အဝေးရောက်မြန်မာတစ်ယောက်ရဲ့ မျှဝေခြင်း

My Favorite IDE..

My Favorite Hosting.

My Favorite Search Engine..

My Favorite Project Site ..

အေသွေးပိုင်ရှင်များအကြောင်း

သွေးအမျိုးအစားကို လိုက်ပြီး လူတွေရဲ့ စိတ်နေစိတ်ထားတွေကို
ခန့်မှန်းလို့လည်း ရပါတယ်..ဒီနေ့တော့
သွေးအုပ်စု လေးမျိုးထဲက အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားများကို
ဖော်ပြပေးလိုက်ပါတယ်..
အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားကတော့ အောက်ပါအတို်င်းပါ..
ငယ်စဉ်ဘဝမှာတော့ သူတပါးကို
စဉ်းစားပေးတယ်ဆိုတာ သိပ်မရှိခဲ့ဘဲ ကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့... သူတပါးကို
နောက်ပြောင်ရတာကိုလဲ ကြိုက်နှစ်သက်ပါသတဲ့... ဒါပေမယ့် ကြီးပြင်းလာတာနဲ့
အမျှ ငယ်စဉ်က
စရိုက်သဘာဝများက တဖြည်းဖြည်း ပြောက်ကွယ်သွားပြီး သူများတကာတွေ အံ့အားသင့်လောက်အောင်
အေးဆေးတည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့... အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့်
အရာအားလုံးကို တာဝန်သိစွာ လုပ်ကိုင်တတ်သူများ ဖြစ်လာပါတယ်တဲ့... တခါတလေ ပတ်ဝန်းကျင်
အခြေအနေ မကောင်းတဲ့ အခါမှာ စိတ်လေလွင့်တတ်ပါတယ်တဲ့... အသစ်အဆန်းတွေကို
စမ်းသပ်လုပ်ကိုင်တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း
ကျင်လည်ရတာကို
နှစ်သက်သူများ ဖြစ်ကြပါတယ်... အလုပ်တစ်ခုကို လုပ်ပြီဆိုရင်လည်း
အလျင်လိုတာမျိုး မရှိဘဲ အဆင့်လိုက်
အဆင့်လိုက် တဖြည်းဖြည်းချင်း ဖြေရှင်းတတ်တဲ့ စတိုင်လ် ပါ... သပ်သပ်ရပ်ရပ်
စေ့စေ့စပ်စပ်နဲ့
အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်တတ်သူများပါ... နေ့စဉ်နေ့တိုင်း
လုပ်နေကြ အလုပ်တွေကိုပဲ
လုပ်နေတတ်လို့ အသစ်အဆန်းကို မရှိဘူးလို့ အပြောခံရတာကိုလည်း
ခံရတတ်ပါတယ်... ဒါ့အပြင် ဘယ်လို
အခြေအနေမျိုး မဆို ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ အတွေးဟာ ပြတ်သားလွန်းတာကြောင့်
မာဆတ်ဆတ်နိုင်တယ်... ဘုကြတယ် ဆိုပြီး အပြောခံရတာမျိုးလည်း ရှိနိုင်ပါတယ်...
အေသွေးပိုင်ရှင်များရဲ့ သူများနဲ့ မတူ ထူးခြားချက်ကတော့ တနေ့တာအတွင်း
ပေါ်ပေါက် ရင်ဆိုင်ရတဲ့ အလုပ်
မှန်သမျှကို စနစ်တကျ ဆောင်ရွက်တတ်ပေမယ့် စိတ်ရှုတ်လွယ်တဲ့
လူမျိုးတွေပါတဲ့... ကိုယ်နဲ့ ဆက်ဆံနေတဲ့
လူတွေကို နွေးနွေးထွေးထွေး ဆက်ဆံတတ်ပြီး သူတပါကို
ပျော်ရွှင်မှုပေးချင်ကြသူများ ဖြစ်ပါတယ်...
တခါတလေမှာတော့ သူများကို မယုံမကြည် ဖြစ်တတ်လို့ ကိုယ့်အကြောင်းတွေကို ဘယ်သူ့ကိုမှ
မပြောဘဲလည်း နေတတ်ပါသတဲ့... ဒီလို မယုံကြည်တတ်တဲ့ သဘောထားကြောင့် လူတွေနဲ့
ဆက်ဆံတဲ့အခါမှာ ကန့်လန့်ကာ တစ်ချပ်ချထားပြီး ဆက်ဆံတတ်ကြပါတယ်တဲ့... ဒီသဘာဝလေးကတော့
သူတို့ရဲ့ မကောင်းတဲ့ အကျင့်လေး တစ်ခုပါတဲ့... ဘဝရဲ့ အနှစ်သာရကို
တစ်နေရာမှာဘဲ မရှာဘဲ
အားလပ်ရက်ကိုလည်း ခုံမင်တတ်ပါတယ်တဲ့... အားလပ်တဲ့ အခါမှာ လျှောက်လည်ရတာကိုလည်း
နှစ်သက်သလို လျှောက်လည်လို့ ကုန်ကျတဲ့ စရိတ်ကိုလည်း မနှမျောပါဘူးတဲ့...
တစ်ယောက်တည်း သီးသန့်
ကမ္ဘာလေးကို တည်ဆောက်ချင်သူများ ဖြစ်ပါတယ်... အထက်လူကြီးရဲ့
အဆူခံရတာမျိုးကို ခံပြီးပြီဆိုရင်
မေ့လို့ မရဘဲ စိတ်ထဲမှာ သိမ်းထားတတ်တာကြောင့် စိတ်ဖိစီးမှုများရှိနေတတ်ပါတယ်...
ဒေါသထွက်တဲ့အခါမှာလည်း ဒေါသကို ဖော်ပြလေ့မရှိတာကြောင့် စိတ်ဖိစီးမှု
ပိုများတာ ဖြစ်ပါတယ်...
စိတ်ဖိစီးမှုတွေများနေတာကြောင့် စိတ်ဓါတ်ကျနေရတဲ့ နေရက်တွေလည်း
ရှိတတ်ပါတယ်တဲ့... ဒါကြောင့်မို့
စိတ်ထဲက မကြေနပ်ချက်လေးတွေကို တခါတလေ ဖော်ပြဘို့ လိုပါတယ်..


အေသွေးပိုင်ရှင် နှင့်လိုက်ဖက်မည့်သူ .

.အရင့်အရင် အပတ်တွေက သွေးအုပ်စုများ အကြောင်း ဖော်ပြပြီးခဲ့လို့ ဒီကနေ့တော့
ဘယ်သွေးအမျိုးအစားဟာ ဘယ်သွေးအမျိုးအစားနဲ့ လိုက်ဖက်ညီသလဲဆိုတာကို ဆက်လက်
ဖော်ပြပေးလိုက်ပါတယ်။ ဒီနေ့တော့ အေသွေးအတွက် ပေါ့နော်။

အေ-အေ (၇၀%)

အေသွေးယောင်္ကျားနဲ့ အေသွေးမိန်းမရဲ့ လိုက်ဖက်ညီ သဘောတွေ့နိုင်တဲ့
ရာခိုင်နှုန်းကတော့ ရ၀%
ဖြစ်ပါတယ်။ ပထမဆုံး စတွေ့တဲ့ အခါမှာတော့ တစ်ယောက်နဲ့ တစ်ယောက် သဘော မတွေ့မှုလေးတွေ
ရှိနေတတ်ပါတယ်။ ဒါပေမယ့် တစ်ယောက်ကို တစ်ယောက် နားလည်မှု
ရသွားပြီဆိုရင်တော့ ခွဲထားလို့ကို
မရလောက်အောင် ရင်းနှီးသွားတတ်ပါတယ်။ အကြိုက်ကလည်း တူသလို သူများတွေအမြင်မှာလည်း
အဆင်ပြေတဲ့ အတွဲလို့ မြင်စေပါတယ်။ အကယ်၍ ချစ်ခင်စုံမက်လို့ လက်ထပ်ချင်တာကို မိဘတွေက
သဘောမတူတာမျိုး ရှိခဲ့မယ်ဆိုရင် တောထဲ တောင်ထဲက ဘုန်းကြီးကျောင်းသွားပြီး
နှစ်ယောက်ထဲ
လက်ထပ်ရဲတဲ့ စိတ်ဓါတ်လည်း ရှိကြပါတယ်။ အေသွေးအချင်းချင်းရဲ့
တွေ့ဆုံခြင်းကတော့ စိတ်အချရဆုံးနဲ့
နှစ်ဦးခြားမှာ ရှိတဲ့ ချစ်ခြင်းမေတ္တာကိုလည်း ကြာရှည် ထိမ်းထားနိုင်ပါတယ်။
တစ်ခုပဲ သတိထားစရာ
လိုပါတယ်။ တစ်ယောက်ရဲ့ အကြောင်းကို တစ်ယောက်က စပ်စုလွန်းလို့ မကြေနပ်မှုလေးတွေ
ဖြစ်နိုင်လို့ပါပဲ။ အေးသွေးပိုင်ရှင် မိန်းကလေးတွေကတော့ တစ်ခါ
ချစ်ပြီဆိုရင် ဘယ်တော့မှ
မပြောင်းလဲတတ်တဲ့ စတိုင်လ်မျိုးလည်း ဖြစ်ပါတယ်။ ဒီလို အေသွေးပိုင်ရှင်
အချင်းချင်း ချစ်မိပြီဆိုရင်တော့
သန့်ရှင်းဖြူစင်တဲ့ အချစ်ကို ရမှာ အသေချာပါဘဲ။

အေ-ဘီ (၂၅%)

အေးသွေးနဲ့ ဘီသွေးတွေ့ပြီဆိုရင်တော့ တစ်ဘက်သတ် အချစ်က ပိုများပါတယ်။ အကယ်၍ အေသွေး
ယောင်္ကျားက ဘီသွေးမိန်းမကို ဇနီးအနေရဲ့ ရထားတယ်ဆိုရင်တော့ အဲဒီ့ ယောင်္ကျားဟာ အမြဲတမ်း
စိတ်အပူအပင်မရှိဘဲ နေထိုင်သွားလို့ ရပါတယ်။ အကယ်၍ ယောင်္ကျားက
ဘီသွေးဆိုရင်တော့ ဇနီးသည်ကို
ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ ဆက်ဆံတတ်ပြီး အားလုံးကို
နားလည်ပေးနိုင်ပါတယ်။ အေသွေး
ယောင်္ကျားများကို ကြည့်ရင် အမြဲတမ်းလိုလို တွေ့နိုင်တဲ့ အေးစက်တည်ငြိမ်မှု
အတွေးနက်နဲတဲ့ ပုံစံတွေက
အမြဲတမ်း ပျာယာခတ်နေတတ်တဲ့ ဘီသွေး မိန်းကလေးများရဲ့ စိတ်ကို
ညှို့ယူနိုင်ပါတယ်။ ဒါပေမယ့်
လိုက်ဖက်ညီမှုကတော့ ၂၅%ပဲ ရှိပါတယ်။

အေ-အို (၉၀%)

အိုသွေးပိုင်ရှင်မိန်းကလေးများရဲ့ ပွင့်လင်းတဲ့ အကျင့်နဲ့
အေသွေးပိုင်ရှင်အမျိုးသားများရဲ့ စေ့စပ်သေချာတဲ့
အကျင့်ကို ပေါင်းစပ်လိုက်ရင်တော့ တော်တော်ကို လိုက်ဖက်ညီတဲ့ အတွဲလေး
ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့်
တခါတလေမှာတော့ အိုသွေးများရင့် ပွင့်လင်းမှု၊ တက်ကြွမှုတွေက အေသွေးများရဲ့ အရောင်ကို
ဖုံးသွားတတ်တဲ့ အခါလည်း ရှိပါတယ်။ အေသွေးများ ပိုပြီး
သဘောထားကြီးဘို့တော့ လိုပါတယ်။
တခါတလေမှာ အေသွေးပိုင်ရှင်များက အိုသွေးပိုင်ရှင် လက်တွဲဖော်ကို အရမ်း
သွက်လက်လွန်းတယ်လို့
ထင်တတ်ကြပါတယ်။ ဒါပေမယ့် နှစ်ယောက်လုံး အေးစက်နေတာထက်စာရင် ဒီလို အတွဲလေးက ပိုပြီး
သင့်တော်ပါတယ်တဲ့။

