အဝေးရောက်မြန်မာတစ်ယောက်ရဲ့ မျှဝေခြင်း

My Favorite IDE..

My Favorite Hosting.

My Favorite Search Engine..

My Favorite Project Site ..

အများအားဖြင့် Windows XP ရဲ့ Folder တွေမှာ နောက်ခံ background က အဖြူရောင် ဖြစ်နေတတ်ပါတယ်။ အဲဒီ အဖြူရောင်ကြီးအစား မင်းသမီးပုံလေးတွေ၊ ရှုခင်းပုံလေးတွေ ပြောင်းချင်ရင် ပြောင်းလို့ရပါတယ်။

လုပ်နည်းကတော့
၁။ Open notepad
၂။ [{BE098140-A513-11D0-A3A4-00C04FD706EC}]
Iconarea_Image=".\a.jpg" လို့ ရိုက်ပါ။
၃။ a.jpg မှာ အခြား file name ရိုက်လို့ရပါတယ်။ ဒါပေမဲ့ အဲဒီ ဖိုင်ဟာ နောက်ခံပုံပြောင်းမယ့် Folder ထဲမှာ ရှိနေရပါမယ်။
၄။ ပြီးရင် နောက်ခံပုံပြောင်းချင်တဲ့ Folder ထဲမှာ desktop.ini အနေနဲ့ Save လုပ်ပါ။
၅။ ဒါဆို နောက်တစ်ခါ ကိုယ့် Folder လေးကို ဖွင့်ကြည့်ရင် နောက်ခံပုံလှလှလေးနဲ့ ဖြစ်သွားပါပြီ။
(post from http://itmen.myanmarbloggers.org/)

Continue

RSS ဆိုတာ ဖိုင်တစ်ဖိုင်ပါပဲ။ Really Simple Syndication လို့ ခေါ်ပါတယ်။ အဲဒီ ဖိုင်ဟာ Website တော်တော်များများမှာ ပါရှိပါတယ်။ အဲဒီဖိုင်ထဲမှာ Website ဒါမှမဟုတ် Blog တစ်ခုရဲ့ Update ဖြစ်တဲ့အကြောင်းအရာတွေ ပါ၀င်ပါတယ်။ ဆိုလိုတာက Website ဒါမှမဟုတ် Blog တစ်ခု Update လုပ်လိုက်တဲ့အခါမှာ Update လုပ်တဲ့စာသားတွေဟာ Blog ပေါ်မှာရော အဲဒီ RSS ဖိုင်မှာပါ သွားရေးပါတယ်။ ကဲ..ဒါဆိုရင် အဲဒီ RSS ဖိုင်လေးကို ဖွင့်ကြည့်ရုံနဲ့ blog တစ်ခုရဲ့ update တွေကို ဖတ်နိုင်ပြီပေါ့။ ဒါပေမယ့် အဲဒီ RSS ဖိုင်တွေဟာ ဒီအတိုင်း ဖွင့်ကြည့်လို့မရပဲ RSS Reader လို့ခေါ်တဲ့ Program တွေနဲ့မှ ကြည့်လို့ရပါတယ်။ Google Reader ဆိုတဲ့ Online Application လေးဟာ RSS Reader ပဲဖြစ်ပါတယ်။အဲဒီ Feed တွေကို ဖတ်ချင်ရင် Feed Reader တွေသုံးဖတ်ရတယ်။ အဲဒီလို Feed တွေဖတ်ဖို့ တောင်းခံတာကို Subscription လုပ်တယ်လို့ ခေါ်တယ်။
Step By Step စလုပ်ကြည့်ရအောင်။
၁။ reader.google.com ကိုသွားပါ။
၂။ မိမိတွင်ရှိသော Gmail account ဖြင့် log on လုပ်ပါ။ အောက်တွင်ပြထားသောပုံတွင် Google Reader ကို ကျွန်တော် Log on လုပ်လိုက်သောအခါ မြင်ရသောမြင်ကွင်းဖြစ်ပါတယ်။
၃။ Feed များကို subscribe လုပ်ရန်အတွက် Add Subscription ကိုနှိပ်ပါ။ ပေါ်လာသော text box ထဲတွင် website (or) Blog တစ်ခု၏ address ကို ရိုက်ထည့်ပါ။ (ဥပမာ- itmen.blogspot.com) (ထို Website သို့မဟုတ် Blog သည် Feed ပေးမှသာရပါမည်။ Website တစ်ခု၊ သို့မဟုတ် Blog တစ်ခုသည် Feed ပေးမပေးသိနိုင်ရန် ထို Blog သို့မဟုတ် Website တွင် ဤသို့သော icon များ ပါမပါကြည့်၍ ဆုံးဖြတ်နိုင်ပါသည်။


