အဝေးရောက်မြန်မာတစ်ယောက်ရဲ့ မျှဝေခြင်း

My Favorite IDE..

My Favorite Hosting.

My Favorite Search Engine..

My Favorite Project Site ..

Posted by | Tuesday, February 23, 2010 | 0 ခု ထင်မြင်ချက်ရှိပါသည်

ညီမျှခြင်း နှစ်ခု လုံးမှာ E တွေပါတော့ E ခြောက်လုံး သီအိုရီလို အမည်တပ်ချင်လည်း တပ်ပေါ့။ အဓိပ္ပာယ်ကတော့ ရှင်းရှင်းလေးပါ။ အဖြစ်အပျက် (Event) တွေကို အတ္တစိတ် (Ego) နဲ့ပေါင်းမကြည့်ရင် ဘာမှမဖြစ်ဘူး။ အဲ ပေါင်းမိပြီဆိုရင်တော့ စိတ်လှုပ်ရှားမှု (Emotion) ဖြစ်လာမှာပဲ။ ဖြစ်လာတဲ့ စိတ်လှုပ်ရှားမှုကလည်း သူ့ဘာသာသူ စိတ်ထဲမှာပဲ နေရင် ဘာမှမဖြစ်သေးဘူး။ ထွက်ပေါက် (Exit) နဲ့တွေ့ရင်တော့ အပြင်ထွက်လာပြီး ၀န်းကျင်ကို အကျိုးဆက် (Effect) တွေသက်ရောက်တော့တာပဲ။ အဲဒါလေးပါ။ ငါတို့က ပုထုဇဉ်တွေဆိုတော့ Event နဲ့ Ego ကိုခွဲမထားတတ်သေးဘူး။ အဲဒီတော့ Emotion တွေလည်းဖြစ်နေမှာပဲ။ Emotion ကလည်း Exit ကိုလို်က်ရှာပြီး မတွေ့မခြင်း စိတ်ထဲမှာ ကလိကလိ ဖြစ်နေမှာ … အဲဒီ့တော့ Exit တစ်ခုကိုတော့ ဖွင့်ပေးရမှာပေါ့။ Exit ဖွင့်လိုက်ပြီ ဆိုတာနဲ့ Effect ကဖြစ်လာပြီ။ ဆိုတော့ကာ …. ကောင်းသော အကျိုးဆက်တွေ ဖြစ်လာနိုင်တဲ့ ကောင်းသော ထွက်ပေါက်ကိုပဲရှာဖွင့်မိဖို့ ကြိုးစားရမယ်။ စိတ်ခံစားမှုတွေကို လည်း အတ္တနည်းသထက် နည်းအောင် စစ်ယူရမယ်။ အကောင်းဆုံးကတော့ အဖြစ် အပျက်တွေတိုင်းကို အတ္တ ထည့်မပေါင်းဘဲ သူ့အတိုင်း မြင်အောင် ကြည့်နိုင်ဖို့ပေါ့။ ဒါကတော့ဘာသာရေးဘက် နည်းနည်း ရောက်သွားတယ်။ နောက်တော့ မင်းသိလာပါလိမ့်မယ်။ တချို့တွေပြောကြတာ မင်းကြားဖူးမှာပေါ့။ အရာရာကို စိတ်ခံစားမှုနဲ့ မဆုံးဖြတ်နဲ့ ဆိုတာလေ။ အဲဒါကလည်း ညီမျှခြင်းထဲမှာ အကျုံးဝင်လိမ့်မယ်။ Exit ကိုလိုက်ရှာတဲ့အခါမှာ Emotion နဲ့ အတူ အသိဉာဏ်ပညာ (Wisdom) ကိုထည့် ပေးလိုက်နိုင်မယ်ဆိုရင်တော့ အကျိုးဆက် (Effect) တွေကောင်းလာနိုင်စရာ ရှိတယ်လို့ ပြောလို့ရတယ်။ မင်းလည်းလိုသလို ဆက်တွေးကြည့်ပေါ့။

ကိုနေဘုန်လတ်၏ ညီလေးရေ(၂) မှ
MORE INFO => http://www.thanlwin.com/new/index.php?view=article&id=1276&tmpl=component&print=1&page=0&option=com_content&Itemid=240

Leave a Reply

ဒီပို့စ်လေး အပေါ် ဘာများပြောချင်ပါသလဲ ။

Related Posts Plugin for WordPress, Blogger...