊သူလဲပွရောပဲ ။ ... ။

Continue

မိဘတွေဟာ သားသမီးတွေဆီက လိုချင်တဲ့အရာ (၅) ပါးရှိပါတယ်...၊
  • ငါတို့သားသမီးသည် ငါတို့အိုမင်းသောအခါ ငါတို့အား ပြုစုလုပ်ကျွေးကြလိမ့်မည်။
  • ငါတို့၏ အမှုကိစ္စကို ပြုလုပ်ပေးကြလိမ့်မည်။
  • ငါတို့၏ အမျိုးအနွယ်ကို ကြာရှည်တည်တံ့အောင် ပြုလုပ်ကြလိမ့်မည်။
  • ကွယ်လွန်ပြီးသည့်နောက်၌လည်းငါတို့၏ အမွေခံအဖြစ် ကျန်ရစ်ကြပေလိမ့်မည်။
  • ဘဝတစ်ပါးပြောင်းသွားသောအခါ၌ ငါတို့အားအလှူ၏အဖို့ကို အမျှဝေကြပေလိမ့်မည်။

Continue

  • ကိုယ်ကယူလိုက်လို့တင်သွားတဲ့အကြွေး ရှိပါတယ်......အဲဒါကတော့ "ကျေးဇူးတရား" ပါပဲ၊
  • ကိုယ်ကပေးလိုက်မိလို့တင်သွားတဲ့အကြွေးလည်းရှိပါတယ်......အဲဒါကတော့ "ကတိစကား" ပါပဲ၊

Continue

"will power ဆိုတာ အဓိဋ္ဌာန်ခိုင်မာတာကို ပြောတာ၊ ဘယ်အလုပ်တစ်ခုကိုတော့ဖြင့် ငါလုပ်မယ်လို့ ဆုံးဖြတ်ထားရင် အဲဒါကိုပြီးမြောက်တဲ့အထိ လုပ်တာ will power ပဲ။ အဲဒီ will power မျိုးတော့ ငါ့မှာရှိတယ် ၊ငါ့ကိုယ်ငါ တာဝန်တစ်ခု အပ်နှင်းထားမယ်ဆိုပါတော့၊ အသေးအမွှားကိစ္စလို့ ငါသဘောမထားဘူး၊ ပြီးစီးအောင် လုပ်တယ်၊ ဘာကြောင့်လဲဆိုတော့အသေးအမွှားကိုမှ ပြီးစီးအောင်မလုပ်နိုင်ရင်အကြီးအမားကိစ္စ မှာငါ့ကိုငါ ဘယ်မှာယုံကြည်စိတ်ချ နိုင်ပါတော့မလဲ၊ ဥပမာ ဆိုပါစို့ ငါ့အိမ်ကနေ မြို့ ထဲသွားတဲ့အခါ လမ်းမှာတံတားတစ်ခု ဖြတ်ရတယ်၊ ဒီတံတားကို ဖြတ်တိုင်းမှာရေထဲကိုကျောက်တုံးတစ်လုံးစီ ရက်တစ်ရာတိတိ ချမယ်လို့ ငါဘာသာ အဓိဋ္ဌာန်ပြုထားတယ်ဆိုရင် ဒီတံတားကိုဖြတ်တိုင်းမှာကျောက်ခဲ တစ်လုံးတော့ ငါချတယ်၊ ခုနစ်ရက်မြောက်နေ့ မှာအမှတ်မဲ့ကျော်သွား မိတယ်ဆိုပါတော့ ၊ဟာ နောက်နေ့မှပဲ နှစ်လုံးချတော့မယ်ဆိုပြီးဆက်မသွားဘူး၊ ပြန်လှည့်လာပြီး ကျောက်ခဲတစ်လုံးချမယ်၊ ရက်နှစ်ဆယ်လောက်ရောက်တဲ့အခါ ၊ အာခတ်ရာ ဘာမှအဓိပ္ပါယ် မရှိပါဘူးကွာ၊ လုပ်မနေပါနဲ့၊ တစ်ရာသိပ်ပြည့်ချင်ရင်လည်း အဆုပ်လိုက်သာပစ်ချလိုက်စမ်းပါဆိုတဲ့အတွေးမျိုးဝင် မယ်ဆိုပါတော့၊ မရဘူး ငါလက်မခံဘူး၊ တစ်နေ့တစ်လုံးရက်ပေါင်းတစ်ရာအထိ ချမယ်လို့ ငါကိုယ်ငါ ကတိပေး ထားပြီးရင် တစ်နေ့တစ်လုံးရက်ပေါင်းတစ်ရာပဲ၊ သို့သော် တစ်ခုတော့ရှိတယ်၊ ကိုယ်သတ်မှတ်ထားတဲ့ကိစ္စကို ပြီးအောင် လုပ်ချင်သူဖြစ်တဲ့အတွက်ကိုယ့်ကိုကိုယ် သိပ်ခက်ခဲပင်ပန်းတဲ့ အလုပ်တွေ၊ လက်တွေ့မဖြစ်နိုင်တဲ့ လုပ်ငန်းမျိုးတွေ ခိုင်းလေ့မရှိဘူး၊ ငါကလွတ်လွတ်လပ်လပ်အေးအေးဆေးဆေးနေရတာကိုနှစ်သက်သေးတာကိုး။။ ဘေဘီလုံကအချမ်းသာဆုံးပုဂ္ဂိုလ်