အေ-အေဘီ (၅၀%)

အမြဲတမ်း အံ့သြစရာတွေနဲ့ ထူးဆန်းစရာတွေနဲ့ ပြည့်နေတတ်တဲ့
အေဘီသွေးပိုင်ရှင်မိန်းကလေးတွေက
အေသွေးပိုင်ရှင် ယောင်္ကျားလေးများရဲ့ စိတ်ကို ပိုပြီးလွယ်လွယ်နဲ့
ချဉ်းကပ်နိုင်သူများ ဖြစ်ပါတယ်။
အကြောင်းရင်းကတော့ အေဘီသွေးပိုင်ရှင် မိန်းကလေးများရဲ့ အမြင်မှာ အေသွေး
ယောင်္ကျားလေးများဟာ
ယုံကြည်စရာကောင်းပြီး သဘောကောင်းတယ်လို့ မြင်နေလို့ပါပဲ။ အေဘီသွေးရဲ့
ထူးခြား ဆန်းကြယ်မှုကို
အေသွေးပိုင်ရှင်များက နားလည် လက်ခံနိုင်တာကြောင့် အချင်းချင်း ရင်းနှီးမှု
ပိုများတတ်ပါတယ်။
တခါတလေမှာတော့ မီးနဲ့ တူတဲ့ အချစ်နဲ့ တွေ့ရတတ်ပါတယ်။ အေဘီသွေးပိုင်ရှင်
မိန်းကလေးများက
အေးဆေးပြီး ပုံမှန်နေတတ်တဲ့ ယောင်္ကျားများထက် ခေတ်ဆန်ပြီး သတ်သတ်ရပ်ရပ်
ထက်ထက်မျက်မျက်
ရှိတဲ့ ယောင်္ကျားမျိုးကို ပိုပြီး နှစ်သက်ကြပါတယ်။ ဒါကြောင့်မို့လည်း
ဒီလို အချက်တွေကို ပိုင်ဆိုင်ထားတဲ့
အေသွေးပိုင်ရှင်များနဲ့ ပိုပြီး ရင်းနှီးနိုင်တဲ့ အခြေအနေကများတာပါတဲ့။
ဒါပေမယ့်လည်း လိုက်ဖက်မှု
ရာခိုင်နှုန်းကတော့ ၅၀%ပါ။

ဘီသွေးပိုင်ရှင်များအကြောင်း

ဘီသွေးပိုင်ရှင်များကတော့ အရမ်းငယ်စဉ်မှာတော့ သွက်လက်ဖျက်လတ်ပြီး တက်တက်ကြွကြွနဲ့
လှုပ်ရှုားတတ်ပေမယ့် ကျောင်းစတတ်တဲ့ အရွယ်လောက်ကစပြီး ပတ်ဝန်းကျင်က လူတွေနဲ့
လိုက်လျောညီထွေအောင် မနေတတ်ဘဲ လေလွင့်နေတတ်ပြန်ပါသတဲ့... ဒါပေမယ့်
ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီ ဆိုရင်တော့ အားလုံးထက် ပိုပြီး
ကြိုးကြိုးစားစားနေတတ်ကြတဲ့ သူများဖြစ်လို့
ရှုံးနိမ့်မှုကို မကြောက်ဘဲ မပြတ်သော ဇွဲလုံ့လနဲ့သာ ဆက်လက်ပြီး
ကြိုးစားပါ... ကိုယ်သဘောကျတဲ့
အလုပ်တစ်ခုတည်းမှာဘဲ အာရုံအားလုံးကို နှစ်မြုပ်ထားတတ်တဲ့ စတိုင်လ်
ဖြစ်ပါတယ်... ဒါပေမယ့်
ပတ်ဝန်းကျင် အခြေအနေက မပေးခဲ့ဘူးဆိုရင်တော့ သိပ်မကြိုးစားတတ်ကြပါဘူးတဲ့...
ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့
ဘီသွေးပိုင်ရှင်များဟာ သတ်မှတ်ထားတဲ့
ပုံစံအတိုင်း ဆက်ဆံရတာမျိုးကို မနှစ်သက်ကြပါဘူး... ကိုယ်နဲ့ သိပ်
မခင်လှတဲ့ မိတ်ဆွေတွေနဲ့ အတူရှိတဲ့
အချိန်မှာတော့ ဟန်မပျက် အလိုက်တသင့် နေတတ်ကြသူများလည်း ဖြစ်ပါတယ်...
မျက်နှာခွဲခြားတတ်ပြီးတော့ တခြားသူတွေရဲ့ ရှေ့မှာ လူတတ်လုပ်ရတာမျိုးကိုလည်း
မနှစ်သက်တတ်ကြပါဘူး... ဘီသွေးပိုင်ရှင်များဟာ ပုံစံခွက်ထဲမှာ
ချုပ်နှောင်ခံရတာမျိုးကို မုန်းပြီး
လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားရတာကို နှစ်သက်ကြပါတယ်တဲ့... ဒါပေမယ့် သတိပြုစရာ
တစ်ခုကတော့ လွတ်လပ်မှုကိုဘဲ အစဉ် တောင့်တနေခြင်းကြောင့် ပတ်ဝန်းကျင်က လူတွေကို
ဒုက္ခပေးတတ်တယ်ဆိုတာကိုပါဘဲ...

ဘီသွေးပိုင်ရှင်များရဲ့ သူများနဲ့မတူ တမူထူးခြားနေတာကတော့ လွတ်လပ်စွာ
တွေးခေါ်တတ်တဲ့အပြင်
သူတပါးကို မှီခိုအားကိုနေရတာမျိုးကို မနှစ်သက်ကြပါဘူး...
ကိုယ်အားကိုကိုးပြီး အလုပ်အားလုံးကို
ဆောင်ရွက်ချင်ကြပါတယ်... အလုပ်တစ်ခုကို လုပ်နေစဉ်မှာတောင်
တခြားအလုပ်တစ်ခုကို တပြိုင်တည်း
ဆောင်ရွက်တတ်သူများလည်း ဖြစ်ပါတယ်... စည်းမျဉ်းစည်းကမ်းတွေကို သိပ်
ဂရုမစိုက်တတ်လို့ ကိုယ့်ထက်
အငယ်တွေရဲ့ ချစ်ခင်မှုကို ခံရတတ်ပေမယ့် လူကြီးတွေဆီကတော့ ဆူပူကြိမ်းမောင်းတာကို
ခံရတတ်ပါတယ်... တခါ ဒေါသထွက်ပြီဆိုရင်လည်း အဖြူအမည်း
မခွဲခြားနိုင်လောက်အောင်ပါဘဲတဲ့...
ဒေါသပြေတဲ့ အခါမှ အခြေအနေတွေကို ပြန်ရှင်းပြပြီး နားလည်မှုကို ယူတတ်ကြတဲ့
စတိုင်လ်မျိုးပါတဲ့...
အမှားတစ်ခုကို လုပ်မိတယ် ဆိုရင်လည်း ကိုယ်လုပ်တဲ့ အမှားအတွက်
တောင်းပန်ဘို့ ၀န်မလေးသူများလည်း
ဖြစ်ပါတယ်... တနည်းအားဖြင့် အတွင်းစိတ်ထား ပွင့်လင်းသူများ ဖြစ်ကြလို့
အထင်အလွဲခံရတာတို့ ရန်ညှိးတို့
မရှိတဲ့ သွေးပိုင်ရှင်များ ဖြစ်ပါတယ်။

ဘီသွေးပိုင်ရှင်နဲ့ လိုက်ဖက်မယ့်သူ

ဘီ-အေ (၂၀%)
ရှက်တတ်တဲ့ မိန်းကလေးမျိုးတွေကို ဘီသွေးယောင်္ကျားလေးများက နှစ်သက်ကြပါတယ်တဲ့။ ဘီသွေး
ယောင်္ကျားလေးများရဲ့ သွက်လက်ဖျတ်လတ်မှုနဲ့ အေသွေးမိန်းကလေးများရဲ့ နူးညံ့မှုကို
ပေါင်းစပ်လိုက်ရင်တော့ အရောင်လင်းလက်တဲ့ ချစ်သူတွေ ဖြစ်နိုင်ပါတယ်။
အထူးသဖြင့် နှစ်ယောက်တည်း
ရှိနေမယ်ဆိုရင်တော့ ပိုပြီး ရင်းနှီးနိုင်ပါတယ်။ ဒါပေမယ့် လိုက်ဖက်မှုကတော့ ၂၀%ပါ။

ဘီ-ဘီ (၆၅%)
ဘီသွေးယောင်္ကျားလေးနဲ့ ဘီသွေးမိန်းကလေး တွေ့ကြပြီ ဆိုရင်တော့ အချင်းချင်း
နားလည်မှုရှိပြီး
လိုက်ဖက်ပါတယ်တဲ့။ ဒီစုံတွဲကတော့ အချင်းချင်း ပျော်ရွှင်တဲ့
သူငယ်ချင်းအနေနဲ့ သော်လည်းကောင်း၊
လိုက်ဖက်ညီတဲ့ စုံတွဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ချစ်သူအချင်းချင်း
မပြောလောက်ဘူးလို့ ထင်နိုင်တဲ့
စကားကြမ်းကြမ်းတွေကို ပြောနေတတ်တဲ့ စုံတွဲတွေကို တွေ့ရင် ဘီသွေးစုံတွဲ
ဖြစ်တာက များပါတယ်တဲ့။
ဘေးမှာရှိနေတဲ့ လူတွေက ဒီစုံတွဲကို ကြည့်ပြီး ရန်ဖြစ်တော့မယ်လို့
စိုးရိမ်ရလောက်တဲ့ အထိပါပဲ။
ဘီသွေးပိုင်ရှင်များက လွတ်လပ်မှုကို နှစ်သက်ပြီး ကိုယ်လုပ်ချင်တာကို
လုပ်နေတတ်တဲ့ အတွက် ဒီအတွဲ
အဆင်ပြေဘို့ကတော့ တော်တော်ခက်ပါတယ်။ ရန်ဖြစ်ရင်းနဲ့ သံယောစဉ်
ဖြစ်သွားနိုင်သလို အချင်းချင်း
စိတ်ဆင်းရဲမှုတွေ ပေးပြီး ပြီးသွားတတ်တဲ့ အခါတွေလည်း ရှိပါတယ်တဲ့။

ဘီ-အို (၈၀%)

တခါတလေတော့ ပြဿနာ အကြီးကြီး ဖြစ်တတ်တဲ့ အတွဲလည်း ဖြစ်ပါတယ်။ ပြဿနာ ဖြေရှင်းမှုလည်း
သိပ်မရှိပါဘူး။ ဒါပေမယ့် ဘီသွေးယောင်္ကျားလေးများရဲ့ တက်ကြွမှုနဲ့
အိုသွေးမိန်းကလေးများရဲ့
လှုပ်ရှားမှုကို ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ ပျော်ရွှင်ဖွယ်ကောင်းတဲ့
အချိန်လေးတွေကို ပိုင်ဆိုင်နိုင်ပါတယ်။
ဒါပေမယ့် အမြဲတမ်း တစ်ခုခုကို စိတ်ပူနေရတတ်ပါတယ်။ ဒီစုံတွဲရဲ့
တူညီချက်ကတော့ အမြဲတမ်း
ပွဲလမ်းသဘင်ကို သွားဘို့ စိတ်လှုပ်ရှားနေသလိုမျိုး အမြဲတမ်း
စိတ်လှုပ်ရှားနေတယ်ဆိုတာပါပဲ။ ဒါကြောင့်
ဒီစုံတွဲ တွေ့ကြပြီဆိုရင်တော့ ကမ္ဘာမြေကြီး ပေါ်မှာ ရှိတဲ့
ပူပင်သောကမှန်သမျှကို မေ့ပြီး
ပျော်ရွှင်ဖွယ်ကောင်းတဲ့ အခြေအနေကို ဖန်တီးတတ်ကြပါတယ်။ တစ်ယောက်ကများ အကြံတစ်ခုလောက်
ပေးလိုက်ပြီဆိုရင် နောက်တစ်ယောက်က လက်ဝါးရိုက် လက်ခံတတ်တဲ့ အတွဲလည်း ဖြစ်ပါတယ်။

