အဝေးရောက်မြန်မာတစ်ယောက်ရဲ့ မျှဝေခြင်း

My Favorite IDE..

My Favorite Hosting.

My Favorite Search Engine..

My Favorite Project Site ..

Showing posts with label ဗဟုသုတ. Show all posts

အချစ်တစ်ခု ၊ ဆက်ဆံရေး တစ်ခုမှာ နားလည်မှုတွေက အရေးကြီးဆုံးလို့
ပြောကြပေမယ့် ကြင်သူကို ဘယ်လို နားလည်ပေးရမလဲ …သူ့စိတ်ထဲမှာ
ဘာတွေရှိနေတယ် ဆိုတာကို ကိုယ်က ဘယ်လို သိနိုင်မှာလဲ ဆိုတဲ့ မေးခွန်းတွေ
မကြာခဏ ကြားနေရမှာပါပဲ။သူတစ်ပါးဟာ ကိုယ်မဟုတ်တဲ့အတွက် သူတစ်ပါးကို
အပြည့်အဝ နားလည်ပေးဖို့ ၊ နားလည်နိုင်ဖို့ ဆိုတာရယ်၊ နားလည်ပေးနိုင်တယ်ပဲ
ထားဦးတော့ ကိုယ့်စိတ်ကရော ဘယ်လောက်ထိ သည်းခံနိုင်မှာလဲ ဆိုတာရယ်
တွေကရှိလာပြန်ပါတယ်။

မိန်းမသားတွေ နဲ့ ယောကျ်ားတွေရဲ ့ အတွင်းစိတ်မတူညီမှုတွေကြောင့်
တစ်ယောက်နဲ့ တစ်ယောက် နားမလည်နိုင်မှုတွေက ကြီးထွားလာပါတယ်။

မိန်းမသားတွေက ဘယ်လောက်ပဲ ပွင့်လင်းပါတယ် ဆိုဦးတော့ ဘယ်တော့မှ
တိုက်ရိုက် မပြောတတ်ပါဘူး။မျက်နှာစူပုပ်နေပြီး ရှောင်ဖယ်ဖယ် လုပ်နေတဲ့
မိန်းမတစ်ယောက်ကို သူ့ချစ်သူက “ဘာဖြစ်နေတာလ”ဲ လို့ မေးရင် “ဘာမှမဖြစ်ဘူး”
လို့ပဲ ပြန်ဖြေမှာပါပဲ။သည်းထန်စွာ ငိုကြွေးနေဦးတော့၊ ငိုရှိုက်နေတဲ့
ကြားကပဲ “အီး..ဟီး..ဟီး…ဘာမှ မဖြစ်ဘူး။ ဘာမှ မဖြစ်ပါဘူး ဆို” လို့
ပြန်ဖြေမှာပါပဲ။

ယောကျ်ားတစ်ယောက်ကျတော့ အဲလို မဟုတ်ပြန်ပါဘူး။“ဘာဖြစ်နေတာလဲ။
ဘာပြဿနာရှိလဲ” လို့ ယောကျ်ားတစ်ယောက်ကို သူ့ချစ်သူ အမျိုးသမီးက မေးရင်
“အေး…ပြဿနာကတော့ မင်း”ပဲ ဆိုပြီး တဲ့တိုး ပြန်ဖြေမှာပါ။

မိန်းမတွေကို သူ့စိတ်ထဲ ဘာတွေဖြစ်နေတယ်၊ ဘာတွေရှိနေတယ်ဆိုတာ
အလွယ်တကူ မသိနိုင်ပါဘူး။ဒါပေမယ့် မိန်းမတွေ အားလုံး တူညီတဲ့ လိုအင်ကတော့
သူတို့ ၀မ်းနည်း ငိုကြွေးရင် မှီတွယ်စရာ ပခုံးတစ်ဖက် ကို အလိုရှိတာပါပဲ။

မိန်းမတွေဟာ သူတို့စိတ်ထဲမှာ သူတို့ကိုယ် သူတို့ လုံခြုံမှုရှိတယ်။
ယောကျ်ား
တစ်ယောက ်ကြောင့် လုံခြံုမှုရတယ်လို့ စိတ်ထဲမှာ ခံစားရတယ်ဆိုရင် အဲဒီ
မိန်းမဟာ ဘဝမှာ ပျော်ရွှင်ပြီး အောင်မြင်တဲ့ ဘဝတစ်ခုကို
ပိုင်ဆိုင်နိုင်ပါတယ်။ ယောကျ်ားတစ်ယောက်ကြောင့် မိန်းမတစ်ယောက်ရဲ
့စိတ်မှာ လုံခြံုမှုရတယ် ဆိုရင် ဒီအချစ်ဟာ ဘယ်တော့မှ ပျောက်ပျက်သွားမှာ
မဟုတ်ပါဘူး။

ယောကျ်ားတစ်ယောက်ကျတော့ သူ့စိတ်မှာ သူဟာ မိန်းမတစ်ယောက်ရဲ ့
လိုအပ်ခြင်းကို ခံရတယ်လို့ ခံစားရရင် အဲဒီယောကျ်ားဟာ ဘဝမှာ ပျော်ရွှင်ပြီး
အောင်မြင်တဲ့ဘဝ ကိုဦးဆောင်တဲ့ ယောကျ်ားတစ်ယောက်ဖြစ်လာပါတယ်။

ယောကျ်ားတွေ အချစ်သစ်ရှာကြတယ်ဆိုတာမှာ များသောအားဖြင့်က
လက်ရှိချစ်သူက မိမိကို အားကိုးခြင်းမရှိဘူး။ လက်ရှိချစ်သူ အမျိုးသမီးက
သူ့ ခြေထောက်ပေါ်သူရပ်တည်နိုင်ပြီး ဘဝမှာ ချစ်သူ အမျိုးသား မပါဘဲ
အောင်မြင်နိုင်တဲ့ အမျိုးသမီးဖြစ်နေတတ်တာမျိုးဆိုရင် ချစ်သူ အမျိုးသားက
အချစ်သစ်ရှာတတ်ပါတယ်။ အဲဒီ အချစ်သစ်ဟာ သူ့ကို အားကိုးတဲ့ ၊ အစစ အရာရာ
အမျိုးသားထက် နိမ့်ပါးသူ ဖြစ်တတ်ပါတယ်။ ဒါဟာလည်း ယောကျ်ားတစ်ယောက်ရဲ
့စိတ်သဘာဝပါပဲ။ အချစ်စစ် ဆိုတာ ရင်ထဲမှာ ရှိကောင်းရှိနိုင်ပါတယ်။ဒါပေမယ့်
ယောကျ်ား တစ်ယောက်ဟာ မိန်းမတစ်ယောက်ရဲ ့ ဘဝမှာ သူ့ကို မလိုအပ်ဘဲ
အောင်မြင်နိုင်တယ်လို့ ယူဆသွားရင် အဲဒီယောကျာ်းဟာ တခြားတစ်ယောက်ကို
ပြောင်းချစ်မှာ အသေအချာပါပဲ။

မိန်းမတစ်ယောက် အနေနဲ့ကျတော့လည်း သူမ ကို မြတ်နိုးစုံမက်တဲ့ ၊
သူ့စိတ်မှာ အားကိုးရာလို့ ထင်မြင်နိုင်မယ့် ယောကျ်ားတစ်ယောက်ကို
သာအလိုရှိပါတယ်။ ရုပ်ဝထ္ထုပစ္စည်း ကြွယ်ဝချမ်းသာမှု နဲ့ မဆိုင်ဘဲ
စိတ်ပိုင်းဆိုင်ရာ လုံခြံုနွေးထွေးမှု ပေးနိုင်မယ့် ယောကျ်ားတစ်ယောက်ကို
ဘဝမှာလက်တွဲလိုပါတယ်။

မိန်းမတစ်ယောက်ကို စည်းစိမ် ဥစ္စာ ပြည့်စုံအောင် ထားပေးနိုင်တာနဲ့
အဲဒီ မိန်းမကို စိတ်ပိုင်းဆိုင်ရာ လုံခြံုမှု ပေးနိုင်တယ်လို့
မဆိုနိုင်ပါဘူး။ မိန်းမတစ်ယောက် စိတ်ပိုင်းဆိုင်ရာ လုံခြံုမှု ရှိဖို့
ဆိုတာက သူမ တစ်ယောက်တည်းကိုသာ ချစ်သူအမျိုးသားက မြတ်နိုးတယ် ဆိုတာ
သူမစိတ်မှာ သိထားရင် လုံလောက်ပါပြီ။

ချစ်သူ အမျိုးသားရဲ ့ ချစ်တယ် ဆိုတဲ့ စကားတစ်ခွန်းဟာ သူမ အတွက်
ဘဝမှာ ခွန်အားပါပဲ။ဒါပေမယ့် အမျိုးသားတွေကကျတော့ ချစ်သူ အမျိုးသမီးကို
ချစ်တယ် ဆိုတာ ဘဝမှာ တစ်ခါ ပြောပြီးရုံနဲ့ လုံလောက်ပြီ ထင်တတ်ကြပါတယ်။
မိန်းမတစ်ယောက်အတွက် ချစ်သူ အမျိုးသား
ရဲ ့သိပ်ချစ်တာပဲ ဆိုတဲ့ စကားတစ်ခွန်းဟာ နေ့စဉ်လိုအပ်ပါတယ်။ သူမရဲ
့ကြောက်ရွံ ့ မှုတွေ၊ သူမရဲ ့
၀မ်းနည်းအားငယ်မှုတွေကို ချစ်သူအမျိုးသားကို ပြောပြဝေမျှ ပါတယ်။
သူမငိုချင်ရင် အချိန်မရွေး သူမ ငိုနိုင်ပါတယ်။

ယောကျ်ားတွေကျတော့ အဲလို မဟုတ်ပါဘူး။ လူသားတစ်ယောက်ဖြစ်တဲ့အတွက်
၀မ်းနည်းအားငယ်မှု ၊ ကြောက်ရွံ ့ မှု ၊ ထိတ်လန့်မှုတွေကိုလည်း
အမျိုးသားများ အနည်းနဲ့ အများ ဆိုသလို ခံစားရပေမယ့် ချစ်သူ အမျိုးသမီးကို
ဝေမျှ ပြောပြလေ့မရှိပါဘူး။ ငိုတယ်ဆိုတာ ယောကျာ်းအလုပ် မဟုတ်ဘူး။
ယောကျ်ားတွေဟာ ဘယ်တော့မှ မငိုဘူးဆိုတဲ့ တလွဲအတွေးနဲ့ သူတို့ဟာ
ခံစားချက်တွေကို ဝေမျှဖို့ အလွန် ကပ်စေးနှဲသူများ ဖြစ်တတ်ကြပါတယ်။
တကယ်လို့ ခံစားချက်တွေကို ဝေမျှ လိုက်ရင် ပြေလည်သွားမယ့်
ဆက်ဆံရေးတစ်ခုမှာ ယောကျ်ားတွေရဲ ့ အဲလို တလွဲမာနကြောင့် အက်ရာ ထင်ခဲ့ရတဲ့
ဆက်ဆံရေးတွေ၊ ပြိုပျက်ခဲ့ရတဲ့ ဆက်ဆံရေးတွေ အနည်းနဲ့ အများရှိပါတယ်။

ပညာတတ် ၊ ရာထူး နဲ့ မိန်းမတွေဟာ အချစ်ရေး၊ အိမ်ထောင်ရေးမှာ
မအောင်မြင်တတ်ဘူး။ ချစ်သူ ယောကျ်ားရဲ ့ စွန့်ပစ်ခြင်းကို ခံရတယ်ဆိုတဲ့
ကြားနေရတဲ့ လူမှုဆက်ဆံရေးနယ်ပယ်က စကားတွေက မှန်သင့်သလောက်တော့မှန်ပါတယ်။
တကယ်ပဲ အဲလိုဖြစ်နေတာတွေ ရာခိုင်နှုန်းမများလှပေမယ့် ရှိနေတာပါပဲ။တကယ်တန်း
မချစ်လို့ မဟုတ်ဘဲယောကျာ်း
တစ်ယောက် ရဲ ့တလွဲမာန နဲ့ မိန်းမတစ်ယောက်ရဲ ့
မပွင့်လင်းမှုတွေကြောင့်ဆိုတာ အဓိကအချက်ဖြစ်ပါတယ်။

မိန်းမတစ်ယောက်အနေနဲ့ သူမရဲ ့ စိတ်ကို လုံခြံုနွေးထွေးမယ့် ၊
သူမတစ်ယောက်ကို သာလျှင် မြတ်နိုးမယ့် ယောကျ်ားတစ်ဦးကိုသာ အလိုရှိပါတယ်။
ယောကျ်ားတစ်ယောက်ကတော့ သူ့ကို လိုအပ်မယ့် မိန်းမတစ်ယောက်ကို
သာအလိုရှိပါတယ်။
ရေရှည်ခိုင်မြဲတဲ့ အချစ်တစ်ခု ဖြစ်ဖို့ရာမှာတော့
ယောကျ်ားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်ပြီဆိုရင် သူမ
ကိုချစ်တဲ့အကြောင်း နေ့စဉ် တစ်ခွန်းလောက်ပြောဖို့ လိုအပ်ပါတယ်။
ချက်ပြုတ်ကျွေးမွေးတဲ့ အစားအသောက်များကို ချီးမွမ်းပေးဖို့ ၊
၀တ်တဲ့အဝတ်နဲ့ လိုက်ဖက် လှပကြောင့် ချီးမွမ်းစကားလေးတွေ ပြောဖို့
လိုအပ်လှသလို မိန်းမတစ်ယောက်ကျတော့ ချစ်သူအမျိုးသားဟာ သူမဘဝအတွက်
အရေးပါတဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာ ၊ သူမဘဝအတွက် ချစ်သူအမျိုးသား
အမြဲလိုအပ်နေတယ်ဆိုတာ ၊ သူမ ဘယ်လောက် ယုံကြည် အားကိုး တယ်ဆိုတာ
အမျိုးသားကိုသိစေမယ်ဆိုရင် လှပအေးချမ်းတဲ့ အချစ်ဘဝ တစ်ခု အစဉ်အမြဲ
ဖြစ်နေမှာပါပဲ။

Continue

.net game programming C#.pdf
110_Amazing_Magic_Tricks_With_Everyday_Objects.pdf
167_C#NET_book.pdf
A.2.0.pdf
A_Programmers_Guide_to_.NET.chm
Apress.Beginning.Web.Development.Silverlight.And.ASP.NET.AJAX.Feb.2008.RETAiL.eBOOk-sUppLeX.pdf
Apress.Illustrated.C.Sharp.2008.Feb.2008.pdf
aspnet35unleashed.pdf

list ကို ထပ်လုပ်သွားပါဦးမယ် .. အပ်လုတ်က တင်ပီးပါပီ..... ပတ်ဝေါ့က ( mmiu3stud ) ပါ..

