အဝေးရောက်မြန်မာတစ်ယောက်ရဲ့ မျှဝေခြင်း

My Favorite IDE..

My Favorite Hosting.

My Favorite Search Engine..

My Favorite Project Site ..

Posted by | Tuesday, March 11, 2008 | 2 ခု ထင်မြင်ချက်ရှိပါသည်

"အစ်မ ကော်ဖီတိုက် "
ထိုအခိုက်အတန့်တွင် သူမမျက်နှာ ဖြူရော်သွားသည်။ အသက်ရှုဖို့ပင် မေ့သွားလောက်အောင် မှင်တက်သွားသည်။ ဒီကမ္ဘာကြီးတွင် သူမ
မသိသော၊ မစဉ်းစားမိသော အကြောင်းအရာများ အသေအချာကို ရှိနေခဲ့ပြီ။ အမြဲတမ်း အနစ်နာခံခဲ့သူ တစ်ကြိမ်တစ်ခါ ငြင်းဆိုခဲ့လျှင် တစ်ဖက်မှလူသည် အများကြီးမျှော်မှန်းထားခဲ့သောကြောင့် ဖြစ်မလာသောအခါ ၀မ်းနည်းရတတ်ပေလိမ့်မည်။ အမြဲတမ်းရယူတတ်သောသူဆီ
မှ မည်သူတစ်ဦးတစ်ယောက်ကမျှ ရရစေကောင်းလို့ မျှော်လင့်လိမ့်မည်မဟုတ်။ မျှော်လင့်ခဲ့လျှင်လည်း နားမလည်သောကြောင့်၊ အကြောင်းမသိသောကြောင့် မျှော်လင့်ခြင်းမျိုးပင် ဖြစ်လိမ့်မည်။
ကော်ဖီတစ်ခွက်သည် လူတိုင်ဝယ်သောက်နိုင်သည်။ဘာကြောင့် တောင်းသောက်ရသနည်း ဟူသောအကြောင်းရင်းကို ရပ်စားမိသော အခါ............သူမကြက်သေသေသွားသည်။ သူမထံမှ ထိုကောင်မလေးမျှော်မှန်းခဲ့သည်မှာ ကော်ဖီတစ်ခွက်ထက် သူမကသူ့အပေါ်တွင်
ညှာတာမှု၊ ရင်းနှီးမှု၊ အနစ်နာခံမှု နှင့်စေတနာများ ဖြစ်နိုင်ပါသည်။
လောကတွင်လူနှစ်မျိုး ရှိသည်။ အပေးသမား၊ အယူသမား ဖြစ်သည်။ အပေးသမားကလည်း လောကကြီးသို့တတ်နိုင်သမျှ ပေးကြမည်ဖြစ်ပြီး အယူသမားကလည်း လောကကြီးမှ တတ်နိုင်သလောက် ယူကြပေလိမ့်မည်။ အပေးသမား နှင့် အယူသမား ကို
သတ်မှတ်ထားသော စံနှုန်းများမှာတူညီကြမည် မဟုတ်ပေ။

သင်ကရောဘယ်လိုထင်ပါသလဲ..?

2 Responses so far.

  1. မထင္တတ္ပါ

  2. ဒါဆိုရင် အေးဆေးနေတတ်သူတို့၊ အားနာတတ်သူတို့၊ ခင်တတ်သူတို့၊ ချစ်တတ်သူတို့ ဟာ အပေးသမားသက်သက်ဖြစ်နေမှာပေါ့..သူတို့ဟာ ဘာကိုမှ
    မျှော်လင့်ချက် မထားကြလို့လေ။ အယူသမားကတော့
    အရိပ်သုံးပါးနားမလည်သူ၊ ကိုယ်ရရင်ပြီးရော ၊သူများဘာဖြစ်ဖြစ် ဂရုမစိုက်သူ၊ ခင်မင်မှုကိုအလွဲသုံးစားပြု
    လုပ်သူတွေပေါ့...

Leave a Reply

ဒီပို့စ်လေး အပေါ် ဘာများပြောချင်ပါသလဲ ။

Related Posts Plugin for WordPress, Blogger...