ဘီ-အေဘီ (၉၀%)

ဆန့်ကျင်ဘက် အဆုံးစွန် နှစ်ခု တွေ့ကြတာပါပဲ။ အချင်းချင်း လုံးဝကို မတူတဲ့ အတွက်
ပတ်ဝန်းကျင်ကလူတွေက အဆင်မပြေလောက်ဘူးလို့ ထင်ကြပေမယ့် တကယ်တော့ အရမ်းကို
အဆင်ပြေပြီး အချင်းချင်း နားလည်တတ်တဲ့ အတွဲလည်း ဖြစ်ပါတယ်။ အချင်းချင်း
ပေါင်းစပ်လုပ်ကိုင်နိုင်တဲ့
စွမ်းရည်လည်း မြင့်မားပြီး သူများတွေအမြင်မှာ ကြက်သီးထလောက်အောင်
ကဲကြသဲကြတဲ့ အတွဲလည်း
ဖြစ်ပါတယ်။ မြေအောက်ရထားစီတဲ့အခါမှာပဲ ဖြစ်ဖြစ် ဘတ်စ် စီးတဲ့အခါမှာပဲ
ဖြစ်ဖြစ် တပူးကပ်ကပ်နဲ့ နေတဲ့
အတွဲတွေက ဒီလို ဘီ-အေဘီသွေးပိုင်ရှင်များ ဖြစ်တတ်ကြပါတယ်။ ဘီသွေး
ယောင်္ကျားလေးများကတော့
အေဘီသွေးပိုင်ရှင် မိန်းကလေးများနဲ့ အတူတူ ရှိတဲ့အခါမှာ အမြဲတမ်း
ပျော်ရွှင်နေတတ်ပါတယ်။
ကိုယ်ကိုယ်တိုင်က ကြင်ကြင်နာနာနဲ့ မဆက်ဆံတတ်ပေမယ့် ချစ်သူလုပ်တဲ့ မိန်းကလေးက
ချွဲနွဲ့လိုက်ရင်တော့ ကြင်ကြင်နာနာပြန် ဆက်ဆံတတ်ကြတယ်။ အေဘီသွေးပိုင်ရှင်
မိန်းကလေးတွေကတော့
အရမ်း ကြင်နာဖွဲ့နွဲ့ လွန်းတဲ့ ယောင်္ကျားများ၊ မနားမနေ စကားပြောတတ်တဲ့
ယောင်္ကျားများကို
သိပ်မကြိုက်လှပါဘူး။ ကိုယ်တိုင်ကသာ ယောင်္ကျားလုပ်သူကို စကား
အဆက်မပြတ်ပြောချင်တတ်ပေမယ့်
တဘက်သားက ပူညံပူညံ လုပ်တာကိုတော့ မကြိုက်ကြပါဘူးတဲ့။ ဒါပေမယ့် ဒီအတွဲက
ဖြစ်နိုင်စွမ်း
အများဆုံးပါပဲ။

အိုသွေးပိုင်ရှင်များအကြောင်း

ဒီတစ်ခါ အိုသွေးပိုင်ရှင်များ အကြောင်း တင်ပြသွားမှာဖြစ်ပါတယ်...
အိုသွေးပိုင်ရှင်များကတော့
စရိုက်သဘာဝက ထူးခြားပါတယ်...
အိုသွေးပိုင်ရှင်များကတော့ အိမ်မှာတော့ ပြဿနာရှာတတ်ကြပေမယ့်
သူငယ်ချင်းတွေနဲ့ဆိုရင်တော့
သူငယ်ချင်းတွေကို ကြည့်ရှုစောင့်ရှောက်တတ်ပြီး လူတကာနဲ့ လိုက်လျောညီထွေအောင်
နေတတ်သူများဖြစ်ကြပါတယ်... အရာအားလုံးကို တက်တက်ကြွကြွနဲ့ ပါ၀င်ဆောင်ရွက်တတ်သူများ
ဖြစ်ကြပါတယ်... အလုပ်အားလုံးကိုလည်း ကိုယ့်အလုပ်လို့ သတ်မှတ်ပြီး ကြိုးကြိုးစားစား
ဆောင်ရွက်တတ်ကြသူများ ဖြစ်ပါတယ်... လုပ်ငန်းခွင်ကို ရောက်ပြီဆိုရင်လည်း သူတပါးကို
စာနာထောက်ထားတတ်ကြပါသတဲ့... အနာဂတ်အတွက် ရည်မှန်းချက် တစ်ခု ရှိပြီဆိုရင်
တစိုက်မတ်မတ်နဲ့
လုပ်ကိုင်တတ်ပေမယ့် မျှော်လင့်ချက် မရှိဘူးလို့ ထင်မိပြီဆိုရင်တော့
အစွဲအလမ်း တစ်ခုမှမထားဘဲ
လက်လျှော့ပစ်တဲ့ အကျင့်လေးများလည်း ရှိပါတယ်တဲ့... အလုပ်တစ်ခုကို
လုပ်ကိုင်နိုင်စွမ်း မြင့်မားသလို
အခြေအနေ အလိုက် စိတ်စုစည်းမှုလည်း ကောင်းမွန်ပါသတဲ့... ရလဒ်ကိုဘဲ
ဦးစားပေးသူများလို့လည်း
ဆိုနိုင်ပါသတဲ့... အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် plan အရင်ချပြီးမှ
လုပ်ကိုင်လေ့လည်း ရှိပါသတဲ့...
ကိုယ့် စတိုင်လ်နဲ့ကို နေတတ်သူများဖြစ်သလို ကိုယ်ပိုင် အတွေးအခေါ်များကို
ပိုင်ဆိုင်သူများလည်း
ဖြစ်ပါတယ်... ဒီလို စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တာမို့
အနုပညာလောကကို ခြေချမယ်ဆိုရင်လည်း
အောင်မြင်နိုင်တဲ့သူများ ဖြစ်ပါတယ်တဲ့.... ဒါပေမယ့် ကိုယ်ရဲ့
အတွေးအမြင်ကသာ အမှန်ဖြစ်တယ်ဆိုတဲ့
ယုံကြည်မှု ပြင်းထန်ချင်းက တခြားသူများရဲ့ ယုံကြည်မှုကို လစ်လျှူရှုသလို
ဖြစ်နေတတ်ပါတယ်...
အပန်းဖြေတာတို့ ၀ါသနာကို အကောင်အထည် ဖော်တာတို့ကိုတော့ သိပ်မနှစ်သက်လှပါဘူး...
အိုသွေးပိုင်ရှင်များက လက်တွေ့ကျကျ လုပ်ကိုင်ရတာကို နှစ်သက်ကြသူများလည်း
ဖြစ်ပါတယ်...
တခါတလေမှာတော့ Romantic ဆန်တာလေးတွေကိုလည်း ကြိုက်နှစ်သက်ကြပါတယ်တဲ့...
အိုသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ကိုယ့်အတွက် အရေးကြီးတဲ့
အရာတွေအတွက် အများကြီး
သည်းခံတတ်ပေမယ့် ရေရှည်တော့ သည်းမခံနိုင်ပါဘူးတဲ့... လူတွေနဲ့ ဆက်ဆံတဲ့
အခါမှာ ယုံကြည်မှု ရှိရှိနဲ့
ဆက်ဆံတတ်ပြီး ကိုယ့်ထက် အားနည်းသူနဲ့ ဆက်ဆံတဲ့ အခါမှာတော့ နွေးနွေးထွေးထွေး သဘောထား
ကြီးကြီးနဲ့ ဆက်ဆံတတ် ကြပါသတဲ့... ပြိုင်ချင်တဲ့ စိတ်ဓာတ် ပြင်းထန်လို့
တခါတလေမှာ မလိုအပ်ဘဲ
စိတ်ဆင်းရဲရတာမျိုးလည်း ရှိပါတယ်... အိုသွေးပိုင်ရှင်များက တခါတလေမှာ စကားနည်းပြီး
အေးအေးဆေးဆေး တစ်ယောက်တည်း တွေးခေါ်နေရတာကို ကြိုက်နှစ်သက်ကြပါသတဲ့...
တစ်ယောက်ယောက်နဲ့ စိတ်ကသိကအောင့် ဖြစ်တဲ့ အခါတိုင်း စိတ်ထဲမှာ စုမထားဘဲ တဘက်သားကို
ပြတ်ပြတ်သားသား ပြောတတ်ပါသတဲ့... ဒါပေမယ့် အားလုံး ပြီးသွားတဲ့ အခါမှာတော့ ဒါတွေ ငါ
ဘယ်တုန်းက လုပ်ခဲ့လို့လဲ ဆိုတဲ့ ပုံစံမျိုး အားလုံးကို မေ့ပြီးနေနိုင်သူများပါ...

အိုသွေးပိုင်ရှင်များနဲ့ လိုက်ဖက်မယ့်သူ

အို-အေ (၁၀၀%)

အိုသွေး ယောင်္ကျားလေးများရဲ့ လွတ်လွတ်လပ်လပ် နေတတ်တဲ့ သဘောနဲ့ အေသွေးပိုင်ရှင်
မိန်းကလေးများရဲ့ အလေးနက်ထားတတ်တဲ့ အကျင့်တွေကို ပေါင်းစပ်လိုက်ရင်တော့
သဘာဝကျတဲ့ အတွဲကို
ဖြစ်စေပါတယ်။ အေသွေးပိုင်ရှင်မိန်းကလေးများကတော့ အိုသွေးပိုင်ရှင်
ယောင်္ကျားလေးများကို အိုအေစစ်လို
အေးမြစေချင်ကြပါတယ်တဲ့။ အမြဲတမ်း ကံကောင်းမှုကို ဖြစ်စေပါတယ်တဲ့။
မိတ်ဆွေအဆင့်ဆိုရင်တော့
အကျိုးရှိစေမယ့် စကားများကို ဖလှယ်ရင်းနဲ့ ခင်မင်မှုကို ပိုမို
ဖြစ်စေပါတယ်။ အချင်းချင်း
နောက်ပြောင်ပြောဆိုတဲ့ အခါမှာလည်း အပြန်အလှန် ဖလှယ်နိုင်တာကြောင့် လိုက်ဖက်ညီတဲ့
အတွဲလေးလည်း ဖြစ်နိုင်ပါတယ်တဲ့။

အို-ဘီ (၇၅%)
မိန်းကလေးဘက်က လိုက်ကပ်နေတတ်တဲ့ အခြေအနေမျိုးတွေ ရှိပါတယ်တဲ့။ အမြဲတမ်း
ဘီသွေးမိန်းကလေးများရဲ့ စိတ်အသွားအလာကိုလည်း
မခန့်မှန်းနိုင်လောက်အောင်ပါတဲ့။ စိတ်ကတော့
ကြင်ကြင်နာနာ ဆက်ဆံချင်ပေမယ့် လုပ်လိုက်တဲ့ အလုပ်တိုင်းကတော့
အဆင်မပြေတာချည်းပါပဲ။ ဒါပေမယ့်
မိန်းကလေးဘက်ကတော့ သင့်ကို ကောင်းကောင်း ဆုံးဖြတ်နိုင်စွမ်းရှိတဲ့
ယောင်္ကျားတစ်ယောက်လို့
ယုံကြည်နေတတ်ပါတယ်။ ဒီအချက်ကို သတိထားပြီး သူမကို ဆွဲဆောင်ပါတဲ့။ ဒီလိုသာ
လုပ်မယ်ဆိုရင်တော့
ပိုပြီးချစ်လာနိုင်ပါတယ်တဲ့။ အချင်းချင်း အလေးထားတာရော ကတိကိုတည်ချင်တဲ့
စိတ်ဓါတ်တွေအားလုံးကြောင့် အချင်းချင်း သစ္စာဖောက်တာမျိုး လုံးဝမရှိပါဘူး။ တကယ်တော့
အိုသွေးပိုင်ရှင်ယောင်္ကျားလေးများက ကလေးဆန်ပြီး ချွဲတတ်တဲ့
မိန်းကလေးမျိုးကို လိုလားသလို
အိုသွေးမိန်းကလေးများကလည်း ကြင်နာပြီး နွေးထွေးတဲ့ ယောင်္ကျားမျိုးကို
လိုလားပါတယ်တဲ့။
ဒီအချက်မှာတော့ နည်းနည်း အဆင်မသင့်တာမျိုးတော့ ရှိတတ်ပါတယ်။