Continue

မျက်ရည်ခံမှဲ့ရှိရင် အိမ်ထောင်ရေး မကောင်းဘူး။ အိမ်ထောင်ဖက် ဇနီး၊ ခင်ပွန်းအသက် ဆုံးရှုံးရတတ်ပါတယ်။ အဲဒီအချက်ကတော့ တိုက်ဆိုင်တာပဲလား မသိပါဘူး။ ကျနော့် မျက်မြင်လက်တွေ့တွေ ကြုံခဲ့ဖူးပါတယ်။ အဲလို မျက်ရည်ခံမှဲ့ရှိရက်နဲ့ အိမ်ထောင်ရေးအဆင်ပြေနေသူတွေရှိရင် ရမ်းဂန်းကို လက်တို့လိုက်ပါ။ အော် မျက်ရည်ခံမှဲ့ဆိုတာ မျက်ရည်စီးကျတဲ့ လမ်းကြောင်းတည့်တည့်က နေရာကို ရည်ညွှန်းပါတယ်။ ဘေးရောက်နေတဲ့၊ နေရာမကျတဲ့ မှဲ့မဟုတ်ပါဘူး။

တချို့လူတွေက နဖူးတည့်တည့် မှဲ့ရှိရင် ကောင်းတယ်လို့ ယူဆကြပါတယ်။ ဘာမှန်းမသိဘဲ စွတ်ကောင်းနေတယ် ထင်ပါတယ်။ တကယ်က နဖူးတည့်တည့်မှာ မှဲ့ရှိရင် ငွေကြေးနဲ့ပက်သက်ပြီး စွပ်စွဲပြောဆိုခဲ့ရတာ၊ အပူသောကများတာ၊ နေရင်းထိုင်ရင်း ကိုယ့်ရှိတာထက် လူအထင်ကြီးခံရတာကြောင့် ဒုက္ခရောက်တာတွေ ဖြစ်တတ်ပါတယ်

မေးစေ့တည့်တည့်မှာ မှဲ့ရှိရင် ကိုယ်ပိုင်လုပ်ငန်းနဲ့ ကြီးပွားမယ်တဲ့။ သတင်းကောင်းနဲ့ကျော်ကြားမယ့်လူပေါ့။ မေးစေ့နားတစ်ဝိုက်မှာ ရှိရင်တော့ ဆင်းရဲဒုက္ခအမျိုးမျိုး ကြံုပြီးမှ အောင်မြင်မယ့်သူ ဖြစ်ပါတယ်။

လူအတော်များများက ဖြေဖဝါးဗွေပါသလား အောင့်မေ့ရအောင် လမ်းများတဲ့သူဆိုတာ မှဲ့ကနေ ဆင်းသက်မယ် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ခြေဖဝါးအလယ်တည့်တည့်မှာ မှဲ့ရှိရင် တစ်နေရာတည်းမှာ အတည်တကျမရှိဘဲ၊ ခြေသလုံးအိမ်တိုင် သွားလာ လှည့်ပတ်နေရပြီး ဘဝဆုံးပါး ပျက်စီးတတ်ပါတယ်။

ယောကျင်္ားတန်ဆာထိပ်မှာ မှဲ့ပါရင်တော့ ဆော်ကြည်မယ့်သူ၊ ပွေးမယ့်သူ၊ အိမ်ထောင်ဆက်များမယ့်သူလို့ ဆိုနိုင်ပါတယ်။ တန်ဆာထိပ်ကိုသာ ဆိုလိုပြီး အရင်းပိုင်းမှာပါတာနဲ့ မပက်သက်ပါဘူး။ မှဲ့များလေ ပိုပြီး ပွေးလေလို့ ဆရာတွေက မှတ်ချက်ပြုထားပါတယ်။ ဘော်ဘော်တွေထဲမှာ အဲလို မှဲ့ပါသူတစ်ဦးဟာ အတော်လေး စန်းပွင့်ပြီး ပျိုတိုင်းကြိုက်နှင်းဆီခိုင် ဖြစ်ခဲ့ဖူးပါတယ်။

မိန်းမမှာ ပါလာရင်တော့ ကာမစိတ်များပြားပြီး ဖောက်ပြန်လွယ်သူ၊ မာယာပရိယာယ်များသူ၊ တစ်နည်းအားဖြင့် ကိုယ့်စိတ်ကို လုံးဝမထိန်းနိုင်သူ အဖြစ် တွေ့ရတတ်ပါတယ်။

ရင်ညွှန့်တည့်တည့်မှဲ့ရှိရင်တော့ ဒါဟာ သူတော်ကောင်းဖြစ်သူ၊ တရားရှိသူ၊ ဒါမှမဟုတ် လောကီပညာရပ်တွေမှာ ပေါက်မြောက်ထူးခြားမယ့်သူ ဖြစ်ပါတယ်။

လည်ပင်းမှာ မှဲ့ရှိသူကတော့ ချမ်းသာမယ့်သူဖြစ်ပါတယ်။ ဆင်းရဲလည်း ခဏသာဖြစ်ပြီး မထင်မှတ်တဲ့အကြောင်း တစ်ခုကြောင့် စီးပွားပြန်ဖြစ်မယ့်သူ ဖြစ်ပါတယ်။

မှဲ့စလွယ် ်ဆိုတဲ့ ရင်ဘတ်မှာ စလွယ်ပုံစံဖြစ်နေတဲ့ မှဲ့ပိုင်ရှင်ကတော့ ရှေးအယူအဆအရ ဘုရင်ဖြစ်ဖူးသူလို့ ဆိုပါတယ်။ အဟောကတော့ အဆင့်အတန်းမြင့်တဲ့ဘဝမှာ နေရမယ်။ လူအများရဲ့ ကြည်ညိုလေးစားခံရမယ်။ ဇနီးမယားအပေါ် သြဇာညောင်းမယ်လို့ ဆိုပါတယ်။ အဲလိုမှဲ့စလွယ်ရှိသူတစ်ဦးဟာ ဘဝမှာ အပူအပင်မရှိ သက်တောင့်သက်သာနေထိုင်နေထိုင်ပြီး၊ ဇနီးက ပြန်လည်ရှာဖွေ ကျွေးမွေးနေရတဲ့ လူ့ဘော်ကျော့တစ်ဦးအဖြစ်လည်း တွေ့ခဲ့ဖူးပါတယ်။

မိန်းခလေးတွေရဲ့ အထက်နူတ်ခမ်း အောက်နူတ်ခမ်းနားမှာ မှဲ့ရှိရင် ယောကျင်္ားလေးများစွာရဲ့ ချစ်မြတ်နိုးမှုကို ရရှိတဲ့အပြင်၊ အစားကောင်းမှ ကြိုက်တတ်သူအဖြစ်လည်း ပေါ်လွင်တတ်ပါတယ်။ အစွဲအလန်းလည်း ကြီးတတ်သူ ဖြစ်ပါတယ်။

ဒါတွေအားလုံးကို အောက်က ဘလော့မှ ကူးယူဖော်ပြပါသည်။
http://www.younggun.co.cc/2009/06/blog-post_3983.html

Continue

အေသွေးပိုင်ရှင်များအကြောင်း

သွေးအမျိုးအစားကို လိုက်ပြီး လူတွေရဲ့ စိတ်နေစိတ်ထားတွေကို
ခန့်မှန်းလို့လည်း ရပါတယ်..ဒီနေ့တော့
သွေးအုပ်စု လေးမျိုးထဲက အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားများကို
ဖော်ပြပေးလိုက်ပါတယ်..
အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားကတော့ အောက်ပါအတို်င်းပါ..
ငယ်စဉ်ဘဝမှာတော့ သူတပါးကို
စဉ်းစားပေးတယ်ဆိုတာ သိပ်မရှိခဲ့ဘဲ ကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့... သူတပါးကို
နောက်ပြောင်ရတာကိုလဲ ကြိုက်နှစ်သက်ပါသတဲ့... ဒါပေမယ့် ကြီးပြင်းလာတာနဲ့
အမျှ ငယ်စဉ်က
စရိုက်သဘာဝများက တဖြည်းဖြည်း ပြောက်ကွယ်သွားပြီး သူများတကာတွေ အံ့အားသင့်လောက်အောင်
အေးဆေးတည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့... အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့်
အရာအားလုံးကို တာဝန်သိစွာ လုပ်ကိုင်တတ်သူများ ဖြစ်လာပါတယ်တဲ့... တခါတလေ ပတ်ဝန်းကျင်
အခြေအနေ မကောင်းတဲ့ အခါမှာ စိတ်လေလွင့်တတ်ပါတယ်တဲ့... အသစ်အဆန်းတွေကို
စမ်းသပ်လုပ်ကိုင်တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း
ကျင်လည်ရတာကို
နှစ်သက်သူများ ဖြစ်ကြပါတယ်... အလုပ်တစ်ခုကို လုပ်ပြီဆိုရင်လည်း
အလျင်လိုတာမျိုး မရှိဘဲ အဆင့်လိုက်
အဆင့်လိုက် တဖြည်းဖြည်းချင်း ဖြေရှင်းတတ်တဲ့ စတိုင်လ် ပါ... သပ်သပ်ရပ်ရပ်
စေ့စေ့စပ်စပ်နဲ့
အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်တတ်သူများပါ... နေ့စဉ်နေ့တိုင်း
လုပ်နေကြ အလုပ်တွေကိုပဲ
လုပ်နေတတ်လို့ အသစ်အဆန်းကို မရှိဘူးလို့ အပြောခံရတာကိုလည်း
ခံရတတ်ပါတယ်... ဒါ့အပြင် ဘယ်လို
အခြေအနေမျိုး မဆို ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ အတွေးဟာ ပြတ်သားလွန်းတာကြောင့်
မာဆတ်ဆတ်နိုင်တယ်... ဘုကြတယ် ဆိုပြီး အပြောခံရတာမျိုးလည်း ရှိနိုင်ပါတယ်...
အေသွေးပိုင်ရှင်များရဲ့ သူများနဲ့ မတူ ထူးခြားချက်ကတော့ တနေ့တာအတွင်း
ပေါ်ပေါက် ရင်ဆိုင်ရတဲ့ အလုပ်
မှန်သမျှကို စနစ်တကျ ဆောင်ရွက်တတ်ပေမယ့် စိတ်ရှုတ်လွယ်တဲ့
လူမျိုးတွေပါတဲ့... ကိုယ်နဲ့ ဆက်ဆံနေတဲ့
လူတွေကို နွေးနွေးထွေးထွေး ဆက်ဆံတတ်ပြီး သူတပါကို
ပျော်ရွှင်မှုပေးချင်ကြသူများ ဖြစ်ပါတယ်...
တခါတလေမှာတော့ သူများကို မယုံမကြည် ဖြစ်တတ်လို့ ကိုယ့်အကြောင်းတွေကို ဘယ်သူ့ကိုမှ
မပြောဘဲလည်း နေတတ်ပါသတဲ့... ဒီလို မယုံကြည်တတ်တဲ့ သဘောထားကြောင့် လူတွေနဲ့
ဆက်ဆံတဲ့အခါမှာ ကန့်လန့်ကာ တစ်ချပ်ချထားပြီး ဆက်ဆံတတ်ကြပါတယ်တဲ့... ဒီသဘာဝလေးကတော့
သူတို့ရဲ့ မကောင်းတဲ့ အကျင့်လေး တစ်ခုပါတဲ့... ဘဝရဲ့ အနှစ်သာရကို
တစ်နေရာမှာဘဲ မရှာဘဲ
အားလပ်ရက်ကိုလည်း ခုံမင်တတ်ပါတယ်တဲ့... အားလပ်တဲ့ အခါမှာ လျှောက်လည်ရတာကိုလည်း
နှစ်သက်သလို လျှောက်လည်လို့ ကုန်ကျတဲ့ စရိတ်ကိုလည်း မနှမျောပါဘူးတဲ့...
တစ်ယောက်တည်း သီးသန့်
ကမ္ဘာလေးကို တည်ဆောက်ချင်သူများ ဖြစ်ပါတယ်... အထက်လူကြီးရဲ့
အဆူခံရတာမျိုးကို ခံပြီးပြီဆိုရင်
မေ့လို့ မရဘဲ စိတ်ထဲမှာ သိမ်းထားတတ်တာကြောင့် စိတ်ဖိစီးမှုများရှိနေတတ်ပါတယ်...
ဒေါသထွက်တဲ့အခါမှာလည်း ဒေါသကို ဖော်ပြလေ့မရှိတာကြောင့် စိတ်ဖိစီးမှု
ပိုများတာ ဖြစ်ပါတယ်...
စိတ်ဖိစီးမှုတွေများနေတာကြောင့် စိတ်ဓါတ်ကျနေရတဲ့ နေရက်တွေလည်း
ရှိတတ်ပါတယ်တဲ့... ဒါကြောင့်မို့
စိတ်ထဲက မကြေနပ်ချက်လေးတွေကို တခါတလေ ဖော်ပြဘို့ လိုပါတယ်..


အေသွေးပိုင်ရှင် နှင့်လိုက်ဖက်မည့်သူ .

.အရင့်အရင် အပတ်တွေက သွေးအုပ်စုများ အကြောင်း ဖော်ပြပြီးခဲ့လို့ ဒီကနေ့တော့
ဘယ်သွေးအမျိုးအစားဟာ ဘယ်သွေးအမျိုးအစားနဲ့ လိုက်ဖက်ညီသလဲဆိုတာကို ဆက်လက်
ဖော်ပြပေးလိုက်ပါတယ်။ ဒီနေ့တော့ အေသွေးအတွက် ပေါ့နော်။

အေ-အေ (၇၀%)

အေသွေးယောင်္ကျားနဲ့ အေသွေးမိန်းမရဲ့ လိုက်ဖက်ညီ သဘောတွေ့နိုင်တဲ့
ရာခိုင်နှုန်းကတော့ ရ၀%
ဖြစ်ပါတယ်။ ပထမဆုံး စတွေ့တဲ့ အခါမှာတော့ တစ်ယောက်နဲ့ တစ်ယောက် သဘော မတွေ့မှုလေးတွေ
ရှိနေတတ်ပါတယ်။ ဒါပေမယ့် တစ်ယောက်ကို တစ်ယောက် နားလည်မှု
ရသွားပြီဆိုရင်တော့ ခွဲထားလို့ကို
မရလောက်အောင် ရင်းနှီးသွားတတ်ပါတယ်။ အကြိုက်ကလည်း တူသလို သူများတွေအမြင်မှာလည်း
အဆင်ပြေတဲ့ အတွဲလို့ မြင်စေပါတယ်။ အကယ်၍ ချစ်ခင်စုံမက်လို့ လက်ထပ်ချင်တာကို မိဘတွေက
သဘောမတူတာမျိုး ရှိခဲ့မယ်ဆိုရင် တောထဲ တောင်ထဲက ဘုန်းကြီးကျောင်းသွားပြီး
နှစ်ယောက်ထဲ
လက်ထပ်ရဲတဲ့ စိတ်ဓါတ်လည်း ရှိကြပါတယ်။ အေသွေးအချင်းချင်းရဲ့
တွေ့ဆုံခြင်းကတော့ စိတ်အချရဆုံးနဲ့
နှစ်ဦးခြားမှာ ရှိတဲ့ ချစ်ခြင်းမေတ္တာကိုလည်း ကြာရှည် ထိမ်းထားနိုင်ပါတယ်။
တစ်ခုပဲ သတိထားစရာ
လိုပါတယ်။ တစ်ယောက်ရဲ့ အကြောင်းကို တစ်ယောက်က စပ်စုလွန်းလို့ မကြေနပ်မှုလေးတွေ
ဖြစ်နိုင်လို့ပါပဲ။ အေးသွေးပိုင်ရှင် မိန်းကလေးတွေကတော့ တစ်ခါ
ချစ်ပြီဆိုရင် ဘယ်တော့မှ
မပြောင်းလဲတတ်တဲ့ စတိုင်လ်မျိုးလည်း ဖြစ်ပါတယ်။ ဒီလို အေသွေးပိုင်ရှင်
အချင်းချင်း ချစ်မိပြီဆိုရင်တော့
သန့်ရှင်းဖြူစင်တဲ့ အချစ်ကို ရမှာ အသေချာပါဘဲ။

အေ-ဘီ (၂၅%)

အေးသွေးနဲ့ ဘီသွေးတွေ့ပြီဆိုရင်တော့ တစ်ဘက်သတ် အချစ်က ပိုများပါတယ်။ အကယ်၍ အေသွေး
ယောင်္ကျားက ဘီသွေးမိန်းမကို ဇနီးအနေရဲ့ ရထားတယ်ဆိုရင်တော့ အဲဒီ့ ယောင်္ကျားဟာ အမြဲတမ်း
စိတ်အပူအပင်မရှိဘဲ နေထိုင်သွားလို့ ရပါတယ်။ အကယ်၍ ယောင်္ကျားက
ဘီသွေးဆိုရင်တော့ ဇနီးသည်ကို
ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ ဆက်ဆံတတ်ပြီး အားလုံးကို
နားလည်ပေးနိုင်ပါတယ်။ အေသွေး
ယောင်္ကျားများကို ကြည့်ရင် အမြဲတမ်းလိုလို တွေ့နိုင်တဲ့ အေးစက်တည်ငြိမ်မှု
အတွေးနက်နဲတဲ့ ပုံစံတွေက
အမြဲတမ်း ပျာယာခတ်နေတတ်တဲ့ ဘီသွေး မိန်းကလေးများရဲ့ စိတ်ကို
ညှို့ယူနိုင်ပါတယ်။ ဒါပေမယ့်
လိုက်ဖက်ညီမှုကတော့ ၂၅%ပဲ ရှိပါတယ်။

