computer တစ်လုံးမှာတပ်ဆင်ထားတဲ့ hardware item တွေအားလုံးရဲ့ detail information ကြည့်ချင်ရင်၊ Hotfix ဘယ်လောက်ထည့်ထားသလဲ၊ Page file size ဘယ်လောက်ရှိသလဲ၊ ကွန်ပျူတာကိုဖွင့်ထားတာ အချိန်ဘယ်လောက်ကြာပြီလဲ၊ IP Address ကဘယ်လောက်လဲစသည်ဖြင့် အချက်အလက်များ အားလုံးကို အမြန်ကြည့်နည်းလေးကို မျှဝေလိုက်ပါတယ်။
အောက်ပါအတိုင်းလုပ်ဆောင်ပါ။
၁။ Start>Run ကိုသွားပါ။
၂။ cmd ဟုရိုကဟုရိုက်ပြီး Enter ခေါက်ပါ။ (cmd သည် command prompt ၏အတိုကောက်ဖြစ်ပါသည်)
၃။ Command Prompt window ပွင့်လာသောအခါတွင် systeminfo ဟုရိုက်ပြီး Enter ခေါက်ပါ။
၄။ ထိုအခါ သင့်ကွန်ပျူတာ၏ အသေးစိတ်အချက်အလက်များ ကျလာပါလိမ့်မည်။
၅။ cmd မှထွက်ရန်အတွက် exit ဟု ရိုက်ပြီး Enter ခေါက်ပါ။
Posted by | Thursday, June 12, 2008 |
0
ခု ထင်မြင်ချက်ရှိပါသည်
(post from http://itmen.myanmarbloggers.org/)
Categories:
နည်းပညာ