အို-အို (၄၀%)

အချင်းချင်း အရမ်းကို လိုက်ဖက်ညီတယ်လို့ ထင်ရပါတယ်။ သာမန် ယောင်္ကျားလေးနဲ့
မိန်းကလေးကြားမှာ
မပြောနိုင်လောက်တဲ့ အကြောင်းတွေကိုတောင် ပြောနိုင်လောက်အောင်
ရင်းနှီးနိုင်ပါတယ်တဲ့။ အချင်းချင်း
ယောင်္ကျားမိန်းမရယ်လို့ မတွေးပဲ သူငယ်ချင်းအနေနဲ့ ဆက်ဆံတတ်ကြပါတယ်။
လမ်းမှာ သူတောင်းစားများ
တွေ့ရင် ဒီတိုင်းမသွားနိုင်ပါဘူး။ စိတ်ထားကောင်းတယ်လို့
ဆိုလိုလို့ရပါတယ်။ အိုသွေးအချင်းချင်း အားလုံး
အိုကေမှာပဲလို့ ထင်နိုင်ကြပေမယ့် တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။
လိုက်ဖက်မှု ရာခိုင်နှုန်းက ၄၀%ပါ။

အို-အေဘီ (၉၅%)

အချင်းချင်း သိပ်အဆင်မပြေဘူးလို့ ထင်ရတဲ့ အတွဲပါ။ တစ်ကိုယ်ကောင်းဆန်တတ်တဲ့
အကျင့်လေးတွေကြောင့် စိတ်အခန့်မသင့်တာလေးတွေ ရှိတတ်ပါတယ်။ ရန်ဖြစ်ရာကနေ
သံယောစဉ်တွယ်တတ်တဲ့ အတွဲတွေလည်း ရှိနိုင်ပါတယ်။ အချင်းချင်း လက်တွေ့ကျကျ စဉ်းစား
ကပ်သပ်နေတတ်တဲ့ အတွက် သူများတွေ အမြင်မှာတော့ နည်းနည်း စိတ်ပင်ပန်းနေရတတ်ပါတယ်။
ဒါပေမယ့် လိုက်ဖက်ညီမယ့် ရာခိုင်နှုန်းကတော့ ၉၅% ပါ။


အေဘီသွေးပိုင်ရှင်များအကြောင်း

အေဘီသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ဒီလို ဖြစ်ပါတယ်...
အေဘီသွေးပိုင်ရှင်များဟာ သိပ်ပြီး
မထူးခြားလှတဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်ထားပါတယ်တဲ့...
မိဘကို ဆိုးတာမျိုးလည်း မရှိတဲ့ အေဘီသွေးပိုင်ရှင်များက အရာအားလုံးကို
ကွက်ကျော်မြင်တတ်လို့
အဆူခံရတာမျိုးလည်း လုံးဝ မရှိသလောက်ပါတဲ့... ကိုယ့်ပတ်ဝန်းကျင်မှာ
ဘာတွေဖြစ်နေတယ် ဆိုတာကို
လျင်လျင်မြန်မြန် အကဲခတ်နိုင်စွမ်းရှိသူများလည်း ဖြစ်ပါတယ်...
ဒါကြောင့်မို့ ပတ်ဝန်းကျင်က လူတွေက
အေဘီသွေးပိုင်ရှင်များကို စကားနည်းပြီး ဘုကျကျနိုင်လိုက်တာလို့ အပြောခံရတာမျိုးလည်း
ကြုံရတတ်ပါတယ်... ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ပတ်ဝန်းကျင်နဲ့
လိုက်လျောညီထွေအောင်
နေတတ်လာပြီး လူမှုဆက်ဆံရေးလည်း ကောင်းမွန်ပြေပြစ်လာပါတယ်တဲ့... အစပိုင်းမှာတော့
အလုပ်တစ်ခုကို ကြာရှည်လုပ်နိုင်တဲ့ ဇွဲ နည်းပါးတာကြောင့် အလုပ်တစ်ခုကို
လုပ်တဲ့ အခါမှာ မြန်မြန်
ပင်ပန်းအားလျော့ လွယ်ပါတယ်တဲ့... ဒါပေမယ့်လည်း ၀ီရိယစိုက်ပြီး
ကြိုးစားနေတဲ့ ကိုယ်ကိုတိုင်ရဲ့ ပုံစံကို
နှစ်သက်သူများ ဖြစ်လို့ ဘယ်အရာကိုမဆို လုပ်လိုစိတ် ပြင်းထန်ပြီး
ကြိုးကြိုးစားစား တက်တက်ကြွကြွနဲ့
လုပ်ဆောင်တတ်ပါတယ်တဲ့... လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာလည်း အပြောအဆိုကို အတတ်နိုင်ဆုံး
သတိထားတတ်ပြီး လုပ်ငန်းခွင်မှဆိုရင်လည်း အမှားမလုပ်မိအောင် သတိထား
လုပ်ကိုင်တတ်သူများ
ဖြစ်ပါတယ်... လူတစ်ယောက်နဲ့ တော်တော်လေး ရင်းနှီးလာတာတောင်မှ အဲဒီလူနဲ့
ကိုယ့်ရဲ့ ကြားမှာ
အတားအဆီး တစ်ခုကို ထားပြီးဆက်ဆံတတ်သူများလည်းဖြစ်ပါတယ်... ဒါကတော့ သူတပါးအပေါ်မှာ
အမှားလုပ်မိမှာကို စိုးရိမ်တတ်တဲ့ အေဘီသွေးပိုင်ရှင်များရဲ့
အသေးစိတ်လှတဲ့ အတွေများကြောင့်ဘဲ
ဖြစ်ပါတယ်... ဒါ့ပြင် အေဘီသွေးပိုင်ရှင်များဟာ တစ်ယောက်တည်းကိုဘဲ ခင်တတ်တဲ့
အကျင့်လည်းမရှိပါဘူးတဲ့... အလုပ်အများကြီးကို တစ်ပြိုင်နက်တည်း
လုပ်ကိုင်နိုင်စွမ်းရှိသူများ ဖြစ်သလို
အရာအားလုံးကို လက်တွေ့ကျကျ တွေးခေါ်ဆင်ချင်တတ်သူများလည်း ဖြစ်ပါတယ်... အလုပ်တစ်ခုကို
လုပ်တဲ့အခါမှာလည်း ထောင့်ပေါင်းစုံကနေ တွေးခေါ်ဆင်ချင်တတ်သူများ
ဖြစ်ပါတယ်တဲ့... မိဘဆွေမျိုး
သူငယ်ချင်းရယ်ဆိုပြီး သီးသန့် မခွဲခြားတတ်ဘဲ လူသားအားလုံးကို တန်းတူညီတူ
ဆက်ဆံတတ်သူများလည်း
ဖြစ်ပါတယ်... ဒါပေမယ့် တဘက်မှာလည်း အမြဲတမ်း ငွေရေးကြေးရေးကို စိတ်ပူနေတာကြောင့်
ပိုက်ဆံရှာနိုင်မယ့် အခြေအနေများကို အပူတပြင်း ရှာဖွေနေတတ်ပါတယ်တဲ့...
အေဘီသွေးပိုင်ရှင်များက
ကိုယ့်ရဲ့ ခံစားချက်ကို မျက်နှာမှာ မဖော်ပြတတ်သူများ ဖြစ်သလို
တော်ရုံတန်ရုံနဲ့ ဒေါသလည်း
မထွက်တတ်ပါဘူးတဲ့... ကိုယ့်ကို သစ္စာဖောက်သွားတဲ့သူကိုတော့ သေချာ
မှတ်ထားပြီး ကလဲ့စားခြေတတ်တဲ့
စရိုက်သဘာဝကို ပိုင်ဆိုင်သူများ ဖြစ်ပါတယ်... တခါတလေတော့ နူးညံ့တဲ့
စိတ်နေစိတ်ထားကို
အေဘီသွေးပိုင်ရှင်များရဲ့ မျက်နှာမှာ မြင်နိုင်သလို တခါတလေမှာတော့ ခက်ထန်မှုတွေကိုသာ
မြင်ရတတ်ပါတယ်.... ဒါတွေအားလုံးကတော့ အေဘီသွေးပိုင်ရှင်များ အကြောင်းသာ
ဖြစ်ပါတယ်...


အေဘီ သွေးပိုင်ရှင် နှင့်လိုက်ဖက်မည့်သူ

အေဘီ-အေ (၆၅%)

ဒီနှစ်ယောက်သာ တွေ့ကြပြီဆိုရင်တော့ ပတ်ဝန်းကျင်ကြီး တစ်ခုလုံးဟာ
ခြောက်ကပ်သွားတော့တာပါပဲ။
စကားတွေအများကြီး လိုအပ်တယ်လို့ ထင်ရပြီး အချင်းချင်း အပြိုင် ခေါင်းမာနေတတ်လို့
စိတ်အခန့်မသင့်မှုလေးတွေလည်း များတတ်ပါတယ်။ အေဘီသွေးပိုင်ရှင်
ယောင်္ကျားများရဲ့ ထူးခြားချက်ကို
နားမလည် နိုင်တာကြောင့် စိတ်ပင်ပန်းရတဲ့ အတွဲလည်း ဖြစ်ပါတယ်။ မေးတာကတခြား
ဖြေတာက တခြား
ဖြစ်တဲ့ အခါတွေလည်း များပါတယ်။ ဒီစုံတွဲလေးက ပြီးပြည့်စုံတဲ့ အတွဲလေးလို့
ပြောလို့ မရနိုင်သလို လုံးဝ
ပေါင်းစပ်လို့မရဘူးလို့လည်း ပြောလို့ မရပါဘူး။ အေသွေး မိန်းကလေးနဲ့
အေဘီသွေးယောင်္ကျားလေးတွေကတော့ နှစ်ဦးနှစ်ဘက်လုံးက သေချာပိရိတဲ့အပြင် အချင်းချင်းရဲ့
အားသာချက်လေးတွေကိုလည်း လက်ခံအသိအမှတ်ပြုတတ်ကြတာမို့ အဆင်ပြေတဲ့ အခြေအနေလေးကို
ဖန်တီးနိုင်ပါတယ်။ အေသွေးမိန်းကလေးတွေက စိတ်ဝင်စားစရာကောင်းတဲ့ စကား၊ ဟာသလေးတွေ
ပြောတတ်တဲ့ ယောင်္ကျားမျိုးကို သဘောကျတတ်ကြပါတယ်။

အေဘီ-ဘီ (၉၀%)