အေ-အို (၉၀%)

အိုသွေးပိုင်ရှင်မိန်းကလေးများရဲ့ ပွင့်လင်းတဲ့ အကျင့်နဲ့
အေသွေးပိုင်ရှင်အမျိုးသားများရဲ့ စေ့စပ်သေချာတဲ့
အကျင့်ကို ပေါင်းစပ်လိုက်ရင်တော့ တော်တော်ကို လိုက်ဖက်ညီတဲ့ အတွဲလေး
ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့်
တခါတလေမှာတော့ အိုသွေးများရင့် ပွင့်လင်းမှု၊ တက်ကြွမှုတွေက အေသွေးများရဲ့ အရောင်ကို
ဖုံးသွားတတ်တဲ့ အခါလည်း ရှိပါတယ်။ အေသွေးများ ပိုပြီး
သဘောထားကြီးဘို့တော့ လိုပါတယ်။
တခါတလေမှာ အေသွေးပိုင်ရှင်များက အိုသွေးပိုင်ရှင် လက်တွဲဖော်ကို အရမ်း
သွက်လက်လွန်းတယ်လို့
ထင်တတ်ကြပါတယ်။ ဒါပေမယ့် နှစ်ယောက်လုံး အေးစက်နေတာထက်စာရင် ဒီလို အတွဲလေးက ပိုပြီး
သင့်တော်ပါတယ်တဲ့။

အေ-အေဘီ (၅၀%)

အမြဲတမ်း အံ့သြစရာတွေနဲ့ ထူးဆန်းစရာတွေနဲ့ ပြည့်နေတတ်တဲ့
အေဘီသွေးပိုင်ရှင်မိန်းကလေးတွေက
အေသွေးပိုင်ရှင် ယောင်္ကျားလေးများရဲ့ စိတ်ကို ပိုပြီးလွယ်လွယ်နဲ့
ချဉ်းကပ်နိုင်သူများ ဖြစ်ပါတယ်။
အကြောင်းရင်းကတော့ အေဘီသွေးပိုင်ရှင် မိန်းကလေးများရဲ့ အမြင်မှာ အေသွေး
ယောင်္ကျားလေးများဟာ
ယုံကြည်စရာကောင်းပြီး သဘောကောင်းတယ်လို့ မြင်နေလို့ပါပဲ။ အေဘီသွေးရဲ့
ထူးခြား ဆန်းကြယ်မှုကို
အေသွေးပိုင်ရှင်များက နားလည် လက်ခံနိုင်တာကြောင့် အချင်းချင်း ရင်းနှီးမှု
ပိုများတတ်ပါတယ်။
တခါတလေမှာတော့ မီးနဲ့ တူတဲ့ အချစ်နဲ့ တွေ့ရတတ်ပါတယ်။ အေဘီသွေးပိုင်ရှင်
မိန်းကလေးများက
အေးဆေးပြီး ပုံမှန်နေတတ်တဲ့ ယောင်္ကျားများထက် ခေတ်ဆန်ပြီး သတ်သတ်ရပ်ရပ်
ထက်ထက်မျက်မျက်
ရှိတဲ့ ယောင်္ကျားမျိုးကို ပိုပြီး နှစ်သက်ကြပါတယ်။ ဒါကြောင့်မို့လည်း
ဒီလို အချက်တွေကို ပိုင်ဆိုင်ထားတဲ့
အေသွေးပိုင်ရှင်များနဲ့ ပိုပြီး ရင်းနှီးနိုင်တဲ့ အခြေအနေကများတာပါတဲ့။
ဒါပေမယ့်လည်း လိုက်ဖက်မှု
ရာခိုင်နှုန်းကတော့ ၅၀%ပါ။

ဘီသွေးပိုင်ရှင်များအကြောင်း

ဘီသွေးပိုင်ရှင်များကတော့ အရမ်းငယ်စဉ်မှာတော့ သွက်လက်ဖျက်လတ်ပြီး တက်တက်ကြွကြွနဲ့
လှုပ်ရှုားတတ်ပေမယ့် ကျောင်းစတတ်တဲ့ အရွယ်လောက်ကစပြီး ပတ်ဝန်းကျင်က လူတွေနဲ့
လိုက်လျောညီထွေအောင် မနေတတ်ဘဲ လေလွင့်နေတတ်ပြန်ပါသတဲ့... ဒါပေမယ့်
ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီ ဆိုရင်တော့ အားလုံးထက် ပိုပြီး
ကြိုးကြိုးစားစားနေတတ်ကြတဲ့ သူများဖြစ်လို့
ရှုံးနိမ့်မှုကို မကြောက်ဘဲ မပြတ်သော ဇွဲလုံ့လနဲ့သာ ဆက်လက်ပြီး
ကြိုးစားပါ... ကိုယ်သဘောကျတဲ့
အလုပ်တစ်ခုတည်းမှာဘဲ အာရုံအားလုံးကို နှစ်မြုပ်ထားတတ်တဲ့ စတိုင်လ်
ဖြစ်ပါတယ်... ဒါပေမယ့်
ပတ်ဝန်းကျင် အခြေအနေက မပေးခဲ့ဘူးဆိုရင်တော့ သိပ်မကြိုးစားတတ်ကြပါဘူးတဲ့...
ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့
ဘီသွေးပိုင်ရှင်များဟာ သတ်မှတ်ထားတဲ့
ပုံစံအတိုင်း ဆက်ဆံရတာမျိုးကို မနှစ်သက်ကြပါဘူး... ကိုယ်နဲ့ သိပ်
မခင်လှတဲ့ မိတ်ဆွေတွေနဲ့ အတူရှိတဲ့
အချိန်မှာတော့ ဟန်မပျက် အလိုက်တသင့် နေတတ်ကြသူများလည်း ဖြစ်ပါတယ်...
မျက်နှာခွဲခြားတတ်ပြီးတော့ တခြားသူတွေရဲ့ ရှေ့မှာ လူတတ်လုပ်ရတာမျိုးကိုလည်း
မနှစ်သက်တတ်ကြပါဘူး... ဘီသွေးပိုင်ရှင်များဟာ ပုံစံခွက်ထဲမှာ
ချုပ်နှောင်ခံရတာမျိုးကို မုန်းပြီး
လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားရတာကို နှစ်သက်ကြပါတယ်တဲ့... ဒါပေမယ့် သတိပြုစရာ
တစ်ခုကတော့ လွတ်လပ်မှုကိုဘဲ အစဉ် တောင့်တနေခြင်းကြောင့် ပတ်ဝန်းကျင်က လူတွေကို
ဒုက္ခပေးတတ်တယ်ဆိုတာကိုပါဘဲ...

ဘီသွေးပိုင်ရှင်များရဲ့ သူများနဲ့မတူ တမူထူးခြားနေတာကတော့ လွတ်လပ်စွာ
တွေးခေါ်တတ်တဲ့အပြင်
သူတပါးကို မှီခိုအားကိုနေရတာမျိုးကို မနှစ်သက်ကြပါဘူး...
ကိုယ်အားကိုကိုးပြီး အလုပ်အားလုံးကို
ဆောင်ရွက်ချင်ကြပါတယ်... အလုပ်တစ်ခုကို လုပ်နေစဉ်မှာတောင်
တခြားအလုပ်တစ်ခုကို တပြိုင်တည်း
ဆောင်ရွက်တတ်သူများလည်း ဖြစ်ပါတယ်... စည်းမျဉ်းစည်းကမ်းတွေကို သိပ်
ဂရုမစိုက်တတ်လို့ ကိုယ့်ထက်
အငယ်တွေရဲ့ ချစ်ခင်မှုကို ခံရတတ်ပေမယ့် လူကြီးတွေဆီကတော့ ဆူပူကြိမ်းမောင်းတာကို
ခံရတတ်ပါတယ်... တခါ ဒေါသထွက်ပြီဆိုရင်လည်း အဖြူအမည်း
မခွဲခြားနိုင်လောက်အောင်ပါဘဲတဲ့...
ဒေါသပြေတဲ့ အခါမှ အခြေအနေတွေကို ပြန်ရှင်းပြပြီး နားလည်မှုကို ယူတတ်ကြတဲ့
စတိုင်လ်မျိုးပါတဲ့...
အမှားတစ်ခုကို လုပ်မိတယ် ဆိုရင်လည်း ကိုယ်လုပ်တဲ့ အမှားအတွက်
တောင်းပန်ဘို့ ၀န်မလေးသူများလည်း
ဖြစ်ပါတယ်... တနည်းအားဖြင့် အတွင်းစိတ်ထား ပွင့်လင်းသူများ ဖြစ်ကြလို့
အထင်အလွဲခံရတာတို့ ရန်ညှိးတို့
မရှိတဲ့ သွေးပိုင်ရှင်များ ဖြစ်ပါတယ်။

ဘီသွေးပိုင်ရှင်နဲ့ လိုက်ဖက်မယ့်သူ

ဘီ-အေ (၂၀%)
ရှက်တတ်တဲ့ မိန်းကလေးမျိုးတွေကို ဘီသွေးယောင်္ကျားလေးများက နှစ်သက်ကြပါတယ်တဲ့။ ဘီသွေး
ယောင်္ကျားလေးများရဲ့ သွက်လက်ဖျတ်လတ်မှုနဲ့ အေသွေးမိန်းကလေးများရဲ့ နူးညံ့မှုကို
ပေါင်းစပ်လိုက်ရင်တော့ အရောင်လင်းလက်တဲ့ ချစ်သူတွေ ဖြစ်နိုင်ပါတယ်။
အထူးသဖြင့် နှစ်ယောက်တည်း
ရှိနေမယ်ဆိုရင်တော့ ပိုပြီး ရင်းနှီးနိုင်ပါတယ်။ ဒါပေမယ့် လိုက်ဖက်မှုကတော့ ၂၀%ပါ။

ဘီ-ဘီ (၆၅%)
ဘီသွေးယောင်္ကျားလေးနဲ့ ဘီသွေးမိန်းကလေး တွေ့ကြပြီ ဆိုရင်တော့ အချင်းချင်း
နားလည်မှုရှိပြီး
လိုက်ဖက်ပါတယ်တဲ့။ ဒီစုံတွဲကတော့ အချင်းချင်း ပျော်ရွှင်တဲ့
သူငယ်ချင်းအနေနဲ့ သော်လည်းကောင်း၊
လိုက်ဖက်ညီတဲ့ စုံတွဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ချစ်သူအချင်းချင်း
မပြောလောက်ဘူးလို့ ထင်နိုင်တဲ့
စကားကြမ်းကြမ်းတွေကို ပြောနေတတ်တဲ့ စုံတွဲတွေကို တွေ့ရင် ဘီသွေးစုံတွဲ
ဖြစ်တာက များပါတယ်တဲ့။
ဘေးမှာရှိနေတဲ့ လူတွေက ဒီစုံတွဲကို ကြည့်ပြီး ရန်ဖြစ်တော့မယ်လို့
စိုးရိမ်ရလောက်တဲ့ အထိပါပဲ။
ဘီသွေးပိုင်ရှင်များက လွတ်လပ်မှုကို နှစ်သက်ပြီး ကိုယ်လုပ်ချင်တာကို
လုပ်နေတတ်တဲ့ အတွက် ဒီအတွဲ
အဆင်ပြေဘို့ကတော့ တော်တော်ခက်ပါတယ်။ ရန်ဖြစ်ရင်းနဲ့ သံယောစဉ်
ဖြစ်သွားနိုင်သလို အချင်းချင်း
စိတ်ဆင်းရဲမှုတွေ ပေးပြီး ပြီးသွားတတ်တဲ့ အခါတွေလည်း ရှိပါတယ်တဲ့။

ဘီ-အို (၈၀%)

တခါတလေတော့ ပြဿနာ အကြီးကြီး ဖြစ်တတ်တဲ့ အတွဲလည်း ဖြစ်ပါတယ်။ ပြဿနာ ဖြေရှင်းမှုလည်း
သိပ်မရှိပါဘူး။ ဒါပေမယ့် ဘီသွေးယောင်္ကျားလေးများရဲ့ တက်ကြွမှုနဲ့
အိုသွေးမိန်းကလေးများရဲ့
လှုပ်ရှားမှုကို ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ ပျော်ရွှင်ဖွယ်ကောင်းတဲ့
အချိန်လေးတွေကို ပိုင်ဆိုင်နိုင်ပါတယ်။
ဒါပေမယ့် အမြဲတမ်း တစ်ခုခုကို စိတ်ပူနေရတတ်ပါတယ်။ ဒီစုံတွဲရဲ့
တူညီချက်ကတော့ အမြဲတမ်း
ပွဲလမ်းသဘင်ကို သွားဘို့ စိတ်လှုပ်ရှားနေသလိုမျိုး အမြဲတမ်း
စိတ်လှုပ်ရှားနေတယ်ဆိုတာပါပဲ။ ဒါကြောင့်
ဒီစုံတွဲ တွေ့ကြပြီဆိုရင်တော့ ကမ္ဘာမြေကြီး ပေါ်မှာ ရှိတဲ့
ပူပင်သောကမှန်သမျှကို မေ့ပြီး
ပျော်ရွှင်ဖွယ်ကောင်းတဲ့ အခြေအနေကို ဖန်တီးတတ်ကြပါတယ်။ တစ်ယောက်ကများ အကြံတစ်ခုလောက်
ပေးလိုက်ပြီဆိုရင် နောက်တစ်ယောက်က လက်ဝါးရိုက် လက်ခံတတ်တဲ့ အတွဲလည်း ဖြစ်ပါတယ်။

ဘီ-အေဘီ (၉၀%)

ဆန့်ကျင်ဘက် အဆုံးစွန် နှစ်ခု တွေ့ကြတာပါပဲ။ အချင်းချင်း လုံးဝကို မတူတဲ့ အတွက်
ပတ်ဝန်းကျင်ကလူတွေက အဆင်မပြေလောက်ဘူးလို့ ထင်ကြပေမယ့် တကယ်တော့ အရမ်းကို
အဆင်ပြေပြီး အချင်းချင်း နားလည်တတ်တဲ့ အတွဲလည်း ဖြစ်ပါတယ်။ အချင်းချင်း
ပေါင်းစပ်လုပ်ကိုင်နိုင်တဲ့
စွမ်းရည်လည်း မြင့်မားပြီး သူများတွေအမြင်မှာ ကြက်သီးထလောက်အောင်
ကဲကြသဲကြတဲ့ အတွဲလည်း
ဖြစ်ပါတယ်။ မြေအောက်ရထားစီတဲ့အခါမှာပဲ ဖြစ်ဖြစ် ဘတ်စ် စီးတဲ့အခါမှာပဲ
ဖြစ်ဖြစ် တပူးကပ်ကပ်နဲ့ နေတဲ့
အတွဲတွေက ဒီလို ဘီ-အေဘီသွေးပိုင်ရှင်များ ဖြစ်တတ်ကြပါတယ်။ ဘီသွေး
ယောင်္ကျားလေးများကတော့
အေဘီသွေးပိုင်ရှင် မိန်းကလေးများနဲ့ အတူတူ ရှိတဲ့အခါမှာ အမြဲတမ်း
ပျော်ရွှင်နေတတ်ပါတယ်။
ကိုယ်ကိုယ်တိုင်က ကြင်ကြင်နာနာနဲ့ မဆက်ဆံတတ်ပေမယ့် ချစ်သူလုပ်တဲ့ မိန်းကလေးက
ချွဲနွဲ့လိုက်ရင်တော့ ကြင်ကြင်နာနာပြန် ဆက်ဆံတတ်ကြတယ်။ အေဘီသွေးပိုင်ရှင်
မိန်းကလေးတွေကတော့
အရမ်း ကြင်နာဖွဲ့နွဲ့ လွန်းတဲ့ ယောင်္ကျားများ၊ မနားမနေ စကားပြောတတ်တဲ့
ယောင်္ကျားများကို
သိပ်မကြိုက်လှပါဘူး။ ကိုယ်တိုင်ကသာ ယောင်္ကျားလုပ်သူကို စကား
အဆက်မပြတ်ပြောချင်တတ်ပေမယ့်
တဘက်သားက ပူညံပူညံ လုပ်တာကိုတော့ မကြိုက်ကြပါဘူးတဲ့။ ဒါပေမယ့် ဒီအတွဲက
ဖြစ်နိုင်စွမ်း
အများဆုံးပါပဲ။