Continue


When you were 1 year old , she fed you and bathed you.
You thanked her by crying all night long.
When you were 2 years old , she taught you to walk.

You thanked her by running away when she called.
When you were 3 years old , she made all yours meals with love.
You thanked her by tossing your plate on the floor.
When you were 4 years old , she gave you some crayons.
You thanked her by colouring the dining room table.
When you were 5 years old , she dressed you for holidays.
You thanked her by plopping into the nearest pile of mud.
When you were 6 years old , she walked you to school.
you thanked her by screaming , "I'M NOT GOING !".
when you were 7 years old , she bought you a baseball.
You thanked her by throwing it through the next-door-neighbour's window.
When you were 8 years old , she handed you an ice-cream.
You thanked her by dripping it all over your lap.
When you were 9 years old , she paid for piano lessons.
You thanked her by never even bothering to practise.
When you were 10 years old , she drove you all dry-from soccer to gymnastic to one birthday party after another.
You thanked her by jumping out of the car and never locking back.
When you were 11 years old , she took you and your friends to the movies.
You thanked her by asking to sit in a different row.
When you were 12 years old , she warned you not to watch certain TV shows.
You thanked her by waiting until she left the house.
When you were 13 , she suggested a haircut that was becoming.
You thanked her by telling her , she had no taste.
When you were 14 , she paid for a month away at summer camp.
You thanked her by forgetting to write a single letter.
When you were 15 , she came home from work , looking for a hug.
You thanked her by having out bedroom door locked.
When you were 16 , she taught you how to drive her car.
You thanked her by taking it every chance you could.
When you were 17 , she was expecting an important call.
You thanked her by being on the phone all night.
When you are 18 , she cried at your high school graduation.
You thanked her by staying out partying until dawn.
When you were 19 , she paid for your college tuition , drove you to campus , carried your bags.
You thanked her by saying good-bye outside the dorm so you wouldn't be embarrassed in front of your friends.
When you were 20 , she asked whether you were seeing anyone.
You thanked her by saying: "It's none of our business."
When you were 21 , she suggested certain careers for your future.
You thanked her by saying: "I don't want to be like you".
When you were 22 , she hugged you at your college graduation.
You thanked her by asking whether she could pay for a trip to Europe.
When you were 23 , she gave you furniture for your first apartment.
You thanked her by telling your friends it was ugly.
When you were 24 , she met your fiance and asked about your plans for the future.
You thanked her by glaring and growling ,"Muuhh-ther,please".
When you were 25 , she helped to play for your wedding, and she cried and told you how deeply she loved you.
You thanked her by moving halfway across the country.
When you were 30 , she called with some advice on the baby.
You thanked her by telling her ,"Things are different now".
When you were 40 , she called to remind you of a relative 's birthday.
You thanked her by saying you were "really busy right now".
When you were 50 , she fell ill and needed you to take care of.
You thanked her by reading about the burden parents become to their children.
And then one day , she quietly died.
And everything you never did came crashing down like thunder on your heart.
If she 's still around , never forget to love her more than ever.
And if she 's not , remember her unconditional love and pass it on.


ရေးတတ်လို့တော့မဟုတ်.သူငယ်ချင်းတစ်ယောက်က
အထင်ကြီးပြီးရေးခိုင်းလို့...
ကူးချထားတာ...

Continue

Somebody once said the best mirror you can ever have is on the face of a friend...

