
မျက်ရည်ခံမှဲ့ရှိရင် အိမ်ထောင်ရေး မကောင်းဘူး။ အိမ်ထောင်ဖက် ဇနီး၊ ခင်ပွန်းအသက် ဆုံးရှုံးရတတ်ပါတယ်။ အဲဒီအချက်ကတော့ တိုက်ဆိုင်တာပဲလား မသိပါဘူး။ ကျနော့် မျက်မြင်လက်တွေ့တွေ ကြုံခဲ့ဖူးပါတယ်။ အဲလို မျက်ရည်ခံမှဲ့ရှိရက်နဲ့ အိမ်ထောင်ရေးအဆင်ပြေနေသူတွေရှိရင် ရမ်းဂန်းကို လက်တို့လိုက်ပါ။ အော် မျက်ရည်ခံမှဲ့ဆိုတာ မျက်ရည်စီးကျတဲ့ လမ်းကြောင်းတည့်တည့်က နေရာကို ရည်ညွှန်းပါတယ်။ ဘေးရောက်နေတဲ့၊ နေရာမကျတဲ့ မှဲ့မဟုတ်ပါဘူး။တချို့လူတွေက နဖူးတည့်တည့် မှဲ့ရှိရင် ကောင်းတယ်လို့ ယူဆကြပါတယ်။ ဘာမှန်းမသိဘဲ စွတ်ကောင်းနေတယ် ထင်ပါတယ်။ တကယ်က နဖူးတည့်တည့်မှာ မှဲ့ရှိရင် ငွေကြေးနဲ့ပက်သက်ပြီး စွပ်စွဲပြောဆိုခဲ့ရတာ၊ အပူသောကများတာ၊ နေရင်းထိုင်ရင်း ကိုယ့်ရှိတာထက် လူအထင်ကြီးခံရတာကြောင့် ဒုက္ခရောက်တာတွေ ဖြစ်တတ်ပါတယ်မေးစေ့တည့်တည့်မှာ မှဲ့ရှိရင်...