အိုသွေးပိုင်ရှင်များအကြောင်း

ဒီတစ်ခါ အိုသွေးပိုင်ရှင်များ အကြောင်း တင်ပြသွားမှာဖြစ်ပါတယ်...
အိုသွေးပိုင်ရှင်များကတော့
စရိုက်သဘာဝက ထူးခြားပါတယ်...
အိုသွေးပိုင်ရှင်များကတော့ အိမ်မှာတော့ ပြဿနာရှာတတ်ကြပေမယ့်
သူငယ်ချင်းတွေနဲ့ဆိုရင်တော့
သူငယ်ချင်းတွေကို ကြည့်ရှုစောင့်ရှောက်တတ်ပြီး လူတကာနဲ့ လိုက်လျောညီထွေအောင်
နေတတ်သူများဖြစ်ကြပါတယ်... အရာအားလုံးကို တက်တက်ကြွကြွနဲ့ ပါ၀င်ဆောင်ရွက်တတ်သူများ
ဖြစ်ကြပါတယ်... အလုပ်အားလုံးကိုလည်း ကိုယ့်အလုပ်လို့ သတ်မှတ်ပြီး ကြိုးကြိုးစားစား
ဆောင်ရွက်တတ်ကြသူများ ဖြစ်ပါတယ်... လုပ်ငန်းခွင်ကို ရောက်ပြီဆိုရင်လည်း သူတပါးကို
စာနာထောက်ထားတတ်ကြပါသတဲ့... အနာဂတ်အတွက် ရည်မှန်းချက် တစ်ခု ရှိပြီဆိုရင်
တစိုက်မတ်မတ်နဲ့
လုပ်ကိုင်တတ်ပေမယ့် မျှော်လင့်ချက် မရှိဘူးလို့ ထင်မိပြီဆိုရင်တော့
အစွဲအလမ်း တစ်ခုမှမထားဘဲ
လက်လျှော့ပစ်တဲ့ အကျင့်လေးများလည်း ရှိပါတယ်တဲ့... အလုပ်တစ်ခုကို
လုပ်ကိုင်နိုင်စွမ်း မြင့်မားသလို
အခြေအနေ အလိုက် စိတ်စုစည်းမှုလည်း ကောင်းမွန်ပါသတဲ့... ရလဒ်ကိုဘဲ
ဦးစားပေးသူများလို့လည်း
ဆိုနိုင်ပါသတဲ့... အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် plan အရင်ချပြီးမှ
လုပ်ကိုင်လေ့လည်း ရှိပါသတဲ့...
ကိုယ့် စတိုင်လ်နဲ့ကို နေတတ်သူများဖြစ်သလို ကိုယ်ပိုင် အတွေးအခေါ်များကို
ပိုင်ဆိုင်သူများလည်း
ဖြစ်ပါတယ်... ဒီလို စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တာမို့
အနုပညာလောကကို ခြေချမယ်ဆိုရင်လည်း
အောင်မြင်နိုင်တဲ့သူများ ဖြစ်ပါတယ်တဲ့.... ဒါပေမယ့် ကိုယ်ရဲ့
အတွေးအမြင်ကသာ အမှန်ဖြစ်တယ်ဆိုတဲ့
ယုံကြည်မှု ပြင်းထန်ချင်းက တခြားသူများရဲ့ ယုံကြည်မှုကို လစ်လျှူရှုသလို
ဖြစ်နေတတ်ပါတယ်...
အပန်းဖြေတာတို့ ၀ါသနာကို အကောင်အထည် ဖော်တာတို့ကိုတော့ သိပ်မနှစ်သက်လှပါဘူး...
အိုသွေးပိုင်ရှင်များက လက်တွေ့ကျကျ လုပ်ကိုင်ရတာကို နှစ်သက်ကြသူများလည်း
ဖြစ်ပါတယ်...
တခါတလေမှာတော့ Romantic ဆန်တာလေးတွေကိုလည်း ကြိုက်နှစ်သက်ကြပါတယ်တဲ့...
အိုသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ကိုယ့်အတွက် အရေးကြီးတဲ့
အရာတွေအတွက် အများကြီး
သည်းခံတတ်ပေမယ့် ရေရှည်တော့ သည်းမခံနိုင်ပါဘူးတဲ့... လူတွေနဲ့ ဆက်ဆံတဲ့
အခါမှာ ယုံကြည်မှု ရှိရှိနဲ့
ဆက်ဆံတတ်ပြီး ကိုယ့်ထက် အားနည်းသူနဲ့ ဆက်ဆံတဲ့ အခါမှာတော့ နွေးနွေးထွေးထွေး သဘောထား
ကြီးကြီးနဲ့ ဆက်ဆံတတ် ကြပါသတဲ့... ပြိုင်ချင်တဲ့ စိတ်ဓာတ် ပြင်းထန်လို့
တခါတလေမှာ မလိုအပ်ဘဲ
စိတ်ဆင်းရဲရတာမျိုးလည်း ရှိပါတယ်... အိုသွေးပိုင်ရှင်များက တခါတလေမှာ စကားနည်းပြီး
အေးအေးဆေးဆေး တစ်ယောက်တည်း တွေးခေါ်နေရတာကို ကြိုက်နှစ်သက်ကြပါသတဲ့...
တစ်ယောက်ယောက်နဲ့ စိတ်ကသိကအောင့် ဖြစ်တဲ့ အခါတိုင်း စိတ်ထဲမှာ စုမထားဘဲ တဘက်သားကို
ပြတ်ပြတ်သားသား ပြောတတ်ပါသတဲ့... ဒါပေမယ့် အားလုံး ပြီးသွားတဲ့ အခါမှာတော့ ဒါတွေ ငါ
ဘယ်တုန်းက လုပ်ခဲ့လို့လဲ ဆိုတဲ့ ပုံစံမျိုး အားလုံးကို မေ့ပြီးနေနိုင်သူများပါ...

အိုသွေးပိုင်ရှင်များနဲ့ လိုက်ဖက်မယ့်သူ

အို-အေ (၁၀၀%)

အိုသွေး ယောင်္ကျားလေးများရဲ့ လွတ်လွတ်လပ်လပ် နေတတ်တဲ့ သဘောနဲ့ အေသွေးပိုင်ရှင်
မိန်းကလေးများရဲ့ အလေးနက်ထားတတ်တဲ့ အကျင့်တွေကို ပေါင်းစပ်လိုက်ရင်တော့
သဘာဝကျတဲ့ အတွဲကို
ဖြစ်စေပါတယ်။ အေသွေးပိုင်ရှင်မိန်းကလေးများကတော့ အိုသွေးပိုင်ရှင်
ယောင်္ကျားလေးများကို အိုအေစစ်လို
အေးမြစေချင်ကြပါတယ်တဲ့။ အမြဲတမ်း ကံကောင်းမှုကို ဖြစ်စေပါတယ်တဲ့။
မိတ်ဆွေအဆင့်ဆိုရင်တော့
အကျိုးရှိစေမယ့် စကားများကို ဖလှယ်ရင်းနဲ့ ခင်မင်မှုကို ပိုမို
ဖြစ်စေပါတယ်။ အချင်းချင်း
နောက်ပြောင်ပြောဆိုတဲ့ အခါမှာလည်း အပြန်အလှန် ဖလှယ်နိုင်တာကြောင့် လိုက်ဖက်ညီတဲ့
အတွဲလေးလည်း ဖြစ်နိုင်ပါတယ်တဲ့။

အို-ဘီ (၇၅%)
မိန်းကလေးဘက်က လိုက်ကပ်နေတတ်တဲ့ အခြေအနေမျိုးတွေ ရှိပါတယ်တဲ့။ အမြဲတမ်း
ဘီသွေးမိန်းကလေးများရဲ့ စိတ်အသွားအလာကိုလည်း
မခန့်မှန်းနိုင်လောက်အောင်ပါတဲ့။ စိတ်ကတော့
ကြင်ကြင်နာနာ ဆက်ဆံချင်ပေမယ့် လုပ်လိုက်တဲ့ အလုပ်တိုင်းကတော့
အဆင်မပြေတာချည်းပါပဲ။ ဒါပေမယ့်
မိန်းကလေးဘက်ကတော့ သင့်ကို ကောင်းကောင်း ဆုံးဖြတ်နိုင်စွမ်းရှိတဲ့
ယောင်္ကျားတစ်ယောက်လို့
ယုံကြည်နေတတ်ပါတယ်။ ဒီအချက်ကို သတိထားပြီး သူမကို ဆွဲဆောင်ပါတဲ့။ ဒီလိုသာ
လုပ်မယ်ဆိုရင်တော့
ပိုပြီးချစ်လာနိုင်ပါတယ်တဲ့။ အချင်းချင်း အလေးထားတာရော ကတိကိုတည်ချင်တဲ့
စိတ်ဓါတ်တွေအားလုံးကြောင့် အချင်းချင်း သစ္စာဖောက်တာမျိုး လုံးဝမရှိပါဘူး။ တကယ်တော့
အိုသွေးပိုင်ရှင်ယောင်္ကျားလေးများက ကလေးဆန်ပြီး ချွဲတတ်တဲ့
မိန်းကလေးမျိုးကို လိုလားသလို
အိုသွေးမိန်းကလေးများကလည်း ကြင်နာပြီး နွေးထွေးတဲ့ ယောင်္ကျားမျိုးကို
လိုလားပါတယ်တဲ့။
ဒီအချက်မှာတော့ နည်းနည်း အဆင်မသင့်တာမျိုးတော့ ရှိတတ်ပါတယ်။

အို-အို (၄၀%)

အချင်းချင်း အရမ်းကို လိုက်ဖက်ညီတယ်လို့ ထင်ရပါတယ်။ သာမန် ယောင်္ကျားလေးနဲ့
မိန်းကလေးကြားမှာ
မပြောနိုင်လောက်တဲ့ အကြောင်းတွေကိုတောင် ပြောနိုင်လောက်အောင်
ရင်းနှီးနိုင်ပါတယ်တဲ့။ အချင်းချင်း
ယောင်္ကျားမိန်းမရယ်လို့ မတွေးပဲ သူငယ်ချင်းအနေနဲ့ ဆက်ဆံတတ်ကြပါတယ်။
လမ်းမှာ သူတောင်းစားများ
တွေ့ရင် ဒီတိုင်းမသွားနိုင်ပါဘူး။ စိတ်ထားကောင်းတယ်လို့
ဆိုလိုလို့ရပါတယ်။ အိုသွေးအချင်းချင်း အားလုံး
အိုကေမှာပဲလို့ ထင်နိုင်ကြပေမယ့် တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။
လိုက်ဖက်မှု ရာခိုင်နှုန်းက ၄၀%ပါ။

အို-အေဘီ (၉၅%)

အချင်းချင်း သိပ်အဆင်မပြေဘူးလို့ ထင်ရတဲ့ အတွဲပါ။ တစ်ကိုယ်ကောင်းဆန်တတ်တဲ့
အကျင့်လေးတွေကြောင့် စိတ်အခန့်မသင့်တာလေးတွေ ရှိတတ်ပါတယ်။ ရန်ဖြစ်ရာကနေ
သံယောစဉ်တွယ်တတ်တဲ့ အတွဲတွေလည်း ရှိနိုင်ပါတယ်။ အချင်းချင်း လက်တွေ့ကျကျ စဉ်းစား
ကပ်သပ်နေတတ်တဲ့ အတွက် သူများတွေ အမြင်မှာတော့ နည်းနည်း စိတ်ပင်ပန်းနေရတတ်ပါတယ်။
ဒါပေမယ့် လိုက်ဖက်ညီမယ့် ရာခိုင်နှုန်းကတော့ ၉၅% ပါ။


အေဘီသွေးပိုင်ရှင်များအကြောင်း

အေဘီသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ဒီလို ဖြစ်ပါတယ်...
အေဘီသွေးပိုင်ရှင်များဟာ သိပ်ပြီး
မထူးခြားလှတဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်ထားပါတယ်တဲ့...
မိဘကို ဆိုးတာမျိုးလည်း မရှိတဲ့ အေဘီသွေးပိုင်ရှင်များက အရာအားလုံးကို
ကွက်ကျော်မြင်တတ်လို့
အဆူခံရတာမျိုးလည်း လုံးဝ မရှိသလောက်ပါတဲ့... ကိုယ့်ပတ်ဝန်းကျင်မှာ
ဘာတွေဖြစ်နေတယ် ဆိုတာကို
လျင်လျင်မြန်မြန် အကဲခတ်နိုင်စွမ်းရှိသူများလည်း ဖြစ်ပါတယ်...
ဒါကြောင့်မို့ ပတ်ဝန်းကျင်က လူတွေက
အေဘီသွေးပိုင်ရှင်များကို စကားနည်းပြီး ဘုကျကျနိုင်လိုက်တာလို့ အပြောခံရတာမျိုးလည်း
ကြုံရတတ်ပါတယ်... ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ပတ်ဝန်းကျင်နဲ့
လိုက်လျောညီထွေအောင်
နေတတ်လာပြီး လူမှုဆက်ဆံရေးလည်း ကောင်းမွန်ပြေပြစ်လာပါတယ်တဲ့... အစပိုင်းမှာတော့
အလုပ်တစ်ခုကို ကြာရှည်လုပ်နိုင်တဲ့ ဇွဲ နည်းပါးတာကြောင့် အလုပ်တစ်ခုကို
လုပ်တဲ့ အခါမှာ မြန်မြန်
ပင်ပန်းအားလျော့ လွယ်ပါတယ်တဲ့... ဒါပေမယ့်လည်း ၀ီရိယစိုက်ပြီး
ကြိုးစားနေတဲ့ ကိုယ်ကိုတိုင်ရဲ့ ပုံစံကို
နှစ်သက်သူများ ဖြစ်လို့ ဘယ်အရာကိုမဆို လုပ်လိုစိတ် ပြင်းထန်ပြီး
ကြိုးကြိုးစားစား တက်တက်ကြွကြွနဲ့
လုပ်ဆောင်တတ်ပါတယ်တဲ့... လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာလည်း အပြောအဆိုကို အတတ်နိုင်ဆုံး
သတိထားတတ်ပြီး လုပ်ငန်းခွင်မှဆိုရင်လည်း အမှားမလုပ်မိအောင် သတိထား
လုပ်ကိုင်တတ်သူများ
ဖြစ်ပါတယ်... လူတစ်ယောက်နဲ့ တော်တော်လေး ရင်းနှီးလာတာတောင်မှ အဲဒီလူနဲ့
ကိုယ့်ရဲ့ ကြားမှာ
အတားအဆီး တစ်ခုကို ထားပြီးဆက်ဆံတတ်သူများလည်းဖြစ်ပါတယ်... ဒါကတော့ သူတပါးအပေါ်မှာ
အမှားလုပ်မိမှာကို စိုးရိမ်တတ်တဲ့ အေဘီသွေးပိုင်ရှင်များရဲ့
အသေးစိတ်လှတဲ့ အတွေများကြောင့်ဘဲ
ဖြစ်ပါတယ်... ဒါ့ပြင် အေဘီသွေးပိုင်ရှင်များဟာ တစ်ယောက်တည်းကိုဘဲ ခင်တတ်တဲ့
အကျင့်လည်းမရှိပါဘူးတဲ့... အလုပ်အများကြီးကို တစ်ပြိုင်နက်တည်း
လုပ်ကိုင်နိုင်စွမ်းရှိသူများ ဖြစ်သလို
အရာအားလုံးကို လက်တွေ့ကျကျ တွေးခေါ်ဆင်ချင်တတ်သူများလည်း ဖြစ်ပါတယ်... အလုပ်တစ်ခုကို
လုပ်တဲ့အခါမှာလည်း ထောင့်ပေါင်းစုံကနေ တွေးခေါ်ဆင်ချင်တတ်သူများ
ဖြစ်ပါတယ်တဲ့... မိဘဆွေမျိုး
သူငယ်ချင်းရယ်ဆိုပြီး သီးသန့် မခွဲခြားတတ်ဘဲ လူသားအားလုံးကို တန်းတူညီတူ
ဆက်ဆံတတ်သူများလည်း
ဖြစ်ပါတယ်... ဒါပေမယ့် တဘက်မှာလည်း အမြဲတမ်း ငွေရေးကြေးရေးကို စိတ်ပူနေတာကြောင့်
ပိုက်ဆံရှာနိုင်မယ့် အခြေအနေများကို အပူတပြင်း ရှာဖွေနေတတ်ပါတယ်တဲ့...
အေဘီသွေးပိုင်ရှင်များက
ကိုယ့်ရဲ့ ခံစားချက်ကို မျက်နှာမှာ မဖော်ပြတတ်သူများ ဖြစ်သလို
တော်ရုံတန်ရုံနဲ့ ဒေါသလည်း
မထွက်တတ်ပါဘူးတဲ့... ကိုယ့်ကို သစ္စာဖောက်သွားတဲ့သူကိုတော့ သေချာ
မှတ်ထားပြီး ကလဲ့စားခြေတတ်တဲ့
စရိုက်သဘာဝကို ပိုင်ဆိုင်သူများ ဖြစ်ပါတယ်... တခါတလေတော့ နူးညံ့တဲ့
စိတ်နေစိတ်ထားကို
အေဘီသွေးပိုင်ရှင်များရဲ့ မျက်နှာမှာ မြင်နိုင်သလို တခါတလေမှာတော့ ခက်ထန်မှုတွေကိုသာ
မြင်ရတတ်ပါတယ်.... ဒါတွေအားလုံးကတော့ အေဘီသွေးပိုင်ရှင်များ အကြောင်းသာ
ဖြစ်ပါတယ်...


