အဝေးရောက်မြန်မာတစ်ယောက်ရဲ့ မျှဝေခြင်း

My Favorite IDE..

My Favorite Hosting.

My Favorite Search Engine..

My Favorite Project Site ..

Posted by | Sunday, February 7, 2010 | 0 ခု ထင်မြင်ချက်ရှိပါသည်

သွားသင့်တဲ့နေရာ မသွားသင့်တဲ့နေရာ အဲဒါလဲ ဘုန်းကြီး အများကြီး ဆင်ခြင်တယ်။ ဒီလမ်းကို သွားတော့မယ်ဆိုရင် သွားသင့်သလား၊ မသွားသင့်သလား၊ ကိုယ့်ဂုဏ်သိက္ခာနဲ့ ရောကိုက်သလား ဆင်ခြင်တယ်။ ဥပမာဆိုပါတော့- ကိုယ့်နေရာနဲ့ မနီးမဝေးမှာ အရက်ဆိုင်နဲ့ လောင်းကစားလုပ်တဲ့နေရာတွေ ရှိတယ်။ အဲဒီနေရာကို မသွားဘူး၊ ရှောင်နေတယ်၊ အဲဒီလို လမ်းတစ်ခုကို သွားတာကအစ ဆင်ခြင်ရတယ်နော်။
အဲဒီလိုပဲ အဝတ်အစား ၀တ်တော့မယ်ဆိုရင်လဲ ဒီအဝတ်အစားဟာ ကိုယ့်အသက်အရွယ်၊ ဂုဏ်သိက္ခာနဲ့ ကိုက်ညီရဲ့လား၊ ကိုယ့်မိဘရဲ့ ဂုဏ်သိက္ခာရော ထိခိုက်နိုင်မှာလား ထည့်တွက်ရတယ်။
တခြားလည်းဒီလိုပဲ ပြောတာဆိုတာ စကားလုံး အသုံးအနှုန်း ကို အများကြီး သတိထားရတယ်။ ဆင်ခြင်ရတယ်။ ရိုင်းတဲ့စကား ဗန်းစကား မသုံးရဘူး။ ကိုယ်သုံးတဲ့ စကားလုံးက ကိုယ့်အဆင့်အတန်းကို ဖော်ပြနေတယ်။

စာ-၁၇၁

ဆရာတော်ဦးဇောတိက

Leave a Reply

ဒီပို့စ်လေး အပေါ် ဘာများပြောချင်ပါသလဲ ။

Related Posts Plugin for WordPress, Blogger...