Feed icon
(post from http://itmen.myanmarbloggers.org/)


Continue

ဘလော့ခ်လေးအပိတ်ခံရရင် ကြည့်လို့ရအောင်လုပ်တဲ့နည်းလေးပါ။ Google Reader ကို အသုံးပြုရမှာ။ Google Reader ထဲကိုဝင်၊ ကိုယ့် ဘလော့ခ်ကို subscribe လုပ်ပါ။ ပြီးတော့ Folder တစ်ခုဆောက်ပြီး အဲဒါကို share ပေးလိုက်ပါ။ Google Reader က share link လေးထုတ်ပါလိမ့်မယ်။
(post from http://itmen.myanmarbloggers.org/)

Continue

ကိုယ့် blog ကို ဒီနေ့လူဘယ်နှစ်ယောက်ဝင်ကြည့်သလဲ။ လူသစ်က ဘယ်လောက်လဲ။ လူဟောင်းက ဘယ်နှစ်ယောက်ပြန်လာသလဲ။ သူတို့တွေက ဘယ်နိုင်ငံကလဲ။ ဘယ်အကြောင်းအရာကို ဖတ်သွားကြတာလဲ။ သူတို့က ဘယ်ကနေလာတာလဲ။ search engine ကလား၊ တခြား website ကလား၊ တခြား website ကလာတာဆိုရင် ကိုယ့် site လေးကို ညွှန်းပေးတာ ဘယ် website လဲ။ နေ့တစ်နေ့ရဲ့ ဘယ်အချိန်မှာ ကိုယ့် blog လေးကို လူကြည့်များသလဲ။ သူတို့တွေ အချိန်ဘယ်လောက်ကြာကြာ ကြည့်တတ်သလဲ။
အဲဒီ မေးခွန်းလေးတွေရဲ့ အဖြေကို သိချင်တဲ့ blogger များ www.google.com/analytics ကို အမြန်သွားပြီး သုံးကြည့်လိုက်ပါတော့။
(post from http://itmen.myanmarbloggers.org/)

Continue

အင်တာနက်ကြည့်တယ်ဆိုတာ တကယ်တော့ server များနဲ့ သွားချိတ်တာပါပဲ။ Google Website ကိုကြည့်တဲ့အခါ Computer က Google ရဲ့ Web Server နဲ့ connect လှမ်းလုပ်တာလေ။ ဆိုပါစို့ ကျွန်တော်တို့ဟာ တပြိုင်နက်တည်း server တွေအများကြီးနဲ့ ချိတ််ဆတ်မှုလုပ်ရင် (Website တွေအများကြီး တပြိုင်နက်တည်း ဖွင့်လိုက်ရင်) connection နှေးသွားတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ windows ရဲ့ ပုံသေသတ်မှတ်ချက်မှာ အဲဒီလို တစ်ပြိုင်နက်တည်း server တွေအများကြီး ချိတ်ဆတ်တာကို ခွင့်မပြုပါဘူး။ ဒါကြောင့် Registry ထဲမှာ တစ်ပြိုင်နက်တည်း server ၁၀ လုံးလောက်ထိ ချိတ်ဆက်ခွင့်ပြုပါလို့ သွားပြောထားလိုက်ရင် အင်တာနက်သုံးရတာ ပိုမြန်လာပါလိမ့်မယ်။

ဒီ Registry File လေးကိုပဲ Download လုပ်ပြီး သင့်ကွန်ပျူတာမှာ Double Click နှိပ်ပြီးဖွင့်ပါ။ Dialog Box တစ်ခုပေါ်လာရင် Yes ကိုနှိပ်ပါ။ ပြီးရင် OK ကိုနှိပ်ပါ။ နောက်ပြီးရင် ကွန်ပျူတာကို restart လုပ်ပါ။ အင်တာနက်သုံးကြည့်ပါ။
(post from http://itmen.myanmarbloggers.org/)

Continue

Firefox အတွက် proxy add on လေးတစ်ခုဖြစ်ပါတယ်။ ပိတ်ထားတဲ့ Site တွေကို ကျော်ဖို့သုံးနိုင်ပါတယ်။ ကျော်တာ မြန်တယ်ဗျာ။ ဒီ ကနေ download လုပ်နိုင်ပါတယ်။