အေဘီ သွေးပိုင်ရှင် နှင့်လိုက်ဖက်မည့်သူ

အေဘီ-အေ (၆၅%)

ဒီနှစ်ယောက်သာ တွေ့ကြပြီဆိုရင်တော့ ပတ်ဝန်းကျင်ကြီး တစ်ခုလုံးဟာ
ခြောက်ကပ်သွားတော့တာပါပဲ။
စကားတွေအများကြီး လိုအပ်တယ်လို့ ထင်ရပြီး အချင်းချင်း အပြိုင် ခေါင်းမာနေတတ်လို့
စိတ်အခန့်မသင့်မှုလေးတွေလည်း များတတ်ပါတယ်။ အေဘီသွေးပိုင်ရှင်
ယောင်္ကျားများရဲ့ ထူးခြားချက်ကို
နားမလည် နိုင်တာကြောင့် စိတ်ပင်ပန်းရတဲ့ အတွဲလည်း ဖြစ်ပါတယ်။ မေးတာကတခြား
ဖြေတာက တခြား
ဖြစ်တဲ့ အခါတွေလည်း များပါတယ်။ ဒီစုံတွဲလေးက ပြီးပြည့်စုံတဲ့ အတွဲလေးလို့
ပြောလို့ မရနိုင်သလို လုံးဝ
ပေါင်းစပ်လို့မရဘူးလို့လည်း ပြောလို့ မရပါဘူး။ အေသွေး မိန်းကလေးနဲ့
အေဘီသွေးယောင်္ကျားလေးတွေကတော့ နှစ်ဦးနှစ်ဘက်လုံးက သေချာပိရိတဲ့အပြင် အချင်းချင်းရဲ့
အားသာချက်လေးတွေကိုလည်း လက်ခံအသိအမှတ်ပြုတတ်ကြတာမို့ အဆင်ပြေတဲ့ အခြေအနေလေးကို
ဖန်တီးနိုင်ပါတယ်။ အေသွေးမိန်းကလေးတွေက စိတ်ဝင်စားစရာကောင်းတဲ့ စကား၊ ဟာသလေးတွေ
ပြောတတ်တဲ့ ယောင်္ကျားမျိုးကို သဘောကျတတ်ကြပါတယ်။

အေဘီ-ဘီ (၉၀%)

အေဘီသွေးယောင်္ကျားလေးများရဲ့ ပညာရှိရှိပြုမူတတ်တဲ့ အကျင့်လေးတွေက
ဘီသွေးမိန်းကလေးများကို
ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ အေဘီသွေးယောင်္ကျားလေးများကလည်း ဘီသွေးမိန်းကလေးများရဲ့
စမ်းသပ်လုပ်ကိုင်ချင်စိတ်၊ တက်ကြွဖျတ်လတ်မှုကို နှစ်သက်ကြပါတယ်တဲ့။
ဘီသွေးမိန်းကလေးများက
အေဘီသွေးယောင်္ကျားလေးများ ပွင့်ပွင့်လင်းလင်းနဲ့ ချစ်ခွင့်ပန်တဲ့
ပုံစံမျိုးကို သဘောကြသလို ညင်းလည်း
မညင်းနိုင်ပါဘူး။ ပွင်းလင်းတဲ့ စတိုင်လ်ကို လိုလားတာဟာ ဘီသွေးတွေရဲ့
စတိုင်လ်မို့ပါ။
ယောင်္ကျားလေးဘက်ကတော့ နည်းနည်း တစ်ကိုယ်ကောင်းဆန်တဲ့ အခါလေးတွေလည်း ရှိတတ်ကြပြီး
ရင်ထဲမှာ ခံစားရတဲ့အတိုင်း ဖော်ပြတတ်ပေမယ့် ဘီသွေးမိန်းကလေးများရဲ့
ခံစားချက်ကို သိုဝှက်တတ်တဲ့
အကျင့်လေးတွေကို နှစ်သက်ကြပါတယ်တဲ့။

အေဘီ-အို (၃၀%)

အချင်းချင်း လုံးဝ စရိုက်သဘာဝကို ပိုင်ဆိုင်ထားတာတောင်မှ တော်တော်
လိုက်ဖက်ညီတဲ့ အတွဲလေးလည်း
ဖြစ်ပါတယ်။ ချစ်သူအဖြစ်အနေထက် အစ်ကိုတစ်ယောက်လို ခင်မင်တွယ်တာတာမျိုးက
ပိုများပါတယ်။
အေဘီသွေး ယောင်္ကျားလေးများရဲ့ ပွင့်လင်းတဲ့ စရိုက်ဟာ
အိုသွေးပိုင်ရှင်မိန်းကလေးများရဲ့ မျက်စိမှာတော့
တော်တော် ဆွဲဆောင်မှုရှိနေတတ်ပါတယ်တဲ့။ အေးစက်ပြီး တရားကျကျ စဉ်းစားတတ်တဲ့
အေဘီသွေးပိုင််ရှင်
ယောင်္ကျားလေးများကို အိုသွေးမိန်းကလေးများက တောင့်တင်းခိုင်မာတဲ့
မှီခိုအားထားရာတစ်ခုလို့လည်း
ထင်တတ်ကြပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ လိုက်ဖက်ညီမှုကတော့ ၃၀%ပါ။

အေဘီ-အေဘီ (၉၀%)

အချင်းချင်း ကောင်းကောင်းနားလည်နိုင်တဲ့အပြင် တဘက်သားကိုလည်း
အလေးအနက်ထားတတ်ကြပါတယ်။ အဆင်ပြေတဲ့ အတွဲလေးတစ်တွဲဖြစ်ပေမယ့် သူများတွေအမြင်မှာတော့
သိပ်ပြီး မထူးခြားလှတဲ့ အတွဲလေး တစ်တွဲပါ။ တပူးကပ်ကပ်နေတတ်တဲ့
အတွဲလေးလည်း ဖြစ်ပါတယ်။
နှစ်ယောက်စလုံးက စဉ်းစားဉာဏ်ရှိတဲ့အတွက် တဘက်သားရဲ့ စရိုက်သဘာဝတွေအားလုံးကို
နားလည်ပေးနိုင်သလို မကြိုက်တဲ့ အပြုအမူကို ရှောင်ကျဉ်ကြပါတယ်။ တခါတလေမှာတော့
အတွေးအခေါ်တွေ မတိုက်ဆိုင်တဲ့အခါလေးတွေလည်းရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်
အပေးအယူမျှတဲ့ အတွဲဖြစ်တာကြောင့် ပျော်စရာကောင်းတဲ့ အတွဲလေးလည်း ဖြစ်ပါတယ်။
From Fwd mail

Continue

ကိုယ့်ကိုယ်ကို စတိုင်ကျနတဲ့ ယောကျ်ားလေးတစ်ယောက် ဖြစ်ချင်ပါတယ်ဆိုရင် ဘယ်လို အချက်လေးတွေကို လိုက်နာ သင့်တယ်၊ ဂရုတစိုက်ရှိသင့်တယ် ဆိုတာလေးတွေကို သိသလောက်၊ ဖတ်မှတ်ထားသလောက်၊ လက်လှမ်းမီသလောက် ရှာဖွေ ဖော်ပြပေးလိုက်ပါတယ်..

၁။ အဝတ်အစား ၀တ်ဆင်ရာမှာ စတိုင်ကျပါတယ် ဆိုတဲ့သူ တော်တော်များများဟာ ကြိုတင်ပြင်ဆင် တတ်တဲ့ အကျင့်ကောင်းတွေကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်.. အရေးတကြီး ချိန်းဆိုမှု၊ ညစာစားပွဲ၊ အစည်းအဝေး၊ အင်တာဗျူး၊ ဧည့်ခံပွဲ စသည်တို့အတွက် အဝတ်အစားများကို သွားမဲ့ရက် မတိုင်မီ ကတည်းက ကြိုတင် ရွေးချယ်ထားသင့်ပါတယ်.. သွားခါနီး ကပ်ပြီးမှ ပြင်ဆင်ရွေးချယ်တဲ့ အခါ အကျင်္ီ၊ ဘောင်းဘီ ကြယ်သီး၊ ဇစ် ပြုတ်နေတာတို့၊ မီးပူတိုက်ဖို့ အချိန်မရလိုက်တာတို့ စသဖြင့် အခက်အခဲများကို ရှောင်လွှဲပြီးသား ဖြစ်နိုင်ပါတယ်..

၂။ မိမိနဲ့ လိုက်ဖက်မှုရှိမဲ့ အဝတ်အစားကို ရွေးချယ်တတ်ပါစေ.. စူးရဲတောက်ပလွန်းသော အရောင်များ၊ ကြောင်ကြောင်ကြားကြားဒီဇိုင်းများ၊ တို့လို့တန်းလန်း အဝတ်အစားများသည် သင်၏ စတိုင်ကျနမှုကို ဖျက်ဆီးစေသော အဆိုးဝါးဆုံး အချက်များပင်ဖြစ်ပါတယ်.. အဝတ်နဲ့ လိုက်ဖက်သော ဖိနပ်၊ ရှူး၊ လည်စည်း၊ ခါးပတ် စသည်များကို ဆောင်ထားပါ။ သင့်တော်သည့် နေရာ၊ ပွဲလမ်းများတွင် ၀တ်ဆင်နိုင်ရန် ဖြစ်ပါတယ်.. ဖိနပ်များကို သပ်ရပ် သန့်ရှင်းနေရန် ဂရုစိုက်ပါ… ရှူးဖိနပ်ကို ပေါလစ် တိုက်ရန် မမေ့ပါနဲ့…


၃။ သင့်တော်တဲ့ ဘော်ဒီစပရေး၊ ရေမွှေး၊ Roll On ကို ရွေးချယ်သုံးစွဲပါ။ ယောကျ်ားလေးမို့ အမွှေးနံ့သာ မသုံးစွဲရဘူး ဆိုတဲ့ အယူအဆဟာ နှစ်တစ်ထောင် အကွာအဝေးမှာ ကျန်ခဲ့ပါပြီ.. ခေတ်မှီသူတိုင်း၊ မိမိကိုယ်ကို စတိုင်ကျချင်သူတိုင်း ကိုယ်နဲ့ လိုက်ဖက်မဲ့ မွှေးရနံ့ တစ်ခုခုကို သုံးစွဲတတ်ကြပါတယ်.. မွှေးရနံ့ တစ်ခုုကို သုံးစွဲခြင်းဟာ လူတွေကြားထဲမှာ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိစေပါတယ်.. ယောကျ်ားလေးများနဲ့ လိုက်ဖက်တဲ့ ရေမွှေးရန့ံမှာ အများအားဖြင့် သစ်သားရနံ့၊ သစ်သီးနံ့၊ ပရုပ်နံ့၊ အရှေ့တိုင်း အမွှေးအကြိုင်များ စသည်တို့နဲ့ ဖော်စပ်ထားတဲ့ မွှေးရနံ့များနဲ့ ပိုမို သင့်တော်ပါတယ်.. တရားလွန် မွှေးကြိုင်နေသော အမွှေးရနံ့ မျိုးကိုတော့ ရှောင်ကျဉ် သင့်ပါတယ်.. စတိုင်ကျခြင်းထက် ကျော်လွန်ပြီး လူတကာ နှာခေါင်းရှုံ့ စရာ ဖြစ်နိုင်လို့ပါ….


၄။ မိမိသွားလာမဲ့ ပွဲလမ်းသဘင်နဲ့ သင့်တော်လျှောက်ပတ်သော ၊ မိမိအသက်အရွယ်နှင့် လိုက်ဖက်သော အဝတ် အစားကို ရွေးချယ်တတ်ပါစေ.. ဂုဏ်သရေရှိ ဧည့်သည်အများအပြား ဖိတ်ကြားထားသောဧည့်ခံပွဲများ၊ မင်္ဂလာဆောင်အခမ်းအနားမျိုး တက်ရောက်ရန်အတွက် ရပ်ပ်ပါစတိုင်၊ ပန့်စတိုင် စသည်ဖြင့် ၀တ်စားဆင်ယင် သွားမည်ဆိုလျှင် စတိုင်ကျသူ တစ်ယောက်ထက် လူရယ်ဖို့သာ ဖြစ်နိုင်သဖြင့် လိုက်ဖက်သော ၀တ်စား ဆင်ယင်မှုကို ဂရုတစိုက် ရွေးချယ်ပါ..


၅။ ယောကျ်ားတစ်ယောက်ကို စတိုင်ကျနစေဖို့ အကြောင်းအချက်တွေထဲမှာ လိုက်ဖက်တဲ့ ဆံပင်ပုံစံ ရွေးချယ်မှုဟာလည်း အရေးပါပါတယ်.. ဆံပင်ပုံစံကြောင့် ရုပ်ရည်ပါ ပြောင်းလဲ သွားနိုင်ပါတယ်.. ဒါကြောင့် ကြုံရာ ဆိုင်မှာ ဆံပင်ကို ညှပ်ခြင်းထက် မိမိ ညှပ်နေကျ၊ မိမိနဲ့လိုက်ဖက်မဲ့ ဆံပင်ပုံစံကို မှန်ကန်စွာ ရွေးချယ်ပေးမဲ့ ဆိုင်မျိုးမှာသာ ဆံပင်ကို ပုံမှန် ညှပ်သင့်ပါတယ်..


၆။ ကျန်းမာရေး လေ့လာလိုက်စားပါ.. မိမိ အားလပ်ချိန်တွင် ကျန်းမာရေး လေ့ကျင့်ခန်းတစ်ခုခုကို မဖြစ်မနေ ပြုလုပ်သင့်ပါတယ်.. များများ အချိန်မပေးနိုင်လျှင်တောင်မှ ရေချိုးခါနီး နာရီဝက်လောက် အချိန်ယူ၍ ကိုယ်ခန္ဓာ ကြံ့ခိုင်သန်စွမ်းစေရန် လေ့ကျင့်ခန်းပြုလုပ်သည့် အကျင့်ကို မွေးမြူပါ…


၇။ သန့်ရှင်းသပ်ရပ်စွာ နေထိုင်ပါ.. သန့်ရှင်းသပ်ရပ်မှုသည်လည်း အမျိုးသားများကို စတိုင်ကျန စေသော အချက်တစ်ချက် ဖြစ်ပါတယ်.. မိမိခြေသည်း၊ လက်သည်းများ ခြေးညှော် ကင်းရှင်းစေရန် အစဉ်သတိပြုပါ.. မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးများ ရိတ်ပြီးတိုင်း after shave ကို သုံးစွဲပါ.. ညအိပ်ရာဝင်တိုင်း မျက်နှာသစ်ပြီး သင့်တော်သော Moisturizer ကို လိမ်းပြီးမှ အိပ်ရာဝင်ပါ…


၈။ ဆွဲကြိုး၊ လက်စွပ်၊ ဟန်းချိန်း အစရှိသော ရှိသမျှ အဆင်တန်ဆာများ ထုတ်၍ ဆင်မြန်း ထားခြင်းသည် စတိုင်ရှိခြင်းထက် အများအမြင်တွင် ယောကျ်ားမဆန်ဘဲ အကြွားပိုခြင်းဟုသာ အထင်ရောက်စေနိုင်ပါတယ်… နာရီကောင်း တစ်လုံးသည် ယောကျ်ားတစ်ယောက်အတွက် မရှိမဖြစ်သော အဆင်တန်ဆာ တစ်ခု ဖြစ်ပါတယ်.. အချိန်တန်ဖိုးထားတတ်သူ၊ တိကျသူ စသည့် အင်္ဂါရပ်များကို ပေါ်လွင်စေနိုင်ပါတယ်..