အေဘီသွေးယောင်္ကျားလေးများရဲ့ ပညာရှိရှိပြုမူတတ်တဲ့ အကျင့်လေးတွေက
ဘီသွေးမိန်းကလေးများကို
ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ အေဘီသွေးယောင်္ကျားလေးများကလည်း ဘီသွေးမိန်းကလေးများရဲ့
စမ်းသပ်လုပ်ကိုင်ချင်စိတ်၊ တက်ကြွဖျတ်လတ်မှုကို နှစ်သက်ကြပါတယ်တဲ့။
ဘီသွေးမိန်းကလေးများက
အေဘီသွေးယောင်္ကျားလေးများ ပွင့်ပွင့်လင်းလင်းနဲ့ ချစ်ခွင့်ပန်တဲ့
ပုံစံမျိုးကို သဘောကြသလို ညင်းလည်း
မညင်းနိုင်ပါဘူး။ ပွင်းလင်းတဲ့ စတိုင်လ်ကို လိုလားတာဟာ ဘီသွေးတွေရဲ့
စတိုင်လ်မို့ပါ။
ယောင်္ကျားလေးဘက်ကတော့ နည်းနည်း တစ်ကိုယ်ကောင်းဆန်တဲ့ အခါလေးတွေလည်း ရှိတတ်ကြပြီး
ရင်ထဲမှာ ခံစားရတဲ့အတိုင်း ဖော်ပြတတ်ပေမယ့် ဘီသွေးမိန်းကလေးများရဲ့
ခံစားချက်ကို သိုဝှက်တတ်တဲ့
အကျင့်လေးတွေကို နှစ်သက်ကြပါတယ်တဲ့။

အေဘီ-အို (၃၀%)

အချင်းချင်း လုံးဝ စရိုက်သဘာဝကို ပိုင်ဆိုင်ထားတာတောင်မှ တော်တော်
လိုက်ဖက်ညီတဲ့ အတွဲလေးလည်း
ဖြစ်ပါတယ်။ ချစ်သူအဖြစ်အနေထက် အစ်ကိုတစ်ယောက်လို ခင်မင်တွယ်တာတာမျိုးက
ပိုများပါတယ်။
အေဘီသွေး ယောင်္ကျားလေးများရဲ့ ပွင့်လင်းတဲ့ စရိုက်ဟာ
အိုသွေးပိုင်ရှင်မိန်းကလေးများရဲ့ မျက်စိမှာတော့
တော်တော် ဆွဲဆောင်မှုရှိနေတတ်ပါတယ်တဲ့။ အေးစက်ပြီး တရားကျကျ စဉ်းစားတတ်တဲ့
အေဘီသွေးပိုင််ရှင်
ယောင်္ကျားလေးများကို အိုသွေးမိန်းကလေးများက တောင့်တင်းခိုင်မာတဲ့
မှီခိုအားထားရာတစ်ခုလို့လည်း
ထင်တတ်ကြပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ လိုက်ဖက်ညီမှုကတော့ ၃၀%ပါ။

အေဘီ-အေဘီ (၉၀%)

အချင်းချင်း ကောင်းကောင်းနားလည်နိုင်တဲ့အပြင် တဘက်သားကိုလည်း
အလေးအနက်ထားတတ်ကြပါတယ်။ အဆင်ပြေတဲ့ အတွဲလေးတစ်တွဲဖြစ်ပေမယ့် သူများတွေအမြင်မှာတော့
သိပ်ပြီး မထူးခြားလှတဲ့ အတွဲလေး တစ်တွဲပါ။ တပူးကပ်ကပ်နေတတ်တဲ့
အတွဲလေးလည်း ဖြစ်ပါတယ်။
နှစ်ယောက်စလုံးက စဉ်းစားဉာဏ်ရှိတဲ့အတွက် တဘက်သားရဲ့ စရိုက်သဘာဝတွေအားလုံးကို
နားလည်ပေးနိုင်သလို မကြိုက်တဲ့ အပြုအမူကို ရှောင်ကျဉ်ကြပါတယ်။ တခါတလေမှာတော့
အတွေးအခေါ်တွေ မတိုက်ဆိုင်တဲ့အခါလေးတွေလည်းရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်
အပေးအယူမျှတဲ့ အတွဲဖြစ်တာကြောင့် ပျော်စရာကောင်းတဲ့ အတွဲလေးလည်း ဖြစ်ပါတယ်။
From Fwd mail

Continue

ကိုယ့်ကိုယ်ကို စတိုင်ကျနတဲ့ ယောကျ်ားလေးတစ်ယောက် ဖြစ်ချင်ပါတယ်ဆိုရင် ဘယ်လို အချက်လေးတွေကို လိုက်နာ သင့်တယ်၊ ဂရုတစိုက်ရှိသင့်တယ် ဆိုတာလေးတွေကို သိသလောက်၊ ဖတ်မှတ်ထားသလောက်၊ လက်လှမ်းမီသလောက် ရှာဖွေ ဖော်ပြပေးလိုက်ပါတယ်..

၁။ အဝတ်အစား ၀တ်ဆင်ရာမှာ စတိုင်ကျပါတယ် ဆိုတဲ့သူ တော်တော်များများဟာ ကြိုတင်ပြင်ဆင် တတ်တဲ့ အကျင့်ကောင်းတွေကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်.. အရေးတကြီး ချိန်းဆိုမှု၊ ညစာစားပွဲ၊ အစည်းအဝေး၊ အင်တာဗျူး၊ ဧည့်ခံပွဲ စသည်တို့အတွက် အဝတ်အစားများကို သွားမဲ့ရက် မတိုင်မီ ကတည်းက ကြိုတင် ရွေးချယ်ထားသင့်ပါတယ်.. သွားခါနီး ကပ်ပြီးမှ ပြင်ဆင်ရွေးချယ်တဲ့ အခါ အကျင်္ီ၊ ဘောင်းဘီ ကြယ်သီး၊ ဇစ် ပြုတ်နေတာတို့၊ မီးပူတိုက်ဖို့ အချိန်မရလိုက်တာတို့ စသဖြင့် အခက်အခဲများကို ရှောင်လွှဲပြီးသား ဖြစ်နိုင်ပါတယ်..

၂။ မိမိနဲ့ လိုက်ဖက်မှုရှိမဲ့ အဝတ်အစားကို ရွေးချယ်တတ်ပါစေ.. စူးရဲတောက်ပလွန်းသော အရောင်များ၊ ကြောင်ကြောင်ကြားကြားဒီဇိုင်းများ၊ တို့လို့တန်းလန်း အဝတ်အစားများသည် သင်၏ စတိုင်ကျနမှုကို ဖျက်ဆီးစေသော အဆိုးဝါးဆုံး အချက်များပင်ဖြစ်ပါတယ်.. အဝတ်နဲ့ လိုက်ဖက်သော ဖိနပ်၊ ရှူး၊ လည်စည်း၊ ခါးပတ် စသည်များကို ဆောင်ထားပါ။ သင့်တော်သည့် နေရာ၊ ပွဲလမ်းများတွင် ၀တ်ဆင်နိုင်ရန် ဖြစ်ပါတယ်.. ဖိနပ်များကို သပ်ရပ် သန့်ရှင်းနေရန် ဂရုစိုက်ပါ… ရှူးဖိနပ်ကို ပေါလစ် တိုက်ရန် မမေ့ပါနဲ့…


၃။ သင့်တော်တဲ့ ဘော်ဒီစပရေး၊ ရေမွှေး၊ Roll On ကို ရွေးချယ်သုံးစွဲပါ။ ယောကျ်ားလေးမို့ အမွှေးနံ့သာ မသုံးစွဲရဘူး ဆိုတဲ့ အယူအဆဟာ နှစ်တစ်ထောင် အကွာအဝေးမှာ ကျန်ခဲ့ပါပြီ.. ခေတ်မှီသူတိုင်း၊ မိမိကိုယ်ကို စတိုင်ကျချင်သူတိုင်း ကိုယ်နဲ့ လိုက်ဖက်မဲ့ မွှေးရနံ့ တစ်ခုခုကို သုံးစွဲတတ်ကြပါတယ်.. မွှေးရနံ့ တစ်ခုုကို သုံးစွဲခြင်းဟာ လူတွေကြားထဲမှာ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိစေပါတယ်.. ယောကျ်ားလေးများနဲ့ လိုက်ဖက်တဲ့ ရေမွှေးရန့ံမှာ အများအားဖြင့် သစ်သားရနံ့၊ သစ်သီးနံ့၊ ပရုပ်နံ့၊ အရှေ့တိုင်း အမွှေးအကြိုင်များ စသည်တို့နဲ့ ဖော်စပ်ထားတဲ့ မွှေးရနံ့များနဲ့ ပိုမို သင့်တော်ပါတယ်.. တရားလွန် မွှေးကြိုင်နေသော အမွှေးရနံ့ မျိုးကိုတော့ ရှောင်ကျဉ် သင့်ပါတယ်.. စတိုင်ကျခြင်းထက် ကျော်လွန်ပြီး လူတကာ နှာခေါင်းရှုံ့ စရာ ဖြစ်နိုင်လို့ပါ….


၄။ မိမိသွားလာမဲ့ ပွဲလမ်းသဘင်နဲ့ သင့်တော်လျှောက်ပတ်သော ၊ မိမိအသက်အရွယ်နှင့် လိုက်ဖက်သော အဝတ် အစားကို ရွေးချယ်တတ်ပါစေ.. ဂုဏ်သရေရှိ ဧည့်သည်အများအပြား ဖိတ်ကြားထားသောဧည့်ခံပွဲများ၊ မင်္ဂလာဆောင်အခမ်းအနားမျိုး တက်ရောက်ရန်အတွက် ရပ်ပ်ပါစတိုင်၊ ပန့်စတိုင် စသည်ဖြင့် ၀တ်စားဆင်ယင် သွားမည်ဆိုလျှင် စတိုင်ကျသူ တစ်ယောက်ထက် လူရယ်ဖို့သာ ဖြစ်နိုင်သဖြင့် လိုက်ဖက်သော ၀တ်စား ဆင်ယင်မှုကို ဂရုတစိုက် ရွေးချယ်ပါ..


၅။ ယောကျ်ားတစ်ယောက်ကို စတိုင်ကျနစေဖို့ အကြောင်းအချက်တွေထဲမှာ လိုက်ဖက်တဲ့ ဆံပင်ပုံစံ ရွေးချယ်မှုဟာလည်း အရေးပါပါတယ်.. ဆံပင်ပုံစံကြောင့် ရုပ်ရည်ပါ ပြောင်းလဲ သွားနိုင်ပါတယ်.. ဒါကြောင့် ကြုံရာ ဆိုင်မှာ ဆံပင်ကို ညှပ်ခြင်းထက် မိမိ ညှပ်နေကျ၊ မိမိနဲ့လိုက်ဖက်မဲ့ ဆံပင်ပုံစံကို မှန်ကန်စွာ ရွေးချယ်ပေးမဲ့ ဆိုင်မျိုးမှာသာ ဆံပင်ကို ပုံမှန် ညှပ်သင့်ပါတယ်..


၆။ ကျန်းမာရေး လေ့လာလိုက်စားပါ.. မိမိ အားလပ်ချိန်တွင် ကျန်းမာရေး လေ့ကျင့်ခန်းတစ်ခုခုကို မဖြစ်မနေ ပြုလုပ်သင့်ပါတယ်.. များများ အချိန်မပေးနိုင်လျှင်တောင်မှ ရေချိုးခါနီး နာရီဝက်လောက် အချိန်ယူ၍ ကိုယ်ခန္ဓာ ကြံ့ခိုင်သန်စွမ်းစေရန် လေ့ကျင့်ခန်းပြုလုပ်သည့် အကျင့်ကို မွေးမြူပါ…


၇။ သန့်ရှင်းသပ်ရပ်စွာ နေထိုင်ပါ.. သန့်ရှင်းသပ်ရပ်မှုသည်လည်း အမျိုးသားများကို စတိုင်ကျန စေသော အချက်တစ်ချက် ဖြစ်ပါတယ်.. မိမိခြေသည်း၊ လက်သည်းများ ခြေးညှော် ကင်းရှင်းစေရန် အစဉ်သတိပြုပါ.. မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးများ ရိတ်ပြီးတိုင်း after shave ကို သုံးစွဲပါ.. ညအိပ်ရာဝင်တိုင်း မျက်နှာသစ်ပြီး သင့်တော်သော Moisturizer ကို လိမ်းပြီးမှ အိပ်ရာဝင်ပါ…


၈။ ဆွဲကြိုး၊ လက်စွပ်၊ ဟန်းချိန်း အစရှိသော ရှိသမျှ အဆင်တန်ဆာများ ထုတ်၍ ဆင်မြန်း ထားခြင်းသည် စတိုင်ရှိခြင်းထက် အများအမြင်တွင် ယောကျ်ားမဆန်ဘဲ အကြွားပိုခြင်းဟုသာ အထင်ရောက်စေနိုင်ပါတယ်… နာရီကောင်း တစ်လုံးသည် ယောကျ်ားတစ်ယောက်အတွက် မရှိမဖြစ်သော အဆင်တန်ဆာ တစ်ခု ဖြစ်ပါတယ်.. အချိန်တန်ဖိုးထားတတ်သူ၊ တိကျသူ စသည့် အင်္ဂါရပ်များကို ပေါ်လွင်စေနိုင်ပါတယ်..


