အဝေးရောက်မြန်မာတစ်ယောက်ရဲ့ မျှဝေခြင်း

My Favorite IDE..

My Favorite Hosting.

My Favorite Search Engine..

My Favorite Project Site ..

Posted by | Monday, May 31, 2010 | 0 ခု ထင်မြင်ချက်ရှိပါသည်

အွန်လိုင်းပေါ်မှာ သင့်ဓာတ်ပုံကို Photo Fram လုပ် ပေးမယ့်၊ Effect ထည့်ပြီး အလှဆင်ပေးမယ့် နေ ရာတွေ အများကြီးရှိပါတယ်။ လူသိများသလို အသုံး လည်းများတဲ့ အဲဒီဆိုက်တွေထက် လူသိနည်းနေကြ သေးတဲ့ အထူးဆန်းဆုံး ဓာတ်ပုံဆိုက်တွေကို ဖော် ပြပေးလိုက်ပါတယ်။

၁. နောင်အနှစ် ၂၀ မှာ သင်ဖြစ်မယ့်ပုံ
In20Years ဟာ နောက်အနှစ် ၂၀ မှာ ဖြစ်လာမယ့် သင့်ရဲ့ အိုမင်းရင့်ရော်မှု ကို ဖော်ပြပေးမယ့်နေရာပါ။ သင့်ပုံကို Upload တင်ပြီး Freeရပါတယ်။ ဒီနေရာ မှာလုပ်ပြီးရင် Facebook လို Social Network တွေမှာ Share နိုင်ပါတယ်။ www.in20years.com ပါ။
၂. သင့်ကလေး ဘာမြင်လဲ
သင့်မှာ တူ၊ တူမလို ကလေးငယ် လေးတွေရှိမယ်ဆိုရင် သူတို့အမြင်အာရုံ ဘယ်လိုရှိလဲဆိုတာ သိချင်မှာပါပဲ။ Tiny-eyes မှာ "Try it" ကို Click နှိပ်ပြီး ကြိုး စားကြည့်ပါ။ အသက်အရွယ်အလိုက် က လေးများရဲ့ မြင်ကွင်းအာရုံကို Drop down list နဲ့ မြင်ရပါမယ်။ တကယ်လို့ သင်က ဓာတ်ပုံတင်ကြည့်ချင်ရင်လည်း Upload လုပ်ပြီး "Run Tinyeyes!" ကို နှိပ်ရုံပါပဲ။ အဲဒီအခါ သင်တင်လိုက်တဲ့ပုံကို ကလေး တစ်ယောက်မြင်ရတဲ့ အနေအထားမျိုး တွေ့ ရပါမယ်။ မိဘများအတွက် ပျော်ရမယ့် Application တစ်ခုပါပဲ။ Sign up လုပ်စရာ မလိုပါဘူး။ www.tinyeyes.com/tiny eyes/ind

၃. အချိန်နှင့်တစ်ပြေးညီ ဓာတ်ပုံ Search Engine
Nacho Foto ဟာ ကမ္ဘာအနှံ့က သ တင်းဓာတ်ပုံများကို အချိန်နှင့်တစ်ပြေးညီ ဖော်ပြပေးနိုင်တဲ့ Photo Search Engine ပါ။ သင်ရှာလိုတဲ့ Keywords ကို ရိုက် လိုက်ရင် လတ်တလောတင်ထားတဲ့ ဓာတ် ပုံများကို အချိန်နဲ့အလိုက် တင်ပြထားပါ တယ်။ Sign Up လုပ်စရာမလိုပါဘူး။ www.nachofoto.com နော်။
၄. စတားတစ်ယောက်နဲ့ တူမယ်
ဒီ Site ရဲ့ Application က သင့် Social Network ကပုံကို ပေါင်းထည့်ပြီး Celebrity တစ်ယောက်ယောက်နဲ့ တူပေး ပါလိမ့်မယ်။ ပြီးရင် အဲဒီနှစ်ရုပ် ပေါင်း ထည့်ထားတဲ့ ဓာတ်ပုံကို သင့် Page မှာ Publish လုပ်၊ တခြား User တွေက Rate ပေးလို့ ရပါတယ်။ သွားချင်ရင် လိပ်စာ မှတ်ထားပေးပါ။ www.facedouble.com တဲ့။

၅. အချစ်ဝတ္ထုတစ်အုပ်ရဲ့ ကာဗာက သင်
အချစ်ဝတ္ထုများရဲ့ ပရိသတ်ဆိုရင် တော့ သင့်ပုံကို ၀တ္ထုစာအုပ်မျက်နှာဖုံးမှာ တပ်ပေးမယ့် ရိုမန်းတစ်ဆိုက်တစ်ခုပါပဲ။ နာမည်ကြီး အချစ်ဝတ္ထု ၆ အုပ်ရဲ့ ကာဗာ တွေကို ရွေးချယ်ဖို့ ပေးထားပြီး သင့်ပုံကို Upload တင်ရုံပါပဲ။ တင်ပြီးရင် Drag တို့ Rotate တို့ Zoom တို့နဲ့ သေချာ Edit လုပ်လို့ ရပါတယ်။ ဒါ့အပြင် ၀တ္ထုခေါင်းစဉ်အ သစ်ကို သင့်စိတ်ကြိုက်ပေးလိုက်ပါဦး။ စာ ရေးဆရာနာမည်နဲ့ ကာဗာက အကောင်း ဆုံး ကောက်နုတ်စာသားအတွက်လည်း အကြံထုတ်လိုက်ပါဦး Register လုပ်စ ရာ မလိုပါ။ www.romancenovelyourself.com ပါ။

၆. ဓာတ်ပုံမဂ္ဂဇင်း လုပ်မလား
ပြည်တွင်းထုတ် မဂ္ဂဇင်းကြီးတွေလို ပဲ ဓာတ်ပုံအသားပေးဖော်ပြမယ့် သင့်ကိုယ် ပိုင် မဂ္ဂဇင်းကို ဒီနေရာမှာ ရနိုင်ပါတယ်။ Youtellyou သင့် Holiday ဓာတ်ပုံ များကို ပုံညွှန်းစာလေးများနှင့် မဂ္ဂဇင်း တစ်အုပ်လို Layout လှလှနဲ့ ဖော်ပြေပေး မယ့် နေရာပါ။ Social Site တွေမှာ Share လို့ရပြီး Comment တွေပါ ခံစားရမှာ။ www.youtellyou.com

၇. စကားပြောတဲ့ပုံ
ဓာတ်ပုံတွေကိုချည်း ကြည့်ရတာ ပင် ပန်းလာပြီဆိုရင် ပုံကို စကားပြောခိုင်း ကြည့်ပါလား။ အဆင့် ၃ ဆင့်လောက်နဲ့ ဓာတ်ပုံက စကားပြောလာလိမ့်မယ်။ သင့် Character တစ်ခုကိုရွေးပြီး သင့်ပုံကို Upload တင်ပါ။ သင့်ဓာတ်ပုံအတွက် လို အပ်တဲ့ Effect တွေထည့်ပါ။ ပြီးရင် Voice Message ထည့်လိုက်ပါတော့။ သူလည်း Register မလိုပါတဲ့။ ကြိုက်တယ်ဆိုရင် တော့ http://www.pqdvd.com/flash editor/edit.php ကို ၀င်ကြည့်ပါ။
Ref: http://chocolatemyotaw.ning.com/profiles/blogs/3019402:BlogPost:1361154

Leave a Reply

ဒီပို့စ်လေး အပေါ် ဘာများပြောချင်ပါသလဲ ။

Related Posts Plugin for WordPress, Blogger...