၉။ ကိုယ်နှင့် အဆမတန် သေးငယ်သော၊ သို့မဟုတ် ကြီးလွန်းသော အဝတ်အစားများကို ရှောင်ပါ.. ခေတ်အလွန်ဆန်လွန်းသော အဝတ်အစားများကိုလည်း ရှောင်သင့်ပါတယ်.. ခေတ်ဆန်လွန်းသော အဝတ်အစားများသည် အလျှင်အမြန် ခေတ်ကုန်သွားနိုင်ပါတယ်..


၁၀။ စကားပြော ရည်မွန်ခြင်း၊ ဆက်ဆံရေးကောင်းမွန်ခြင်း၊ ဗဟုသုတပြည့်စုံခြင်း၊ လူအများနှင့် သဟဇာတဖြစ်ခြင်း စသည့် အချက်များသည်လည်း ယောကျ်ားတစ်ယောက်၏ ကိုယ်ရည် ကိုယ်သွေးကို တောက်ပ စတိုင်ကျစေသော အချက်များ ဖြစ်ပါတယ်…

အမျိုးသားတွေ အတွက်လဲ ရေးပါဦးလို့ ဆိုလာတဲ့ သူငယ်ချင်းများအတွက် ဒီ ဆောင်းပါးလေးကို ရေးဖြစ်ပါတယ်ရှင်…. အားလုံး စတိုင်ကျကျနဲ့ လှပနိုင်ကြပါစေနော်..
From Fwd mail

Continue

သည်နည်းလေးဟာ ကောင်းလည်းကောင်း လုပ်ကြည့် ပျော်တယ်လို့ စကားဦးသန်းလိုက်ချင်ပါတယ်။ စုစုပေါင်းသုံးလေးမိနစ်ပဲချိန်ပေးဖို့ လိုမှာပါ။ ဒါပေမယ့် ပျော်စရာလေးပါ။ အရေးကြီးတာက ညွှန်ကြားချက်တွေအတိုင်း တစ်သဝေမသိမ်းလိုက်နာဖို့ ပါပဲ။ ညွှန်ကြားချက်တွေကို တစ်နည်းနည်း နဲ့လှည့်ဖျားမယ်ဆိုင်တော့ အောင်မြင်မှာမဟုတ်သလို နောက်ဆုံး ကျခါမှ လှည့်ဖျားမိခဲတဲ့အတွက် နောင်တရနေမှာလည်းအသေအချာပါ။ အဲ့တော့သုံးလေးမိနစ်လေးပဲ အချိန်ယူပြီးဒါလေးကို စမ်းကြည့်ပါ။ ကောင်းကောင်းကြီးပျော်သွားရပါစေမယ်။

သည်စာကို ပို့လိုက်တဲ့သူကပြောတယ်။ သည်စာကိုဖတ်ပြီး ဆယ်မိနစ်အတွင်းမှာ သူ့ ဆုတောင်းပြည့်ခဲ့တယ်ဆိုပဲ။ ဒါပေမယ့် မညာကြေး၊ မလိမ်ကြေးနော်. . .။

ပျော်စရာလည်းကောင်း ၊ အံ့သြစရာလည်းကောင်းတဲ့ အဖြေတွေပေါ်လာလိမ့်မယ်။

သည်နေရာကစပြီး တစ်ကြောင်းမှကျော်မဖတ်ပါနဲ့၊ သူ့အစီအစဉ်အတိုင်းဖတ်ရင်း လုပ်သွားပါ။

ကိုင်း . . . စလိုက်ကြရအောင်။

ပထမဆုံးစက စက္ကူလွတ်တစ်ရွက်နဲ့ မင်တံတစ်ချောင်းယူလိုက်ပါ။ ဘောပင်ဖြစ်ဖြစ်၊ ခဲတံဖြစ်ဖြစ်ပေါ့။ ရေးလို့ထင်ရင်ပြီးတာပဲနော့ ။

သတိထားရမှာက လူနာမည်တွေကိုရေးတဲ့အခါ ကိုယ်နဲ ့တကယ်သိကျွမ်းနေတဲ့သူ၊ ရင်းနှီးတဲ့ သူတွေကိုသာရွေးပါ။ ပြီးတော့ စိတ်ထဲမှာ ဖျိုးကနဲ ၊ ဖျတ်ကနဲနဲ ့ပထမဆုံး ပေါ်လာတာတွေကိုသာ ချရေးပါနော်။

ထပ်ပြောမယ်နော်။ တစ်လိုင်းချင်း ဖြည်းဖြည်းဖတ်ရင်း ဖြေသွားနော်။ လုံးဝကျော်မဖတ်နဲ ့၊
ကျော်ဖတ်လိုက်ရင် ပျော်စရာကောင်းတော့မှာ မဟုတ်ဘူးဆိုတာ ထပ်ပြီးပြောပါရစေနော်။

စပါပြီ . . .

(က) ရှေ ့ဦးစွာ 1 မှ 11 အထိ ကို အထက်မှအောက် တန်းစီပြီး ချရေးလိုက်ပါ။
နံပါတ်စဉ်ထိုးတဲ့ သဘောပါ။
နမူနာ - 1
2
3
4
5
6
7
8
9
10
11
(ခ) ပြီးရင် နံပါတ် 1 ဘေးမှာ ကိုယ်ကြိုက်တဲ့ ဂဏန်းတစ်ခုကိုရေးလိုက်ပါ။
(ဥပမာ-တစ် မှ ကိုး (သို ့) တစ်ရာထိ ကြိုက်ရာပါ)

(ဂ) နံပါတ် 2 ဘေးမှာလဲ ကိုယ်ကြိုက်တဲ့ ဂဏန်းတစ်ခုကိုရေးလိုက်ပါ။
(ဥပမာ-တစ် မှ ကိုး (သို ့) တစ်ရာထိ ကြိုက်ရာပါ)

(ဃ) နံပါတ် 3 ဘေး နဲ ့ နံပါတ် 7 ဘေး မှာအနီးစပ်ဆုံး ဆန် ့ကျင်ဘက်များရဲ
့နာမည်များ ချရေးပါ။ (ယောက်ျားဖြေတာဆိုရင် မိန်းမနှစ်ယောက်နာမည်၊
မိန်းမဖြေတာဆိုရင် ယောက်ျားနှစ်ယောက်နာမည်တွေပဲပေါ့) (ဖျတ်ကနဲပေါ်တာနော်၊
မြန်မြန်လေး)

ထပ်ပြီးသတိပေးပါရစေ။ ကျော်မဖတ်ပါနဲ ့နော်၊ ကျော်ဖတ်ရင်
အားလုံးလွဲကုန်ပါလိမ့်မယ်။
ကောင်းပါပြီ။ အပေါ်ကညွှန်ကြားချက်တွေအတိုင်းရေးလို ့ပြီးမယ်ထင်ပါတယ်။ ဆက်မယ်နော်။

(င) နံပါတ် 4၊ 5၊ 6 ဘေးမှာ မိသားစုထဲကဖြစ်ဖြစ် ၊ မိတ်ဆွေ ၊
သူငယ်ချင်းထဲကဖြစ်ဖြစ်
ခေါင်းထဲ ပေါ်လာတဲ့ နာမည်သုံးခု ကိုချရေးလိုက်ပါဦး။
(အရင်ရေးပြီးမှဆက်ဖတ်ပါနော်)။

သတိပေးချင်ပါသေးတယ်။ အလိမ်နဲ ့၊ မညာနဲ ့နော်။ လိမ်ညာမိရင်နောက်မှ
နောင်တရနေလိမ့်မယ်။

(စ) သီချင်းခေါင်းစဉ် လေးခုကို နံပါတ် 8 ၊ 9၊ 10 နဲ ့ 11 ဘေးမှာချရေးလိုက်ပါ။
(စဉ်းစားရတော့ခက်မယ်ထင်တယ်။ သီချင်းခေါင်းစဉ်မသိလဲ သီချင်းစာပိုဒ်လေးသာ
ခံစားမိသလို ဖျတ်ကနဲပေါ်တာတွေသာချရေးလိုက်နော်။ အကြာကြီးစဉ်းစားမနေနဲ ့)

(ဆ) ကဲ . . . အားလုံးပြီးသွားပြီနော်။ ပြီးသွားပြီဆိုရင် လိုရာဆုတောင်းလိုက်ပါ။

အားလုံးသေချာပြီဆိုရင်တော့အဖြေတွေကို ကြည့်လိုက်တော့နော်


အခုတောင်းတဲ့ဆုလေးပြည့်ချင်တယ်ဆိုရင် အခုအမေးအဖြေလေးတွေအကြောင်းကို

နံပါတ် 1 မှာ သင်ရေးထားတဲ့ ဂဏန်းအတိုင်း (လူအရေအတွက်)စေ့အောင် နံပါတ် 2 မှာ
သင်ရေးထားတဲ့ ကဏန်းအတိုင်း (ရက်အတွင်း)ပြောလိုက်ပါ။ ဒါဆိုဆုတောင်း
တွေမကြာခင်ပြည့်လာပါလိမ့်မယ်။ (ဒါတော့ ချင့်ယုံပါလို ့ပြောချင်တယ်
နောက်ပိုင်းအဖြေလေးတွေက စိတ်ဝင်စားစရာကောင်းပါတယ်။ ဖတ်ကြည့်ဦးနော်)

နံပါတ် 3 ဘေးမှာရေးထားတဲ့ သူနာမည်က ကိုယ်ချစ်တဲ့သူတဲ့။ (ဟုတ်ပါရဲ ့လား)

နံပါတ် 7 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ်ကြိုက်နှစ်သက်တဲ့သူ။ ကိုယ်နဲ
့သိပ်တော့လည်းမတိုက်ဆိုင်တဲ့သူပါတဲ့။

နံပါတ် 4 ဘေးမှာရေးထားတဲ့ သူကိုကျတော့ ကိုယ်ကဂရုအစိုက်မိဆုံး၊
အလေးပေးမိဆုံးပါတဲ့။

နံပါတ် 5 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ့်ကို ကောင်းကောင်း သိရှိနားလည်
သူပေပဲပေါ့။

နံပါတ် 6 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ့်အတွက်ကံကောင်း စေမယ့်သူပါပဲ။

နံပါတ် 8 ဘေးမှာရေးထားတဲ့ သီချင်းခေါင်းစဉ်လေးကတော့ နံပါတ် 3 ကသူနဲ
့လိုက်ဖက်တဲ့ သီချင်းလေးပါ။

နံပါတ် 9 ဘေးမှာရေးထားတဲ့ သီချင်းခေါင်းစဉ်လေးကတော့ နံပါတ် 7 ကသူအတွက်ပေါ့နော်။

နံပါတ် 10 ဘေးမှာရေးထားတဲ့ သီချင်းကတော့ကိုယ့်စိတ်ကို
အများဆုံးရောင်ပြန်ဟပ်နေတဲ့ သီချင်းပါတဲ့။

နံပါတ် 11 ဘေးကသီချင်းကတော့ ကိုယ့်ဘဝခံယူချက်ကိုထင်ဟပ်နေပါ လိမ့်မယ် ။
from fwd mail

Continue

၁၅။ တောင်းပန်ပါတယ်
  • မင်းတို့မိတ်ဆွေတွေရဲ့ အမှားအယွင်းကလေးတွေကို ခွင့်လွှတ်တတ်အောင် အားထုတ်ကြပါ။ တဖက်လူက မင်းတို့မှားနေတယ်လို့ သံသယဝင်နေရင် စပြီးကိုယ်က တောင်းပန်လိုက်ပါ။
  • လူကိုယ်တိုင်တောင်းပန်ဖို့ ခက်ခဲနေရင် စာနဲ့ ဖြစ်စေ လူကြုံနဲ့ ဖြစ်စေ ကြေးနန်းနဲ့ ဖြစ်စေ လက်ဆောင်ပေးလို့ဖြစ်စေ တောင်းပန်လို့ရပါတယ်။
၁၆။ ခေတ်
  • ခေတ်ဆိုးပြီးရင် ခေတ်ကောင်းရောက်လာတယ်။ ခေတ်ကောင်းပြီးရင် ပြန်ဆိုးသွားနိုင်တယ်။
  • တစ်လရဲ့ စုစုပေါင်း ၀င်ငွေထဲက အနဲဆုံး ၁၀ ရာခိုင်နှုန်း ကို စုဆောင်းပါ။
  • စျေးကျနေတုန်း ပစ္စည်းဝယ်ထားပါ။ ကျတဲ့ ပစ္စည်း ပြန်တက်လာရမယ်။ ငွေသားနဲ့ ၀ယ်ပါ။ ချေးငွေနဲ့ မဝယ်ပါနဲ့။
  • အိမ် ခြံ မြေ လုပ်ငန်းထဲမှာ ရင်းနှီးမြှုပ်နှံပါ။
  • အချိန်ရမယ်ဆိုရင် အလုပ်တစ်ခုခုလုပ်ပါ။
၁၇။ နားလည်မှုရှိခြင်း
  • ဖေဖေတို့ ၀န်းကျင်မှာ တကိုယ်ကောင်းဆန်သူတွေ ရှိမှာပဲ။ စိတ်တိုတတ်သူတွေ၊ သူတို့ဒေါသထွက်လာရင် ဘယ်သူဘာထင်ထင် ဂရုမစိုက်တဲ့ လူစားတွေ ရှိမှာပဲ။ တဖက်က ကြည့်ပြန်တော့လည်း အဲဒီထင်ရာစိုင်းသမားတွေဟာ ပြောခဲ့တဲ့ ချွတ်ယွင်းချက်ကို ဖယ်လိုက်ရင် သဘောကောင်း မနောကောင်း တွေဖြစ်နေပြန်ရော။ သူတို့လဲ တခြားလူလိုပဲ ၀မ်းနည်းတာတွေ ခံစားကြရမှာပဲ။ သူများ အထင်အမြင်လွဲတာ ကိုခံရမှာပဲ။ ရန်သူတွေလည်း ရှိမှာပဲ။
  • သူတို့အကြောင်းကို သဘောပေါက်နားလည်နိုင်ပြီ ၊ "ပါးကိုက်ရင် နားပြန်ကိုက်မယ် " ဆိုတဲ့နည်းမျိုးနဲ့ မတုံ့ပြန်ဘူး ၊ ဒီတော့ မိတ်ဆွေတွေ ပေါလာတာပေါ့။
  • သဘောပေါက် နားလည်နိုင်ဖို့ "ခွင့်လွှတ်ခြင်း "နဲ့ "မေ့မေ့ပျောက်ပျောက် နေတတ်ခြင်း" ရှိဖို့လိုအပ်တယ်။
  • သဘောပေါက် နားလည်တတ်ဖို့ အတ္တစိတ်ကို ပယ်ရမယ်။