၉။ ကိုယ်နှင့် အဆမတန် သေးငယ်သော၊ သို့မဟုတ် ကြီးလွန်းသော အဝတ်အစားများကို ရှောင်ပါ.. ခေတ်အလွန်ဆန်လွန်းသော အဝတ်အစားများကိုလည်း ရှောင်သင့်ပါတယ်.. ခေတ်ဆန်လွန်းသော အဝတ်အစားများသည် အလျှင်အမြန် ခေတ်ကုန်သွားနိုင်ပါတယ်..


၁၀။ စကားပြော ရည်မွန်ခြင်း၊ ဆက်ဆံရေးကောင်းမွန်ခြင်း၊ ဗဟုသုတပြည့်စုံခြင်း၊ လူအများနှင့် သဟဇာတဖြစ်ခြင်း စသည့် အချက်များသည်လည်း ယောကျ်ားတစ်ယောက်၏ ကိုယ်ရည် ကိုယ်သွေးကို တောက်ပ စတိုင်ကျစေသော အချက်များ ဖြစ်ပါတယ်…

အမျိုးသားတွေ အတွက်လဲ ရေးပါဦးလို့ ဆိုလာတဲ့ သူငယ်ချင်းများအတွက် ဒီ ဆောင်းပါးလေးကို ရေးဖြစ်ပါတယ်ရှင်…. အားလုံး စတိုင်ကျကျနဲ့ လှပနိုင်ကြပါစေနော်..
From Fwd mail

Continue

၁၉၉၃ ခု ဇွန်လတွင်ထုတ်ဝေသော အမေရိကန် မဂ္ဂဇင်း တစ်စောင်တွင် အမ္မက်ကရိုဇီယာ ရေးသားသော `အိမ်ထောင်များ အဘယ့်ကြောင့်ပျက်ရသနည်း`ဆောင်းပါးတစ်စောင်ပါရှိလေသည်။ အောက်ပါမေးခွန်းတို့သည် ထိုဆောင်းပါးမှ ကောက်နုတ်၍ ဖော်ပြလိုက်ချင်း ဖြစ်ပါသည်။ ထိုမေးခွန်းများ ကို သင်ကိုယ်တိုင်ဖြေဆိုနိုင် အကျိုးရှိပေလိမ့်မည်။ `ဟုတ်ကဲ့` ဟု ဖြေနိုင်သော အဖြေတိုင်းကို အမှတ် ၁၀ မှတ်ပေးပါ။ အားလုံးကို ဖြေပြီးလျှင် သင်အမှတ်မည်မျှရသည်ကို တွက်ကြည့်ပါလေ။

ယောက်ျားများအတွက်

၁။ သင်သည် သင်၏ မိန်းမကို မညားမီအခါက ဂရုစိုက်ခဲ့သကဲ့သို့ ယခုတိုင် ပန်းကလေးက အစ လက်ဆောင်ကလေးအစ
ပေးလျက်ရှိပါသေးသလား။ မညားမီကကဲ့သို့ သင်၏ မိန်းမအပေါ်တွင် ကြင်ကြင်နာနာနှင့် ယုယ ထွေးပိုက်ခြင်းရှိပါသေးရဲ့လား။

၂။ အခြားလူများရှေ့တွင် သင့်မိန်းမကို ပြစ်တင် ဆူပူကြိမ်းမောင်းခြင်း မျိုးမှ အထူဂရုစိုက်ကာ ရှောင်ရှားပါရဲ့လား။

၃။ သူ သဘောကျ သလို သုံးစွဲနိုင်ရန် သင့်မိန်းကို အိမ်စရိတ် အပြင် ငွေပိုများ ပေးပါရဲ့ လား။

၄။ သင့်မိန်းမ၏ လိုအင်ဆန္ဒတို့ကို ကောင်းစွာ သိရှိအောင် သင်ကြိုးစားပါရဲ့လား။ သင့်မိန်းမသည် ပင်ပန်းနွမ်းလျက်ရှိသောအခါ ၌ လည်းကောင်း၊ စိတ်မအီမသာ ဖြစ်နေသောအခါ ၌ လည်းကောင်း သင်သည် သင့်မိန်းမကို အကူအညီပေးပါရဲ့လား။

၅။ သင်သည် သင်ရသော အားလပ်ချိန်ကို တစ်ဝက်ခွဲ ၍ သင့်မိန်းမနှင့် အတူတူ ကြည်ဖြူစွာ နေထိုင်ပါရဲ့လား။

၆။ သင့်မိန်းမ ၏ အချက်အပြုတ်နှင့် အိမ်ထောင်ထိန်းသိမ်းမှုသည် သင်၏ မိခင် (သို့) ကိုဖြူ့ ၏ မိန်းမ အချက်အပြုတ်
အိမ်ထောင်ထိန်းသိမ်း မှု့ထက် ညံ့သည်ဟု မပြောပဲ ပို၍ကောင်းသည် ဟု အလိမ္မာဖက်ကာ ယှဉ်ပြပါရဲ့လား။

၇။ သင်မိန်းမ ဖတ်ကြားသောစာအုပ်များ သင့်မိန်းမ၏ အပေါင်းအဖော်များ မြို့ရွာအရေး နှင့် စပ်လျှင်း ၍ သင့်မိန်းမ၏ ယူဆချက်များပေါတွင် သင်သည် အသေအချာ စိတ်ဝင်စားပါရဲ့ လား။

၈။ သင်သည် သဝန်ကြောင်သောစကားမျိုးကို မသုံးပဲနှင့် သင့်မိန်းမအား အခြားယောက်ျားများနှင့် စကားပြေဆိုသည်ကို လည်းကောင်း၊ မိတ်ဆွေတို့၏ ဘာဝ ဂရုတစိုက်ပြုသည်ကိုလည်းကောင်း ခွင့်ပြုနိုင်ပါရဲ့လား။

၉။ အခွင့်အလမ်းများပေါ်တိုင်း သင့်မိန်းမကို ချီးကျူးရန်နှင့် မြှောက်စားရန် သင့်မှာ အသင့်ရှိပါရဲ့လား။

၁၀။ သင့်အင်္ကျီ ကြယ်သီးပြုတ်နေသည်ကို ပြန်တပ်ပေးခြင်း၊ သင့်ခြေအိတ်ပေါက်နေသည်ကို ဖားပေးခြင်း၊ သင့်အဝတ်အစားများလျှော်ဖွတ်ပြေး
ခင်း စသောအလုပ်လေးများအတွက် သင်သည် သင့်မိန်းမအား ကျေးဇူးတင်စကားပြောပါရဲ့လား။

မိန်းမများအတွက်

၁။ သင့်ယောက်ျား၏ အလုပ်တွင် ၀င်မစွက်ပဲ သီးသန့်နေပါရဲ့လား၊ သူ့အပေါင်းသင်းများကို ဘယ်သူနဲ့ မပေါင်းပါနဲ့၊ ဘယ်သူဟာ
လူရှုပ်ပဲ အစရှိသဖြင့် အပြစ်ပြောခြင်း၊ သူ့အလုပ်လက်ထောက်ကို ခန့်ထားရာ၌ ၀င်ရောက်ပြောဆိုခြင်း၊ သူသွားရောက်လည်ပတ်ရာ၌ ဆူပူခြင်းများမှ ကင်းလွတ်ပါရဲ့လား။

၂။ သင့်နေအိမ်နှင့် တကွ သင့်အပေါတွင် သင့်ယောက်ျားသည် စိတ်ဝင်စားအောင် သင်သည် အစွမ်းကုန် ကြိုးစားပါရဲ့လား။

၃။ ယနေ့တော့ ဟိုဟင်းကြီးစားရအုံးမှာပဲ ဟူ၍ စိတ်ထဲမှာ မတွေးနိုင်အောင် စားဖွယ်သောက်ဖွယ် အမျိုးမျိုးတို့ကို သင်ကိုယ်တိုင် စီမံ၍ သင့်ယောက်ျားအား ချက်ပြုတ်ကျွေးမွေးပါရဲ့လား။

၄။ သင့်ယောက်ျားသည် သူ့အလုပ်အတွက် သင့်ထံမှ အကူအညီလိုချင်ခဲ့ပါလျှင် အကူအညီပေးနိုင်အောင် သင့်ယောက်ျား၏ အလုပ်အေကြောင်းကို သင့်လေ့လာပါရဲ့လား။

၅။ စီးပွားပျက်သောအခါ ဘယ်သူတွေလုပ်လိုက်တာ ဘယ်လိုချမ်းသာသွားတာပဲ၊ သူ့လုပ်ပုံကို ကဒီလိုဖြစ်မှာပေါ့ အစရှိသဖြင့် သင့်ယောက်ျားကို ဆူပူခြင်း မလုပ်ပဲ အေးအတူ ပူအမျှ ခံနိုင်သော သတ္တိ သင့်မှာ ရှိပါရဲ့လား။

၆။ သင့်ယောက်ျား၏ မိခင်နှင့်သော်လည်းကောင်း၊ ဆွေမျိုး ဉာတိများနှင့် သော်လည်းကောင်း၊ သင့်တင့်ညီညွတ်စွာ ပေါင်းသင်းဆက်ဆံနိုင်ရန်
ကြိုးစားပါရဲ့လား။

၇။ အဝတ်အစားဝတ်ရာ၌ လည်းကောင်း သင့်ယောက်ျား မကြိုက်သော အဆင်နှင့် အဝတ်အစားများကို ရှောင်ရှားပြီးလျှင်
သင့်ယောက်ျးကြိုက်သော အဆင်နှင့် အဝတ်အစားများကို ၀တ်ဆင်ပါရဲ့လား။

၈။ လင်မယားခြင်း သင့်မြတ်စွာပေါင်းသင်း ဆက်ဆံနိုင်ရန်အတွက် အနည်းငယ် သဘောကွဲလွဲချက်များကို သင်သည် လျှော့ပေးပါရဲ့လား။

၉။ သင့်ယောက်ျားနှင့် အားလပ်ချိန်များတွင် အတူတူ နေနိုင်ရန် သင့်ယောက်ျား ၀ါသနာပါသော အားကစားများကို သင်ကြားထားပါရဲ့လား။

၁၀။ သင့်ယောက်ျား၏ ပါရမီကို ကူညီသောအားဖြင့် နေ့စဉ် သတင်ထူး၊ စာအုပ်များ အကြံသစ်များကို သင်ကိုယ်တိုင်စုဆောင်ပေးပါရဲ့လား။

တိုက်တွန်းချက်

အိမ်ထောင်သည် ယောက်ျားတိုင်း မိန်းမတိုင်း အထက်ပါမေးခွန်းများ အနက် မိမိတို့နှင့်ဆိုင်ရာ မေးခွန်းများကို ဖြေပြီးလျှင် အမှတ် ၁၀၀ မရမချင်း မလျှော့သော လုံ့လဖြင့် အမှတ် ၁၀၀ ရနိုင်အောင်း ကြိုးစားကြပါစေသတည်း။
From Fwd mail