Continue

လက်က တစ်ခုကိုုလုပ်ပြီး စိတ်က တစ်ခြားကိုတွေးနေတာမျိုးဟာ သေးနုပ်သိမ်ဖျင်းတဲ့ စိတ်ဓာတ်ရဲ့ အမှတ်လက္ခဏာ ဖြစ်တယ်။ဘာပဲလုပ်လုပ် ကိုယ်လုပ်နေတဲ့ အလုပ်ထဲ စိတ်ရောက်နေရမယ်။ စာကိုသင်အံ လေ့ကျက် နေတုန်းမှာ ကစားတဲ့ဆီကို စိတ်ရောက်မနေသင့်ဘူး။ ကစားနေတုန်းမှာလဲ စာထဲကို စိတ်ရောက်မနေသင့်ဘူး။ ဒီလိုမှမဟုတ်ဘဲ စာအုပ်ကို ရှေ့ ဖြန့်ချပြီး တခြားကိုစိတ်ရောက်နေရင် ကိုယ့်အဖို့ နှစ်ခါဒုက္ခရှာတာနဲ့ အတူတူပဲ။ ဘာဖြစ်လို့လဲဆိုတော့ နောက်တစ်ခါ ပြန်ဖတ်ရတော့မှာကိုး။

Continue

The world belongs to women.
When a man is born, people ask how his mother is.
When he gets married, people exclaimed," Isn't the bride sweet?"
When he is dead, people ask, "How much did he leave fow her.

Continue

မင်းမိတ်ဆွေ အပေါင်းအသင်းကို ကူညီချင်တယ်ဆိုရင် ကူညီပါ...သို့သော် သူ့ကျောပေါ်က ၀န်ထုပ်ဝန်ပိုး ကိုကိုယ့်ကျောပေါ် ပြောင်းတင်တာမျိုးတော့ မဖြစ်စေနဲ့
ဘေဘီလုံ မှအချမ်းသာဆုံးပုဂ္ဂိုလ်

Continue


နောက်လိုက်မရှိ။ ခေါင်းဆောင်ချည်းသာ များအံ့။
နာခံသူမရှိ။ ပညာရှိဆရာ လုပ်လိုသူချည်းသာများအံ့။
နှိမ့်ချသူမရှိ။ အကြီးအမြတ် ဖြစ်လိုသူချည်းသာဖြစ်အံ့။
ထိုသူတို့ လုပ်သမျှ ကိစ္စအဝဝသည် ပျက်စီးရတတ်၏။
(လောကနီတိ)

Continue

"အစ်မ ကော်ဖီတိုက် "
ထိုအခိုက်အတန့်တွင် သူမမျက်နှာ ဖြူရော်သွားသည်။ အသက်ရှုဖို့ပင် မေ့သွားလောက်အောင် မှင်တက်သွားသည်။ ဒီကမ္ဘာကြီးတွင် သူမ
မသိသော၊ မစဉ်းစားမိသော အကြောင်းအရာများ အသေအချာကို ရှိနေခဲ့ပြီ။ အမြဲတမ်း အနစ်နာခံခဲ့သူ တစ်ကြိမ်တစ်ခါ ငြင်းဆိုခဲ့လျှင် တစ်ဖက်မှလူသည် အများကြီးမျှော်မှန်းထားခဲ့သောကြောင့် ဖြစ်မလာသောအခါ ၀မ်းနည်းရတတ်ပေလိမ့်မည်။ အမြဲတမ်းရယူတတ်သောသူဆီ
မှ မည်သူတစ်ဦးတစ်ယောက်ကမျှ ရရစေကောင်းလို့ မျှော်လင့်လိမ့်မည်မဟုတ်။ မျှော်လင့်ခဲ့လျှင်လည်း နားမလည်သောကြောင့်၊ အကြောင်းမသိသောကြောင့် မျှော်လင့်ခြင်းမျိုးပင် ဖြစ်လိမ့်မည်။
ကော်ဖီတစ်ခွက်သည် လူတိုင်ဝယ်သောက်နိုင်သည်။ဘာကြောင့် တောင်းသောက်ရသနည်း ဟူသောအကြောင်းရင်းကို ရပ်စားမိသော အခါ............သူမကြက်သေသေသွားသည်။ သူမထံမှ ထိုကောင်မလေးမျှော်မှန်းခဲ့သည်မှာ ကော်ဖီတစ်ခွက်ထက် သူမကသူ့အပေါ်တွင်
ညှာတာမှု၊ ရင်းနှီးမှု၊ အနစ်နာခံမှု နှင့်စေတနာများ ဖြစ်နိုင်ပါသည်။
လောကတွင်လူနှစ်မျိုး ရှိသည်။ အပေးသမား၊ အယူသမား ဖြစ်သည်။ အပေးသမားကလည်း လောကကြီးသို့တတ်နိုင်သမျှ ပေးကြမည်ဖြစ်ပြီး အယူသမားကလည်း လောကကြီးမှ တတ်နိုင်သလောက် ယူကြပေလိမ့်မည်။ အပေးသမား နှင့် အယူသမား ကို
သတ်မှတ်ထားသော စံနှုန်းများမှာတူညီကြမည် မဟုတ်ပေ။

သင်ကရောဘယ်လိုထင်ပါသလဲ..?

Continue
Related Posts Plugin for WordPress, Blogger...