Jimmy Teo- A Legacy To My Sons

မြတ်ငြိမ်း

Continue

၁၀။ တရားထိုင်ခြင်း
  • MEDITATE
  • ME မိမိ
  • DICTATE နှုတ်တိုက်ရွတ်ခြင်း
  • ATE စားသုံးခြင်း
  • လင်္ကာ (သို့) ဂါထာတစ်ပုဒ်ကို စိတ်ထဲမှာ အထပ်ထပ်ရွတ်ပါ။
၁၁။ ဓာတ်ပုံရိုက်ခြင်း
  • ကင်မရာကောင်းကောင်းတစ်လုံးကို ကျွမ်းကျွမ်းကျင်ကျင်ရိုက်တတ်အောင် သင်ယူလေ့လာပါ။ မင်းတို့ရိုက်ပြီး ကူးယူထားတဲ့ ဓာတ်ပုံတွေဟာ နောင်တချိန်မှာ တန်ဖိုးရှိလာလိမ့်မယ်။ မင်းတို့ရဲ့ မြေးမြစ် တွေဟာ မင်းတို့ရဲ့ ငယ်ဘဝပုံရိပ်တွေကို သိချင်ရှာမပေါ့။ မင်းတို့လဲ ပြန်ပြီး စားမြုံပြန်ချင်ရှာမှာ အသေအချာပေါ့။
  • မင်းတို့ရဲ့ ဘဝ အချိန်အခါအလိုက် ဓာတ်ပုံတွေနဲ့ မှတ်တမ်းတင်ထားပါ။
  • ကင်မရာ ကောင်းကောင်းတစ်လုံး ၀ယ်ပြီး ရင်းနှီးမြှုပ်နှံလိုက်ပါ။
၁၂။ အချိန်တိကျခြင်း
  • အချိန်တိကျခြင်းဟာ လူနဲ့တိရိစ္ဆာန်ကို ခွဲခြားတဲ့ အမှတ်အသားပဲ။
  • ဘယ်ချိန်းဆိုချက်မျိုးကိုမဆို ဘယ်တော့မှ နောက်ကျမသွားပါနဲ့။
  • လမ်းခရီးပိတ်ဆို့မှုအတွက် နာရီအနည်းငယ် (သို့) နာရီဝက်လောက် ကြိုတင်အချိန်ယူပါ။ နောက်ကျတော့မယ်ဆိုရင် နောက်ကျမဲ့အကြောင်း ဖုန်းနဲ့ ဆက်သွယ်အကြောင်းကြားပါ။
  • စောစောရောက်တော့ လန်းလန်းဆန်းဆန်း ဖြစ်အောင်လုပ်ဖို့နဲ့ စိတ်ဖြေကိုယ်လျော့ အနားယူဖို့ အချိန်ရတာပေါ့။
၁၃။ ရိုသေလေးစားမှု
  • လူတစ်ယောက်စကားပြောနေရင် ကြားဖြတ်ပြီး မပြောသင့်ဘူး။ မင်းတို့ရဲ့ အမြင်ကို ပြောပြဖို့ တကယ်လိုအပ်တယ်ဆိုရင် တဖက်လူရဲ့ စကားဆုံးသွားမှ ပြောခွင့်တောင်းရမယ်။ ကြားဖြတ်ပြောတာလောက် ရိုင်းတာမရှိဘူး။
  • မင်းတို့စားသောက်ဝိုင်းတစ်ဝိုင်း ထိုင်တဲ့အခါ အဲဒီဝိုင်းထဲက အသက်အကြီးဆုံး လူကြီးသူမ တစ်ဦးက စပြီး မစားမသောက်မချင်း စားခြင်းသောက်ခြင်း ကိုလုံးဝ မလုပ်ရဘူး။
  • အစည်းအဝေးတစ်ခုမှာ မင်းတို့က သဘာပတိ မဟုတ်ရင် အရင်စပြီး စကားမပြောပါနဲ့။ အလှည့်ကျမှ ပြောပါ။ ပြောပြီးရင် "ကျေးဇူးတင်ပါတယ် " ဆိုတာကို ထည့်ပြောပါ။
  • ဧည့်ခံကျွေးမွေးသူရဲ့အိမ် ဒါမှမဟုတ် စားသောက်ဆိုင်က မထွက်ခွာမီ ဧည့်ဝတ်ပြုသူကို ကျေးဇူးတင်ကြောင်း ပြောပါ။
  • ဘယ်သူ့အိမ်ကိုပဲသွားသွား လက်ချည်းသက်သက် ဘယ်တော့မှ မသွားပါနဲ့။ သူတို့ကလေးတွေဖို့ပဲဖြစ်ဖြစ်၊ သူတို့ဖို့ပဲဖြစ်ဖြစ် လက်ဆောင်ယူသွားပါ။ စားစရာ သောက်စရာ တွေဟာ လက်ဆောင်ကောင်းတွေ ဖြစ်တယ်။
  • မိတ်ဆွေအပေါင်းအသင်းတွေရဲ့ အိမ်မှာ အခမ်းအနားကျင်းပပြုလုပ်ပြီးတဲ့ အခါ ဘယ်တော့မဆို သူတို့ကို ကူညီသိမ်းဆည်းပေးဖို့ နောက်ချန်နေခဲ့ပါ။ လိုအပ်ရင်နောက်ဆုံးမှ ပြန်တဲ့သူဖြစ်ပါစေ။
  • မိတ်ဆွေတွေရဲ့ မွေးနေ့တွေကို သိထား မှတ်ထားပါ။
  • သူတို့ရဲ့ မွေးနေ့မှာ တယ်လီဖုန်းဆက်ပြီး မွေးနေ့စကားပြောပေးပါ။ မွေးနေ့ကတ်ပြား၊ ကိတ်မုန့် ပို့ပေးပါ။
၁၄။ မှတ်တမ်းစာအုပ်များ
  • မှတ်တမ်းစာအုပ်တစ်အုပ် ကိုယ်ပိုင်ထားပါ။ လိုချင်တဲ့ ဓာတ်ပုံတွေ၊ ကဗျာတွေ၊ သတင်းစာဖြတ်ပိုင်းတွေကို အဲဒီမှာ ကပ်ထားပါ။ လတ်တလော ပေါ်ပေါက်နေတဲ့ အတွေးတွေ ခံစားချက်တွေကို ရေးမှတ်ပါ။
  • မှတ်တမ်းစာအုပ်ထဲမှာ နေ့စဉ်ရေးဖြစ်အောင် ကြိုးစားပါ။ တခါတလေ မေ့ပြီး မရေးလိုက်တာမျိုး ဖြစ်ချင်ဖြစ်သွားမယ်။ လက်မလျော့ပါနဲ့။ ဆက်ရေးပါ။
  • နောင်တချိိန်ကျရင် ဒီစာအုပ်ကို ဖတ်ပြီး စိတ်ကြည်နူးရပါလိမ့်မယ်။

Continue

ဥပဒေသ ၁။ သူတပါးစကားကို အာရုံစိုက်၍ နားထောင်ခြင်း။
ဥပဒေသ ၂။ တဖက်သားစိတ်ဝင်စားမည့် အကြောင်းရပ်ကို ပြောဆိုခြင်း။ တည်ပေးခြင်း။
ဥပဒေသ ၃။ အရေးမကြီးသည့် အသေးစိတ်များကို ထည့်မပြောခြင်း။
ဥပဒေသ ၄။ စကားတစ်လုံးကို ထပ်တလဲလဲ မသုံးခြင်း။
ဥပဒေသ ၅။ ရှင်းလင်းတိကျစွာ ပြောဆိုခြင်း။
ဥပဒေသ ၆။ မေးခွန်းကောင်းမေးတတ်ခြင်း။ မေးခွန်းထောက်ပေးခြင်း။
ဥပဒေသ ရ။ မတူသော သဘောထားကို တဖက်သား မငြိုငြင်အောင် ပြောတတ်ခြင်း။
ဥပဒေသ ၈။ သူတပါးစကားကို ကြားဖြတ်မပြောခြင်း။
ဥပဒေသ ၉။ တဖက်သားကို သည်းခံနိုင်စွမ်းရှိခြင်း။ ဆန့်ကျင်သူနှင့် ပြေလည်စွာပြောခြင်း။
ဥပဒေသ ၁၀။ အခါအားလျော်စွာ ချီးမွမ်းစကားကို ဆိုခြင်း။

Continue

ဥပဒေသ ၁။ နားပူနားဆာ မလုပ်နှင့်။
ဥပဒေသ ၂။ အကြင်လင်မယားတို့သည် တစ်ဦးကို တစ်ဦး ငြီးငွေ့အောင် မလုပ်သင့်။
ဥပဒေသ ၃။ ဆူပူကြိမ်းမောင်းခြင်း မပြုပါနှင့်။
ဥပဒေသ ၄။ စေတနာဖြင့် ချီးကျူးရန် မမေ့နှင့်။
ဥပဒေသ ၅။ တဖက်သားကို ကြင်နာယုယပါ။
ဥပဒေသ ၆။ ရိုသေလေးစားပါ။
ဥပဒေသ ရ။ အိမ်ထောင်သည်တို့၏ ရာဂစိတ် ပြေငြိမ်းကြောင်း စာအုပ်ကောင်းဖတ်ပါ။

Continue

နည်းအမှတ် ၁။ အခြားလူများအပေါ်တွင် အဟုတ်အဟတ် စိတ်ဝင်စားပါ။
နည်းအမှတ် ၂။ ပြုံးပါ။
နည်းအမှတ် ၃။ လောကတွင် သုတိ အသာယာဆုံးသော အသံသည် မိမိ၏ နာမည်ကို လူတစ်ယောက်က ခေါ်လိုက်သောအခါ ကြားရသော အသံပင်ဖြစ်ကြောင်း သတိပြုပါ။
နည်းအမှတ် ၄။ တဖက်သား စကားပြောနေစဉ် ဂရုစိုက်၍ နားထောင်ပါ။ တဖက်သားတို့အား သူတို့၏ အကြောင်းကို ပြောပြရန် အားပေးပါ။
နည်းအမှတ် ၅။ တဖက်သား စိတ်ဝင်စားလျက်ရှိသည့် ကိစ္စဖက်မှ နေ၍ဆွဲပါ။
နည်းအမှတ် ၆။ တဖက်သားအား သူ့ကိုယ်ကို သူအထင်ကြီး လာအောင်လုပ်ပေးပါ။ ဤသို့လုပ်ရာ တွင်စိတ်ရောကိုယ်ပါ လုပ်ပေးပါ။

Continue

ဥပဒေသ ၁။ တဖက်သားကို မိမိဖက်သို့ပါအောင်လုပ်ရန် အကောင်းဆုံးနည်းမှာ ငြင်းခုံနေခြင်းကို ရှောင်ရှားပါ။
ဥပဒေသ ၂။ တဖက်သား၏ အယူအဆကို အလေးဂရုပြုပါ။ လူတစ်ဦးတစ်ယောက်အား ဘယ်တော့မှ မှားသည် ဟုမပြောပါနှင့်။
ဥပဒေသ ၃။ အကယ်၍ သင်သည်မှားခဲ့လျှင် ထိုအမှားကို လျှင်လျှင်မြန်မြန် ၀န်ခံပါ။(လေးလေးနက်နက်ဖြင့်)
ဥပဒေသ ၄။ ချိုချိုသာသာနှင့် စပါ။
ဥပဒေသ ၅။ တဖက်သားအလျှင်အမြန် "အင်း" လိုက်အောင် ကြိုးစားပါ။
ဥပဒေသ ၆။ တဖက်သားအား သူပြောချင်တာ ၀အောင် ပြောပါစေ။
ဥပဒေသ ရ။ တဖက်သားအား ပေးအပ်သောအကြံသည် သူ၏အကြံသာ ဖြစ်သည်ဟု အထင်ရောက်နေပါစေ။
ဥပဒေသ ၈။ တဖက်သားဖက်မှ နေ၍ အရာခပ်သိမ်းကို ဝေဖန်ပိုင်းခြားနိုင်အောင် စိတ်ကောင်းစေတနာကောင်းနှင့် ကြိုးစားပါ။
ဥပဒေသ ၉။ တဖက်သား၏ အယူအဆ အလိုဆန္ဒတို့နှင့် စပ်လျဉ်း၍ ကိုယ်ချင်းစာတတ်ပါစေ။
ဥပဒေသ ၁၀။ မြင့်မြတ်သော စိတ်ဓာတ်ကို ထိခိုက်အောင် လုပ်ပေးပါ။
ဥပဒေသ ၁၁။ သင်၏အကြံအစည်များဖြင့် တဖက်သား၏ စိတ်အာရုံကို ဆွဲနိုင်အောင် ပြုပြင်ပေးပါ။
ဥပဒေသ ၁၂။ သူတို့၏ မခံချင်စိတ်ကို ဆွပေးပါ။

Continue

The followings are the interesting sentences that twist your tongue~~~ taste them...

1. If you understand, say "understand”. If you don't understand, say “don’t understand". But if you understand and say "don't understand". How do I understand that you understand? Understand!

2. I wish to wish the wish you wish to wish, but if you wish the wish the witch wishes, I won't wish the wish you wish to wish.

3. Sounding by sound is a sound method of sounding sounds.

4. A sailor went to sea to see, what he could see. And all he could see was sea, sea, sea.

5. Purple Paper People, Purple Paper People, Purple Paper People.

6. If two witches were watching two watches, which witch would watch which watch?

7. I thought a thought but the thought I thought wasn't the thought I thought. I thought if the thought I thought had been the thought I thought, I wouldn't have thought so much.

8. Once a fellow met a fellow in a field of beans, said a fellow to a fellow. If a fellow asks a fellow, Can a fellow tell a fellow what a fellow means?

9. Mr. Inside went over to see Mr. Outside. Mr. Inside stood outside and called to Mr. Outside inside.

10. Mr. Outside answered Mr. Inside from inside and Told Mr. Inside to come inside. Mr. Inside said "NO", and told Mr. Outside to come outside.

11. Mr. Outside and Mr. Inside argued from inside and outside about going outside or coming inside. Finally, Mr. Outside coaxed Mr. Inside to come inside then both Mr. Outside and Mr. Inside went outside to the riverside.

12. She sells sea shells on the sea shore. The shells that she sells are sea shells I'm sure.

13. The owner of the inside inn was inside his inside inn with his inside outside his inside inn.

14. If one doctor doctors another doctor does the doctor who doctors the doctor, doctors the doctor the way the doctor he is doctoring doctors? Or does the doctor doctors the way the doctor who doctors doctor?

15. When a doctor falls ill another doctor doctors the doctor. Does the doctor doctoring the doctor doctors the doctor in his own way or does the doctor doctoring the doctor doctors the doctor in the doctor's way.

16. We surely shall see the sun shine shortly. Whether the weather be fine, or whether the weather be not, Whether the weather be cold Or whether the weather be hot, We'll weather the weather Whatever the weather, Whether we like it or not.

17. Whether the weather is hot or whether the weather is cold. Whether the weather is either or not, It is whether we like it or not.

18. Nine nice night nurses nursing nicely.

19. A flea and a fly in a flue Said the fly "Oh what should we do", said the flea. “Let us fly”, said the fly to the flea. So they flew through a flaw in the flue.

20. If you tell Tom to tell a tongue-twister his tongue will be twisted as tongue-twister twists tongues.

21. Mr. See owned a saw and Mr. Soar owned a seesaw. Now See's saw sawed Soar's seesaw Before Soar saw See, Which made Soar sore. Had Soar seen See's saw Before See sawed Soar's seesaw; See's saw would not have sawed Soar's seesaw. So See's saw sawed Soar's seesaw. But it was sad to see Soar so sore just because See's saw sawed Soar's seesaw.

Continue

အပြစ်မတင်ခင် တစ်ချက်စဉ်းစားပေးပါ .သူဟာလဲ အပြစ်တင်ခံချင်လို့ ဒီလိုလုပ်တာမဟုတ်ဘူး ဆိုတာ...
မမုန်းခင် တစ်ချက်စဉ်းစားပေးပါ .သူဟာလဲ ခင်မင်မှုကို ပျက်ချင်မှာမဟုတ်ဘူး ဆိုတာ...
မလုပ်ခင် တစ်ချက်စဉ်းစားပေးပါ .အဲဒါကို မင်းကကောင်းကောင်း လုပ်သွားတာကို လိုချင်နေတဲ့သူ တစ်ယောက် ရှိနေပါတယ်ဆိုတာ..
မသွားခင် တစ်ချက်စဉ်းစားပေးပါ .မင်းအဲဒီနေရာကို ကောင်းကောင်းမွန်မွန် ဘေးမသီရန်မခပဲ ရောက်သွားတာကို မြင်ချင်တဲ့သူ တစ်ယောက်ရှိနေပါတယ် ဆိုတာ...