Install လုပ်နည်း
download ပြီးရင် အဲဒီဖိုင်လေးပေါ်မှာ Right Click နှိပ် Open With ကိုရွေး၊ Select a Program From a list ကိုရွေး၊ OK နှိပ်ပါ။ ပြီးရင် Firefox ကိုရွေး၊ OK နှိပ်ပါ။ တကယ်လို့များ list ထဲမှာ firefox မပါဘူးဆိုရင် Browse ကိုနှိပ်၊ C:\Program Files\Mozilla Firefox\firefox.exe ကိုရွေးပြီး OK နှိပ်၊ OK ထပ်နှိပ်ပါ။
Firefox ပွင့်လာပြီး Install လုပ်မှာလား မေးတဲ့အခါကျရင် Install Now ကိုနှိပ်ပါ။ ပြီးရင် Firefox ကို restart လုပ်ပါ။
အဲဒီအခါမှာ firefox screen ရဲ့ ညာဘက်အောက်မှာ အပြာရောင် P ပုံလေးပေါ်လာပါလိမ့်မယ်။ ပိတ်ထားတဲ့ site တစ်ခုခုကို သွားလိုက်ပါ။ Access Denied ပေါ်လာလိမ့်မယ်။ အဲဒီအခါကျရင် အဲဒီ အပြာရောင် P လေးကိုသာ နှိပ်ပြီး ခဏစောင့်လိုက်ပါ။ ပိတ်ထားတဲ့ site ပွင့်လာပါလိမ့်မယ်။
(post from http://itmen.myanmarbloggers.org/)

Continue

ကျွန်တော်တို့တွေ Program တွေသုံးတဲ့အခါ Trail Version တွေကို အများအားဖြင့် သုံးကြရပါတယ်။ Trial ကာလ ၁ လ ပေးတာတို့ ၊ ၁၀ ရက် ပေးတာတို့မျိုးပေါ့။ ၁၀ ရက် Trial version ဆိုရင် ၁၀ ရက်ပြည့်တဲ့အခါ Your Trial Version is Expire ဆိုပြီး သုံးမရတော့ဘူးလေ။ အဲဒီလို Expire မဖြစ်ရအောင် လုပ်နည်းလေးပါ။
အရင်တုန်းကတော့ program expire မဖြစ်ခင် computer date ကို ရှေ့ပြန်တိုးပေးလိုက်ရင် အဆင်ပြေသွားပါတယ်။ အခုတော့ RunAsDate ဆိုတဲ့ Program လေးကို တွေ့လိုက်ပါတယ်။ ဥပမာ- Program တစ်ခုကို ၂၀၀၈ ၁ လပိုင်း ၁ ရက်နေ့မှာ install လုပ်မယ်၊ သူ့ရဲ့ Trial ကာလက ၁၀ရက်ပေးတယ်ဆိုရင် အဲဒီ Program ဟာ ၂၀၀၈ ၁ လပိုင်း ၁၁ ရက်နေ့ရောက်ရင် သုံးရမှာမဟုတ်တော့ပါဘူး။ ဒါကြောင့် အဲဒီ Trial Program ကို RunAsDate ဆိုတဲ့ Program ကနေတစ်ဆင့် ၂၀၀၈ ၁လပိုင်း ၁ရက်နေ့အနေနဲ့ပဲ အမြဲ run ခိုင်းပြီး သုံးမယ်ဆိုရင် ဘယ်တော့မှ expire ဖြစ်မှာ မဟုတ်တော့ပါဘူး။ တကယ့်အသုံးဝင်တဲ့နည်းလေးမို့ တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်။
RunAsDate Program အတွက် Download Link ပါ။ဒီနည်းလေးအတွက်ကျေးဇူးပါ။
(copy of http://itmen.myanmarbloggers.org /' s post )