Continue

ကျွန်တော့်အိမ်ခန်းထဲ ကြွက်တစ်ကောင်ဝင်နေတယ်။ ကြွက်က ကြွက်သတ်ဆေးလည်း မစားသလို၊ ထောင်ချောက်နဲ့လည်း ဖမ်းမရဘူး။ ကြွက်က တော်တော်လည်တဲ့ကြွက်လို့ ထင်တယ်။ ညညဆိုလည်း သောင်းကျန်လိုက်တာ ကျွန်တော်ကောင်းကောင်း အိပ်မရဘူး။ ဒါနဲ့ ကြွက်ဖမ်းဖို့ ကြွက်ရဲ့လှုပ်ရှားသွားလာမှုတွေကို ကျွန်တော် လေ့လာရတော့တယ်။ ရက်အနည်းငယ်ကြာ လေ့လာပြီးနောက် ကြွက်ဟာ အိမ်ခန်းထဲကို ပြတင်းပေါက်ကတစ်ဆင့် ဝင်လာတယ်ဆိုတာကို ကျွန်တော်သတိထားမိလိုက်တယ်။ ပြတင်းပေါက်က ခြင်ဇကာကို ကိုက်ဖြတ်ပြီး မှောင်စပျိုးတာနဲ့ ကျွန်တော့်အခန်းထဲ သူဝင်လာတယ်။ မိုးလင်းတာနဲ့ သူပြန်ထွက်သွားတယ်။

မိတ်ဆွေတစ်ဦးကို ကျွန်တော့်အကြောင်းပြောပြတော့ သူကရယ်ပြီး "ဒါ လွယ်လွယ်လေးပါ.. ကြွက်ဖောက်ထားတဲ့အပေါက်ကို စက္ကူတစ်ချပ်နဲ့ ကပ်ထားလိုက်ရုံပဲ"လို့ အကြံပေးတယ်။ သူ့အပြောကို သိပ်ယုံကြည်ပုံမပေါက်တဲ့ ကျွန်တော့်ကိုကြည့်ပြီးသူက "တကယ်ပြောတာ စမ်းလုပ်ကြည့်လိုက်ပါ" လို့ပြောတယ်။

မိတ်ဆွေရဲ့အကြံအတိုင်း ကျွန်တော်လုပ်ကြည့်လိုက်တယ်။ ဒါပေမယ့် စိတ်ထဲမှာ သိပ်ဘဝင်မကျခဲ့ဘူး။ မှောင်စပျိုးတာနဲ့ ကျွန်တော်စောင့်ကြည့်မိတယ်။ ပါးလျတဲ့စက္ကူတစ်ချပ်က ပါးနပ်တဲ့ကြွက်တစ်ကောင်ကို တားနိုင်ပါ့မလား? တကယ်လည်း အခြေအနေက
ထူးခြားခဲ့တယ်။ ပြတင်းပေါက်အပြင်က ကြွက်ဟာ အထဲကိုဝင်မရလို့ စိတ်လှုပ်လှုပ်ရှားရှားဖြစ်ပြီး ဂနာမငြိမ်ဖြစ်နေတယ်။ တကယ်တော့
လက်သည်းလေးတစ်ချက် ကုပ်လိုက်တာနဲ့၊ ခေါင်းနဲ့သာသာလေး တိုးလိုက်ရုံနဲ့ စက္ကူဗြဲပြီး အထဲကိုသူဝင်နိုင်ပါတယ်။ ဒါပေမယ့် ကြွက်ကအဲဒီလို မလုပ်ခဲ့ဘူး။ သွားနဲ့ပဲ ကိုက်ဖြတ်တတ်တဲ့သူ့အကျင့်က ပြောင်ချောချောစက္ကူကို မကိုက်ဖြတ်တတ်ခဲ့ဘူး။ စက္ကူလေးတစ်ချပ်ကြောင့် သူ့ရဲ့ ပါးနပ်မှုတွေ အသုံးမဝင်တော့တာ တကယ့်အံ့သြစရာပါပဲ။

နောက်ပိုင်းမှာ ကျွန်တော့်အိမ်ခန်းထဲ အဲဒီကြွက် ထပ်ဝင်မလာခဲ့တော့ဘူး။ စက္ကူတစ်ချပ်နဲ့ သူတားဆီး ခံလိုက်ရတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး "ဘာကြောင့်"ဆိုတဲ့မေးခွန်းက ကျွန်တော်ကို အချိန်တော်တော်ကြာ နှိပ်စက်ခဲ့တယ်။

နောက်ဆုံးမှာ တစ်သတ်မှတ်တွေးတောမှုကြောင့်ဆိုတာကို ကျွန်တော်သဘောပေါက် နားလည်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အခက်အခဲ၊ အတားအဆီးတွေဟာ ကြွက်ကိုတားဆီးထားတဲ့ စက္ကူချပ်လိုပါပဲ။ အခက်အခဲ၊ အတားအဆီးနဲ့ကြုံတဲ့အခါ တစ်သတ်မှတ်အတွေးတွေကို ကျွန်တော်တို့ လှည့်ပြောင်းပေးခဲ့မယ်ဆိုရင် ကြံစည်မှုအသစ်တွေနဲ့ စက္ကူကို အလွယ်တကူ ဆုတ်ဖြဲနိုင်မှာ အသေအချာဖြစ်ပါတယ်။

မူရင်းရေးသားသူ - - Xi Wan (Nan Shan ညနေသတင်းစာထဲက ကောက်နှုတ်ထားတာဖြစ်ပါတယ်)
From Fwd mail

Continue

သည်နည်းလေးဟာ ကောင်းလည်းကောင်း လုပ်ကြည့် ပျော်တယ်လို့ စကားဦးသန်းလိုက်ချင်ပါတယ်။ စုစုပေါင်းသုံးလေးမိနစ်ပဲချိန်ပေးဖို့ လိုမှာပါ။ ဒါပေမယ့် ပျော်စရာလေးပါ။ အရေးကြီးတာက ညွှန်ကြားချက်တွေအတိုင်း တစ်သဝေမသိမ်းလိုက်နာဖို့ ပါပဲ။ ညွှန်ကြားချက်တွေကို တစ်နည်းနည်း နဲ့လှည့်ဖျားမယ်ဆိုင်တော့ အောင်မြင်မှာမဟုတ်သလို နောက်ဆုံး ကျခါမှ လှည့်ဖျားမိခဲတဲ့အတွက် နောင်တရနေမှာလည်းအသေအချာပါ။ အဲ့တော့သုံးလေးမိနစ်လေးပဲ အချိန်ယူပြီးဒါလေးကို စမ်းကြည့်ပါ။ ကောင်းကောင်းကြီးပျော်သွားရပါစေမယ်။

သည်စာကို ပို့လိုက်တဲ့သူကပြောတယ်။ သည်စာကိုဖတ်ပြီး ဆယ်မိနစ်အတွင်းမှာ သူ့ ဆုတောင်းပြည့်ခဲ့တယ်ဆိုပဲ။ ဒါပေမယ့် မညာကြေး၊ မလိမ်ကြေးနော်. . .။

ပျော်စရာလည်းကောင်း ၊ အံ့သြစရာလည်းကောင်းတဲ့ အဖြေတွေပေါ်လာလိမ့်မယ်။

သည်နေရာကစပြီး တစ်ကြောင်းမှကျော်မဖတ်ပါနဲ့၊ သူ့အစီအစဉ်အတိုင်းဖတ်ရင်း လုပ်သွားပါ။

ကိုင်း . . . စလိုက်ကြရအောင်။

ပထမဆုံးစက စက္ကူလွတ်တစ်ရွက်နဲ့ မင်တံတစ်ချောင်းယူလိုက်ပါ။ ဘောပင်ဖြစ်ဖြစ်၊ ခဲတံဖြစ်ဖြစ်ပေါ့။ ရေးလို့ထင်ရင်ပြီးတာပဲနော့ ။

သတိထားရမှာက လူနာမည်တွေကိုရေးတဲ့အခါ ကိုယ်နဲ ့တကယ်သိကျွမ်းနေတဲ့သူ၊ ရင်းနှီးတဲ့ သူတွေကိုသာရွေးပါ။ ပြီးတော့ စိတ်ထဲမှာ ဖျိုးကနဲ ၊ ဖျတ်ကနဲနဲ ့ပထမဆုံး ပေါ်လာတာတွေကိုသာ ချရေးပါနော်။

ထပ်ပြောမယ်နော်။ တစ်လိုင်းချင်း ဖြည်းဖြည်းဖတ်ရင်း ဖြေသွားနော်။ လုံးဝကျော်မဖတ်နဲ ့၊
ကျော်ဖတ်လိုက်ရင် ပျော်စရာကောင်းတော့မှာ မဟုတ်ဘူးဆိုတာ ထပ်ပြီးပြောပါရစေနော်။

စပါပြီ . . .

(က) ရှေ ့ဦးစွာ 1 မှ 11 အထိ ကို အထက်မှအောက် တန်းစီပြီး ချရေးလိုက်ပါ။
နံပါတ်စဉ်ထိုးတဲ့ သဘောပါ။
နမူနာ - 1
2
3
4
5
6
7
8
9
10
11
(ခ) ပြီးရင် နံပါတ် 1 ဘေးမှာ ကိုယ်ကြိုက်တဲ့ ဂဏန်းတစ်ခုကိုရေးလိုက်ပါ။
(ဥပမာ-တစ် မှ ကိုး (သို ့) တစ်ရာထိ ကြိုက်ရာပါ)

(ဂ) နံပါတ် 2 ဘေးမှာလဲ ကိုယ်ကြိုက်တဲ့ ဂဏန်းတစ်ခုကိုရေးလိုက်ပါ။
(ဥပမာ-တစ် မှ ကိုး (သို ့) တစ်ရာထိ ကြိုက်ရာပါ)

(ဃ) နံပါတ် 3 ဘေး နဲ ့ နံပါတ် 7 ဘေး မှာအနီးစပ်ဆုံး ဆန် ့ကျင်ဘက်များရဲ
့နာမည်များ ချရေးပါ။ (ယောက်ျားဖြေတာဆိုရင် မိန်းမနှစ်ယောက်နာမည်၊
မိန်းမဖြေတာဆိုရင် ယောက်ျားနှစ်ယောက်နာမည်တွေပဲပေါ့) (ဖျတ်ကနဲပေါ်တာနော်၊
မြန်မြန်လေး)

ထပ်ပြီးသတိပေးပါရစေ။ ကျော်မဖတ်ပါနဲ ့နော်၊ ကျော်ဖတ်ရင်
အားလုံးလွဲကုန်ပါလိမ့်မယ်။
ကောင်းပါပြီ။ အပေါ်ကညွှန်ကြားချက်တွေအတိုင်းရေးလို ့ပြီးမယ်ထင်ပါတယ်။ ဆက်မယ်နော်။

(င) နံပါတ် 4၊ 5၊ 6 ဘေးမှာ မိသားစုထဲကဖြစ်ဖြစ် ၊ မိတ်ဆွေ ၊
သူငယ်ချင်းထဲကဖြစ်ဖြစ်
ခေါင်းထဲ ပေါ်လာတဲ့ နာမည်သုံးခု ကိုချရေးလိုက်ပါဦး။
(အရင်ရေးပြီးမှဆက်ဖတ်ပါနော်)။

သတိပေးချင်ပါသေးတယ်။ အလိမ်နဲ ့၊ မညာနဲ ့နော်။ လိမ်ညာမိရင်နောက်မှ
နောင်တရနေလိမ့်မယ်။

(စ) သီချင်းခေါင်းစဉ် လေးခုကို နံပါတ် 8 ၊ 9၊ 10 နဲ ့ 11 ဘေးမှာချရေးလိုက်ပါ။
(စဉ်းစားရတော့ခက်မယ်ထင်တယ်။ သီချင်းခေါင်းစဉ်မသိလဲ သီချင်းစာပိုဒ်လေးသာ
ခံစားမိသလို ဖျတ်ကနဲပေါ်တာတွေသာချရေးလိုက်နော်။ အကြာကြီးစဉ်းစားမနေနဲ ့)

