အဝေးရောက်မြန်မာတစ်ယောက်ရဲ့ မျှဝေခြင်း

My Favorite IDE..

My Favorite Hosting.

My Favorite Search Engine..

My Favorite Project Site ..

Posted by | Thursday, June 12, 2008 | 0 ခု ထင်မြင်ချက်ရှိပါသည်

RSS ဆိုတာ ဖိုင်တစ်ဖိုင်ပါပဲ။ Really Simple Syndication လို့ ခေါ်ပါတယ်။ အဲဒီ ဖိုင်ဟာ Website တော်တော်များများမှာ ပါရှိပါတယ်။ အဲဒီဖိုင်ထဲမှာ Website ဒါမှမဟုတ် Blog တစ်ခုရဲ့ Update ဖြစ်တဲ့အကြောင်းအရာတွေ ပါ၀င်ပါတယ်။ ဆိုလိုတာက Website ဒါမှမဟုတ် Blog တစ်ခု Update လုပ်လိုက်တဲ့အခါမှာ Update လုပ်တဲ့စာသားတွေဟာ Blog ပေါ်မှာရော အဲဒီ RSS ဖိုင်မှာပါ သွားရေးပါတယ်။ ကဲ..ဒါဆိုရင် အဲဒီ RSS ဖိုင်လေးကို ဖွင့်ကြည့်ရုံနဲ့ blog တစ်ခုရဲ့ update တွေကို ဖတ်နိုင်ပြီပေါ့။ ဒါပေမယ့် အဲဒီ RSS ဖိုင်တွေဟာ ဒီအတိုင်း ဖွင့်ကြည့်လို့မရပဲ RSS Reader လို့ခေါ်တဲ့ Program တွေနဲ့မှ ကြည့်လို့ရပါတယ်။ Google Reader ဆိုတဲ့ Online Application လေးဟာ RSS Reader ပဲဖြစ်ပါတယ်။အဲဒီ Feed တွေကို ဖတ်ချင်ရင် Feed Reader တွေသုံးဖတ်ရတယ်။ အဲဒီလို Feed တွေဖတ်ဖို့ တောင်းခံတာကို Subscription လုပ်တယ်လို့ ခေါ်တယ်။
Step By Step စလုပ်ကြည့်ရအောင်။
၁။ reader.google.com ကိုသွားပါ။
၂။ မိမိတွင်ရှိသော Gmail account ဖြင့် log on လုပ်ပါ။ အောက်တွင်ပြထားသောပုံတွင် Google Reader ကို ကျွန်တော် Log on လုပ်လိုက်သောအခါ မြင်ရသောမြင်ကွင်းဖြစ်ပါတယ်။
၃။ Feed များကို subscribe လုပ်ရန်အတွက် Add Subscription ကိုနှိပ်ပါ။ ပေါ်လာသော text box ထဲတွင် website (or) Blog တစ်ခု၏ address ကို ရိုက်ထည့်ပါ။ (ဥပမာ- itmen.blogspot.com) (ထို Website သို့မဟုတ် Blog သည် Feed ပေးမှသာရပါမည်။ Website တစ်ခု၊ သို့မဟုတ် Blog တစ်ခုသည် Feed ပေးမပေးသိနိုင်ရန် ထို Blog သို့မဟုတ် Website တွင် ဤသို့သော icon များ ပါမပါကြည့်၍ ဆုံးဖြတ်နိုင်ပါသည်။


Feed icon

(post from http://itmen.myanmarbloggers.org/)


Leave a Reply

ဒီပို့စ်လေး အပေါ် ဘာများပြောချင်ပါသလဲ ။

Related Posts Plugin for WordPress, Blogger...