Continue

  • 1 rose...you are my only one belove
  • 2 roses...you and i deeply connect with each other
  • 3 roces...I LOVE YOU
  • 4 roses...promise and veracity
  • 5 roses...
  • 6 roses...all ready
  • 7 roses...LUCKY 7
  • 8 roses...give
  • 9 roses...we are so closely love for a long time
  • 10 roses...fairly love
  • 11 roses...you are the one i love most in my life
  • 12 roses...Satisfactory union and mutual affinity
  • 24 roses...Remember fondly every moment
  • 33 roses...three life and three world
  • 50 roses...be always in love,,love with never die=" Regretless Love "
  • 100 roses...love with you till my end
  • 101 roses...forever...no other love but you
  • 365 roses...Thinking of you everyday , love you everyday
  • 1000 roses...i love you till 1000,10000 years,Faithful love .

Continue


  • ဉာဏ်ရည်တွင် သာမာန်အထက်ဖြစ်ခြင်း
  • ဆက်ဆံရေးပြေပြစ်ခြင်း
  • တခြားသူများကိုအနှောင့်အယှက်မပေးခြင်း
  • တရားမျှတခြင်း
  • တိုးတိတ်ညင်သာခြင်း
  • ဟာသဓာတ်ခံရှိခြင်း
  • အားကစားစိတ်ဓာတ်ရှိခြင်း
  • ကူညီတတ်ခြင်း
  • ဘဝင်မမြင့်ခြင်း
  • ပေါင်းသင်းရလွယ်ကူခြင်း
  • အလေးအနက်ရှိထားတတ်ခြင်း
  • အရှက်အကြောက်ရှိခြင်း
  • ယောကျ်ားပီသခြင်း
  • ရိုးသားခြင်း
  • သန့်ရှင်းခြင်း
  • ဒုက္ခမပေးတတ်ခြင်း
  • စကားအရာလိမ္မာခြင်း
  • သူတပါးနှင့် ခိုက်ရန်မဖြစ်ပွားခြင်း
  • ကြင်နာတတ်ခြင်း
  • ယုံကြည်စိတ်ချရခြင်း
  • အခြားသူများနှင့် အဆင်ပြေစွာနေတတ်ခြင်း
  • ခေါင်းဆောင်မှုပေးခြင်း
  • ပူးပေါင်းဆောင်ရွက်တတ်ခြင်း
  • ပညာလိုလားခြင်း
  • စိတ်ဝင်စားမှုတူညီခြင်း
  • စိတ်ဝင်စားဖွယ်ကောင်းခြင်း
  • က္ကနြေ စောင့်စည်းခြင်း
  • သဘောထားတိုက်ဆိုင်ခြင်း
  • နောက်ပြောင်မှုကို လက်ခံတတ်ခြင်း
  • စိတ်ဓာတ်ရင့်ကျက်ခြင်း
  • ရက်ရောခြငး်
  • ရုပ်ရည်တင့်တယ်ခြင်း
  • စာရိတ္တကောင်းခြင်း
  • နားလည်မှုရှိခြငး်
  • အများနှင့်ပါ၀င်လှုပ်ရှားခြင်း
  • တည်ငြိမ်ခြငး်
  • သပ်ရပ်စွာဝတ်စားတတ်ခြင်း
  • သစ္စာရှိခြင်း

Continue

Continue

၁။ ကောဇာနှစ် (၄၈-၉-၁၅) မှာ ၁၃၄၈* ခု နတ်တော်လပြည့်နေ့ (၁၅) ရက်၏ မြန်မာသက္ကရာဇ် အတိုရေးနည်း ဖြစ်ပါသည်။ မြန်မာသက္ကရာဇ်အတိုရေးနည်းမှာ ခုနှစ်ကို ရှေ့ဆုံးမှထားရေးရပါသည်။ အင်္ဂလိပ် သက္ကရာဇ် အတိုနှင့် ပြောင်းပြန်ဖြစ်ပါသည်။
၂။ သာသနာတော်နှစ် (၂၅၃၀)* မှာ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီး သည့်နောက် ပထမ သင်္ဂါယနာတင် အဇာတသတ်မင်းကြီးက မဟာသက္ကရာဇ် (၁၄၈) ခုနှစ်ကို ဖြိုချပြီး အသစ်စိုက်ထူသော ယခုရောက်ဆဲ သာသနာ့မှတ်တိုင် သက္ကရာဇ်ဖြစ်ပါသည်။
၃။ ကလိယုဂ် (၅၀၈၇)* မှာမြတ်စွာဘုရား ပရိနိဗ္ဗာန် စံသောနှစ်သည် လောကီဗေဒင်ကျမ်းများအရ ကလိယုဂ်နှစ် (၂၅၅၇) ရှိသည်ဟု ဆိုပါသည်။ ထို (၂၅၅၇) နှစ်ကို သာသနာတော်နှစ်(၂၅၃၀) နှင့်ရောသော် ကလိယုဂ်နှစ်ပေါင်း (၅၀၈၇) ဖြစ်ပါသည်။ ယခုအခါ ဗုဒ္ဓ၏အသက်တော်သည် (၈၀+၂၅၃၀) ၂၆၁၀ နှစ်ရှိခဲ့လေပြီ။
၎။ ခရစ်တော်၏ အသက်သည် ယခုအခါ (၁၉၈၆)* နှစ်ရှိခဲ့လေပြီ။ ခရစ်တော်သည်(၂၆၁၀-၁၉၈၆) ဗုဒ္ဓမရှိသည့် နောက်နှစ်ပေါင်း (၆၂၄) နှစ်ကြာညောင်းမှပေါ်ပေါက်လာရသော ပုဂ္ဂိုလ်ထူး တစ်ယောက်ဖြစ်ပါသည်။
* ပြထားသောခုနှစ်များမှာ အားလုံးတစ်နှစ်တည်း ဖြစ်ပါသည်။

Continue

၁။သေခြင်းတရားကို အံတုနိုင်ဖို့
  • တစ်နေ့၊ တစ်ရက်တိုင်းကိုပျော်ရွင်စွာ နေထိုင်၍ ကုန်လွန်စေပါ။
  • ပူပင်ကြောင့်ကြမှု ကိုသတ်ပါ။
  • ကြက်သွန်ဖြူ၊ ငါးကြီးဆီ၊ ဗီတာမင်ဆေးများ နေ့တိုင်းစားပေးပါ။
  • လေ့ကျင့်ခန်း မပြတ်လုပ်ပါ။ နှလုံးအားကောင်းစေတယ်။
  • ရေအများကြီးသောက်ပါ။ ကျောက်ကပ်တွေဆေးကြောပြီးသားဖြစ်နေမယ်။
  • ဟာသကိုနားထောင်ပါ။ ရယ်မောပါ။
  • ကြီးသူကို ရိုသေလေးစားပါ။
၂။အရက်သေစာ သောက်စားခြင်း
  • အပေါင်းအသင်တွေနဲ့ အပြင်ထွက်သောက်စားတဲ့အခါ တိုက်တဲ့အရက်ကို နှစ်ခွက်ပဲသောက်ခြင်းဟာ ယဉ်ကျေးတဲ့ အပြုအမူ ဖြစ်တယ်။
  • ကားမောင်းနိုင်တယ်လို့ ခွင့်ပြုထားတဲ့ ဘီယာ ပမာဏ က နှစ်ခွက်ပါပဲ။
  • ဘရန်ဒီ ဆိုရင် ဖြည်းဖြည်းချင်း အရသာခံ ပြီးသောက်ပါ။
  • သိုး၊ အမဲ စတဲ့ အမြည်းနဲ့ဆိုရင် ၀ိုင်အနီ ကိုသောက်ပါ။ ကြက်၊ ဘဲ၊ ပင်လယ်စာ နဲ့ဆိုရင် ၀ိုင်အဖြူကိုသောက်ပါ။
၃။မနာလိုစိတ်
  • မိမိမှာရှိတာနဲ့ ရောင့်ရဲတင်တိမ်အောင် လေ့ကျင့်ပါ။"ရောင့်ရဲ တင်တိမ်ခြင်း ဟာကြီးမားတဲ့ အကျိုးအမြတ် " ဖြစ်ပါတယ်။
  • မင်းတို့ ရဲ့မိတ်ဆွေ တွေက ကောက်ကာငင်ကာ မင်းတို့ကိုကျောခိုင်း ဆန့်ကျင်ကြပြီဆိုရင် သူတို့ကိုစိတ်မဆိုးပါနဲ့ ။ ဂရုဏာသက်လိုက်ပါ။
  • မေတ္တာပို့ပေးပါ ။
၎။လေ့ကျင့်ခန်း
  • မင်းတို့ရဲ့စိတ်တွေ ပိုပြီးကြည်လင်လာမယ်။ စဉ်စားမှု ပိုပြီးထက်မြက်လာမယ်။
  • နေလို့ထိုင်လို့ ပိုကောင်းပြီး လန်းလန်းဆန်းဆန်း ဖြစ်နေလိမ့်မယ်။
  • ဖျားနာမှု မဖြစ်ဘူး။ စားသောက်လို့ကောင်းလာမယ်။
  • မနက်၊ ညနေ အပြေးလေ့ကျင့်ပါ။ လက်ထောက်မှောက် 20 လုပ်ပါ။ အကောင်းဆုံးလေ့ကျင့်ခန်းက ရေကူးခြင်း။
၅။စိတ်တူသဘောတူ မိတ်ဆွေ
  • စိတ်တူ၊ ၀ါသနာတူ သူတွေဟာ အုပ်စုကလေးဖွဲ့ပြီး ပုံမှန်တွေ့ဆုံသင့်တယ်။
  • တယောက်ကိုတယောက် ကူညီဖေးမနိုင်အောင် ၀ါသနာတူမိတ်ဆွေများ ဖွဲ့ထားသင့်တယ်။ အဲဒီလို အဖွဲ့လေးရှိတဲ့အတွက် တို့ရဲ့ ဘ၀တွေ ပျော်သထက်ပျော်အောင် ပိုပြီးကောင်းသထက်ကောင်းအောင် အောင်မြင်သထက်အောင်မြင်အောင် လုပ်လို့ရတယ်။
၆။ဖော်ရွေမှု
  • မိမိနှင့်တွေ့ဆုံ နေရသော၊ ဆက်ဆံလိုက်ရသောသူများကို စကားပြောပေးပါ။ မိမိအကြောင်း၊ သူ့အကြောင်း စသည်ဖြင့် သူမှမစလျှင် ကိုယ်ကစ၍ ဖော်ရွေစွာ စကားပြောပါ။
  • စကားပြောရင် သူတို့ရဲ့ မျက်လုံးတွေကို ကြည့်ပြီး ပြောပါ၊ ရင်ထဲက လာတဲ့စကားလုံးဖြစ်ပါစေ။
ရ။မိတ်ဆွေများထားခြင်း
  • တချို့မိတ်ဆွေတွေက ပျော်ရွင်မှု ကိုဆောင်ကြဉ်းလာတယ်။ တချို့က ဒုက္ခပေးလိမ့်မယ်။ တချို့က ကပ်မြှောင်စားသူဖြစ်လာလိမ့်မယ်။
  • မိတ်ဆုံစားပွဲ တွေမှာ စေတနာကို ဂရုမစိုက်ပဲ မနေပါနဲ့။ တုန့်ပြန် ဒကာခံတဲ့ အကျင့်လုပ်ပါ။
  • မင်းတို့ရဲ့မိတ်ဆွေတွေကို သံသယအကျိုးခံစားခွင့်ပြုပါ။ အထင်လွဲမှုများကို မြန်မြန်ဆန်ဆန် ရှင်းပစ်ပါ။
  • မိတ်ဆွေများ၏ မွေးနေ့များကိုမှတ်ထားပါ။ မွေးနေ့ မနက်မှာ မင်းတို့က အရင်လှမ်းဆက်သွယ် ပြီးဆုတောင်းမေတ္တာပို့ပေးပါ။
  • အခွင့်သာမယ်ဆိုရင် တယောက်နဲ့တယောက် ညှိပြီး အားလပ်ရက် အတူယူပါ။

၈။လက်ဆောင်များ
  • လက်ဆောင်တွေဟာ ဈေးကြီးပေးဝယ်ရတဲ့ ပစ္စည်းတွေဖြစ်ဖို့မလိုပါဘူး။ ဒါပေမယ့် စဉ်းစဉ်းစားစား ပေးတဲ့ပစ္စည်းတွေဖြစ်သငိ့တယ်။ကိုယ့်မိတ်ဆွေဟာ ဂေါက်သီးရိုက်သမားဖြစ်ရင် အဲဒါနဲ့ သက်ဆိုင်တဲ့ လက်ဆောင်ကို ၀ယ်ပေးသင့်တယ်။
  • ဘယ်တော့မဆို လက်ဆောင်ပေးဖို့ အကြောင်းပြချက်ကောင်းကောင်း ကိုရှာပါ။ မွေးနေ့၊ နှစ်ပတ်လည်နေ့၊ နှစ်သစ်ကူးနေ့၊ ခရစ်စမတ်နေ့ တွေဟာ လက်ဆောင်ပေးဖို့ အကောင်းဆုံးအခါတွေပေါ့။
  • ပန်းချီကားစိတ်ဝင်စားရင် အဲဒီပန်းချီကားကို ၀ယ်ပြီး ဘောင်အကောင်းစား နဲ့ကွပ်ပါ။ ထူးခြားတဲ့ အခါသမယ မှာပေးလို့ ရတာပေါ့။ မင်းတို့ကို တသက်လုံးသတိရ နေပါလိမ့်မယ်။
  • ခရီးထွက်ပြီဆို အမှတ်တရ ပစ္စည်း ၀ယ်ယူသွားပါ။
  • ဘက်စုံသုံးလို့ရပြီး သူနဲ့ နီးကပ်နေမဲ့လက်ဆောင်မျိုး ၀ယ်ပေးပါ။

၉။ကျန်းမာရေး
  • ဆေးလိပ်လုံးဝ မသောက်ပါနဲ့။
  • အသီးအရွက်စားပါ။ နွားနို့၊ ပဲ တို့ စားသောက်ပါ။
  • ရေသောက်ပါ။ ရေကျက်အေး (သို့) ရေနွေး ကိုပိုသောက်ပါ။

ဆက်ရန်~~

Continue

ဥပဒေသ ၁။ ချီးမွမ်းခြင်း ၊ ရိုးသားစွာ ချီးကျူးခြင်း တို့ဖြင့် စ၍ ပြောပါ။
ဥပဒေသ ၂။ တဖက်သားတို့၏ အပြစ်များကို သွယ်ဝိုက်သောနည်းဖြင့် သတိရအောင်လုပ်ပါ။
ဥပဒေသ ၃။ တဖက်သားကို အပြစ်မပြောမီ သင်၏ အမှားများကိုဖော်ပြပါ။
ဥပဒေသ ၄။ တိုက်ရိုက်သြဇာ ပေးမည့်အစား လိုရင်းကိစ္စကို ပြီးစီးစေမည့် မေးခွန်းများကိုမေးပါ။
ဥပဒေသ ၅
။ တဖက်သားအား သူ့ဂုဏ်ကို သူပြန်ဆယ်ပါစေ။
ဥပဒေသ ၆
။ တဖက်သား၏ တိုးတက်မှု အနဲအများကို ပဓာန မထားဘဲ ချီးကျူးပါ။ ထိုသို့ ချီးကျူးသောအခါ ရက်ရက်ရောရော ရှိပါစေ။
ဥပဒေသ ၇။ တဖက်သားကို သိဒ္ဒိတင်ပါ။
ဥပဒေသ ၈။ အားပေးစကား ပြောကြားပါ။ သင်ပြင်လိုသော တဖက်သား၏ အမှားသည်ပြင်ရန်လွယ်ကူသည် ဟုတဖက်သားကို သဘောပေါက်
အောင်ပြောပါ။ သင်လုပ်စေချင်သောအလုပ်မှာ လုပ်ရန်လွယ်ကူကြောင်း တဖက်သားသဘောပေါက်ပါစေ။
ဥပဒေသ ၉
။ သင်လုပ်စေချင်သောအလုပ်ကို တဖက်သားသည် ၀မ်းမြောက်ဝမ်းသာစွာနှင့် လုပ်ချင်အောင်ခိုင်းပါ။

Continue
Related Posts Plugin for WordPress, Blogger...