Continue

# At least 5 people in this world love you so much they would die for you.
# At least 15 people in this world love you in some way.
# The only reason anyone would ever hate you is because they want to be just like you.
# A smile from you can bring happiness to anyone, even if they don't like you.
# Every night, SOMEONE thinks about you before they go to sleep.
# You mean the world to someone.
# If not for you, someone may not be living.
# You are special and unique.
# Someone that you don't even know exists loves you.
# When you make the biggest mistake ever, something good comes from it.
# When you think the world has turned its back on you, take a look: you most likely turned your back on the world.
# When you think you have no chance of getting what you want, you probably won't get it, but if you believe in yourself, probably, sooner or later, you will get it.
# Always remember the compliments you received. Forget about the rude remarks.
# Always tell someone how you feel about them; you will feel much better when they know.
# If you have a great friend, take the time to let them know that they are great.
(from the post of this link)
  • ကမ္ဘာပေါ်မှာ မင်းကိုချစ်တဲ့သူတွေထဲက အနဲဆုံး ၅ ယောက်ဟာ မင်းအတွက် သေဖို့ဝန်မလေးကြပါဘူး။
  • ကမ္ဘာပေါ်မှာ မင်းကိုအနဲဆုံး ၁၅ ယောက်လောက်က သူ့နည်းနဲ့သူ မင်းကိုချစ်နေကြပါတယ်။
  • မင်းကိုမုန်းနေတဲ့ တစုံတယောက်ရဲ့ မုန်းတဲ့အဓိက အကြောင်းတစ်ခုဟာသူဟာမင်းလို ဖြစ်ချင်နေလို့ပဲ ဖြစ်တယ်။
  • မင်းရဲ့အပြုံးတစ်ခုဟာ အဲဒီလူမင်းကိုမုန်းနေရင်တောင်မှ သူ့အတွက်ပျော်ရွှင်မှုကို ဆောင်ကျဉ်းပေးနိုင် ပါတယ်။
  • ညတွေတိုင်းမှာ အိပ်ရာမဝင်ခင် မင်းအကြောင်းကိုတွေးနေတဲ့သူ တစုံတယောက်ရှိနေပါတယ်။
  • မင်းဟာ တစုံတယောက်အတွက်တော့ ကမ္ဘာတစ်ခုဖြစ်နေတယ်ဆိုတာ သိထားပါ။
  • အကယ်၍ သူဟာ မင်းအတွက်သာမဟုတ်ဘူးဆိုရင် အဲဒီတစုံတယောက်ဟာ အသက်မရှင်ချင်တော့ပါ ဘူး။
  • မင်းဟာသူ့အတွက်တော့တစ်ခုတည်းသောနဲ့ အကောင်းဆုံးသူပါ။
  • မင်းလုံးဝကိုမသိတဲ့သူ တစုံတယောက်ဟာ မင်းကိုချစ်နေတယ်ဆိုတာယုံပါ။
  • မင်းအမှားကြီးတစ်ခုပြုလုပ်မိရင်တောင်မှ အဲဒီထဲက ကောင်းတာလေးတစ်ခုဟာ အမြဲတမ်းပြန်လာပါတယ်။
  • ကမ္ဘာကြီးကမင်းကိုနောက်ကနေ လှည့်စားနေတယ်လို့ထင်နေရင်..နောက်ကိုလှည့်ကြည့်ပြီး သူ့ကိုရင် ဆိုင်လိုက်ပါ။
  • မင်းဟာ မင်းလိုချင်တဲ့တစုံတခု ကိုလုံးဝမရတော့ဘူးထင်နေရင်အဲဒါဟာ ခဏတာပါ။ မင်းကိုကိုယ်ကိုသာ ယုံကြည်နေရင် မကြာခင်မှာ အဲဒါဟာ မင်းလက်ဝယ်ကိုရောက်ရှိလာပါလိမ့်မယ်။
  • မင်းရရှိခဲ့ဖူးတဲ့ အောင်မြင်မှုများကို အမြဲတမ်း အမှတ်ရပါ။ ကြမ်းတမ်းတဲ့ ကိစ္စများကိုပြန်မတွေးပါနဲ့တော့။
  • မင်းမိတ်ဆွေများကို သူတို့နဲ့ပတ်သက်ပြီး မင်းဘယ်လိုခံစားရတယ်ဆိုတာ အမြဲတမ်းပြောပြပါ။ အဲဒါနဲ့တပြိုင်နက် မင်းဟာလဲ သူတို့နဲ့ပတ်သက်ပြီး သက်သက်သာသာ နေနိုင်လာပါလိမ့်မယ်။
  • မင်းမှာအကောင်းဆုံးသူငယ်ချင်းရှိခဲ့ရင် အချိန်ကလေးပေးပြီး သူဟာကိုယ့်အတွက် အကောင်းဆုံးဖြစ် ကြောင်းသိပါစေ။

Continue
Related Posts Plugin for WordPress, Blogger...