(ဆ) ကဲ . . . အားလုံးပြီးသွားပြီနော်။ ပြီးသွားပြီဆိုရင် လိုရာဆုတောင်းလိုက်ပါ။

အားလုံးသေချာပြီဆိုရင်တော့အဖြေတွေကို ကြည့်လိုက်တော့နော်


အခုတောင်းတဲ့ဆုလေးပြည့်ချင်တယ်ဆိုရင် အခုအမေးအဖြေလေးတွေအကြောင်းကို

နံပါတ် 1 မှာ သင်ရေးထားတဲ့ ဂဏန်းအတိုင်း (လူအရေအတွက်)စေ့အောင် နံပါတ် 2 မှာ
သင်ရေးထားတဲ့ ကဏန်းအတိုင်း (ရက်အတွင်း)ပြောလိုက်ပါ။ ဒါဆိုဆုတောင်း
တွေမကြာခင်ပြည့်လာပါလိမ့်မယ်။ (ဒါတော့ ချင့်ယုံပါလို ့ပြောချင်တယ်
နောက်ပိုင်းအဖြေလေးတွေက စိတ်ဝင်စားစရာကောင်းပါတယ်။ ဖတ်ကြည့်ဦးနော်)

နံပါတ် 3 ဘေးမှာရေးထားတဲ့ သူနာမည်က ကိုယ်ချစ်တဲ့သူတဲ့။ (ဟုတ်ပါရဲ ့လား)

နံပါတ် 7 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ်ကြိုက်နှစ်သက်တဲ့သူ။ ကိုယ်နဲ
့သိပ်တော့လည်းမတိုက်ဆိုင်တဲ့သူပါတဲ့။

နံပါတ် 4 ဘေးမှာရေးထားတဲ့ သူကိုကျတော့ ကိုယ်ကဂရုအစိုက်မိဆုံး၊
အလေးပေးမိဆုံးပါတဲ့။

နံပါတ် 5 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ့်ကို ကောင်းကောင်း သိရှိနားလည်
သူပေပဲပေါ့။

နံပါတ် 6 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ့်အတွက်ကံကောင်း စေမယ့်သူပါပဲ။

နံပါတ် 8 ဘေးမှာရေးထားတဲ့ သီချင်းခေါင်းစဉ်လေးကတော့ နံပါတ် 3 ကသူနဲ
့လိုက်ဖက်တဲ့ သီချင်းလေးပါ။

နံပါတ် 9 ဘေးမှာရေးထားတဲ့ သီချင်းခေါင်းစဉ်လေးကတော့ နံပါတ် 7 ကသူအတွက်ပေါ့နော်။

နံပါတ် 10 ဘေးမှာရေးထားတဲ့ သီချင်းကတော့ကိုယ့်စိတ်ကို
အများဆုံးရောင်ပြန်ဟပ်နေတဲ့ သီချင်းပါတဲ့။

နံပါတ် 11 ဘေးကသီချင်းကတော့ ကိုယ့်ဘဝခံယူချက်ကိုထင်ဟပ်နေပါ လိမ့်မယ် ။
from fwd mail

Continue


သင်္ကြန်ကို ရောက်လို့ လာပြန်ပါပြီ။ အားလုံးပဲ ပျော်ရွှင်ကြပါစေ။ ငယ်ငယ်တုန်းက ဆိုရင် အိမ်မှာ သင်္ကြန်ကျပြီဆိုရင် အိမ်သန့်ရှင်းရေးလုပ်တယ်။ နောက် အိမ်ကိုကြမ်းတိုက်တယ်။နောက် မုန့်လုံးရေပေါ်တွေ၊ ရွှေရင်အေးတွေ၊ သာကူကျိုတွေကို တနေ့တမျိုး လုပ်စားကြတယ်။ ရေပြွတ်ဝယ်ပေးတယ်။ အဖွားကနေ အတာအိုးလေးတွေကို အိမ်ရှေ့မှာ ထိုးထိုးပြီး သိကြားမင်းကြီးကို ကြိုဆိုကြတယ်။ မှတ်မှတ်ရရ ကလေးဘဝကတည်းက သိပ်ကို မလည်ဖြစ်ဘူး။ အဖေနဲ့ အိမ်နားကို လမ်းလျှောက်ကြတယ်။ နောက် မြို့တော်ဝန်မဏပ်ကို သွားတယ်။ ဆူးလေစေတီမှာ ဘုရားဖူးတယ်။ မုန့်စားတယ် ပြီး ပြန်လာတာပါပဲ ။ ဘာပဲပြောပြောသင်္ကြန်ရေ ထိသွားတာပေါ့ ။ နောက်ပိုင်း ၈ တန်းလောက်မှာ ထင်တယ် ။ အိမ်က ဒိုင်နာကားလေး ၀ယ်လိုက်တယ်။ အဲဒီ နောက်နှစ်သင်္ကြန်မှာ အဲဒီကားကို ပွဲရုံပိုင်ရှင် တစ်ယောက်က သင်္ကြန်လည်ဖို့ ငှားတယ်။ သူရယ် သူ့ ပွဲရုံက စာရေးတွေရယ် နောက် အမျိုးတွေရယ် လည်ဖို့ပေါ့။ ဒါနဲ့ အဖေက ခေါ်တော့ သား ၃ ယောက် တလှည့်စီ လိုက်ရတယ်။ ပျော်စရာကောင်းလိုက်တာ ။ ကားမှာ တိုင်ကီတင်ပြီးတော့ မီးသတ်ပိုက်အသေးလေး ဆင်လိုက်တယ်။ နောက်ပြီး ရေပိုက်အသေးလေးတွေနဲ့ ။ ပျော်စရာကောင်းလိုက်တာ မဏပ်တွေက ပက်လိုက် ကိုယ်က ပြန်ပြီးပက်လိုက်နဲ့ ။ လျှောက်လည်တာ တနေကုန်တယ်။ အဲဒီတခါပဲ အားရပါးရပျော်ဖူးတယ် ။ နောက်တော့လည်း လူကြီးလည်းဖြစ်ပြန် မလွတ်မလပ်နဲ့ဆိုတော့ သိပ်ကိုမပျော်ဖြစ်တော့ပါဘူး ။စိတ်က အမြဲကို နောက်ဆံတင်းနေရတယ်။ အော် သင်္ကြန် သင်္ကြန် နောက်ကို သူငယ်ချင်းတွေနဲ့ လျှောက်လည်ပြီး ပျော်ချင်ပါသေးတယ်။

Continue

ညီမျှခြင်း နှစ်ခု လုံးမှာ E တွေပါတော့ E ခြောက်လုံး သီအိုရီလို အမည်တပ်ချင်လည်း တပ်ပေါ့။ အဓိပ္ပာယ်ကတော့ ရှင်းရှင်းလေးပါ။ အဖြစ်အပျက် (Event) တွေကို အတ္တစိတ် (Ego) နဲ့ပေါင်းမကြည့်ရင် ဘာမှမဖြစ်ဘူး။ အဲ ပေါင်းမိပြီဆိုရင်တော့ စိတ်လှုပ်ရှားမှု (Emotion) ဖြစ်လာမှာပဲ။ ဖြစ်လာတဲ့ စိတ်လှုပ်ရှားမှုကလည်း သူ့ဘာသာသူ စိတ်ထဲမှာပဲ နေရင် ဘာမှမဖြစ်သေးဘူး။ ထွက်ပေါက် (Exit) နဲ့တွေ့ရင်တော့ အပြင်ထွက်လာပြီး ၀န်းကျင်ကို အကျိုးဆက် (Effect) တွေသက်ရောက်တော့တာပဲ။ အဲဒါလေးပါ။ ငါတို့က ပုထုဇဉ်တွေဆိုတော့ Event နဲ့ Ego ကိုခွဲမထားတတ်သေးဘူး။ အဲဒီတော့ Emotion တွေလည်းဖြစ်နေမှာပဲ။ Emotion ကလည်း Exit ကိုလို်က်ရှာပြီး မတွေ့မခြင်း စိတ်ထဲမှာ ကလိကလိ ဖြစ်နေမှာ … အဲဒီ့တော့ Exit တစ်ခုကိုတော့ ဖွင့်ပေးရမှာပေါ့။ Exit ဖွင့်လိုက်ပြီ ဆိုတာနဲ့ Effect ကဖြစ်လာပြီ။ ဆိုတော့ကာ …. ကောင်းသော အကျိုးဆက်တွေ ဖြစ်လာနိုင်တဲ့ ကောင်းသော ထွက်ပေါက်ကိုပဲရှာဖွင့်မိဖို့ ကြိုးစားရမယ်။ စိတ်ခံစားမှုတွေကို လည်း အတ္တနည်းသထက် နည်းအောင် စစ်ယူရမယ်။ အကောင်းဆုံးကတော့ အဖြစ် အပျက်တွေတိုင်းကို အတ္တ ထည့်မပေါင်းဘဲ သူ့အတိုင်း မြင်အောင် ကြည့်နိုင်ဖို့ပေါ့။ ဒါကတော့ဘာသာရေးဘက် နည်းနည်း ရောက်သွားတယ်။ နောက်တော့ မင်းသိလာပါလိမ့်မယ်။ တချို့တွေပြောကြတာ မင်းကြားဖူးမှာပေါ့။ အရာရာကို စိတ်ခံစားမှုနဲ့ မဆုံးဖြတ်နဲ့ ဆိုတာလေ။ အဲဒါကလည်း ညီမျှခြင်းထဲမှာ အကျုံးဝင်လိမ့်မယ်။ Exit ကိုလိုက်ရှာတဲ့အခါမှာ Emotion နဲ့ အတူ အသိဉာဏ်ပညာ (Wisdom) ကိုထည့် ပေးလိုက်နိုင်မယ်ဆိုရင်တော့ အကျိုးဆက် (Effect) တွေကောင်းလာနိုင်စရာ ရှိတယ်လို့ ပြောလို့ရတယ်။ မင်းလည်းလိုသလို ဆက်တွေးကြည့်ပေါ့။

ကိုနေဘုန်လတ်၏ ညီလေးရေ(၂) မှ
MORE INFO => http://www.thanlwin.com/new/index.php?view=article&id=1276&tmpl=component&print=1&page=0&option=com_content&Itemid=240

Continue

A
Air
Air ဆိုတာ လေကို ဆိုလိုမှန်း အားလုံးက သိကြပြီးသားပါ။ အားလုံးက လေကို ရှူရှိုက်ရတယ်။ လူတစ်ယောက်ချင်းဆီအတွက် လေဟာ မရှိမဖြစ် အရေးကြီးတယ်။ ဗန်းစကားမှာတော့ give the air ဆိုတာ ချစ်သူကို စွန့်လွှတ်ရတယ်လို့ အဓိပ္ပါယ်ရပြန်ရော။ အဲဒီတော့ ချစ်သူဆိုတဲ့ စကားလုံးဟာ air (လေ) ဆိုတာနဲ့များ အဓိပ္ပါယ်ချင်း သွားညီမျှနေမလားလို့ ကျွန်တော် စဉ်းစားမိပြန်တယ်။ ဖြစ်နိုင်ပါတယ်။ လူတွေ အသက်ရှင်ဖို့ လေဟာ အရေးကြီးသလို ချစ်သူဟာလည်း မရှိမဖြစ် လိုအပ်တယ်မဟုတ်လား။ ချစ်သူနဲ့ လေဟာ အချိန်အဆချင်း တူနိုင်ပါတယ်။ နောက်ပြီး လေဟာ နေရာတိုင်းမှာ အလွယ်တကူ ရတယ်လေ။ ချစ်သူတွေကို လေလို့ သဘောထားရင် ကျွန်တော့်ကို စိတ်များ နာကြမလား။

B
Backbone
ရိုးရိုးစင်းစင်း အဓိပ္ပါယ်လေးပါ။ Back က နောက်ဘက် ကျောဘက် bone က အရိုး။ အဲဒါကို ပေါင်းစည်းလိုက်တော့ backbone ဆိုတာ ကျောထောက်နောက်ခံလို့ အဓိပ္ပါယ်ရတယ်။ ကိုယ့်ကို နောက်ကနေ မားမားမတ်မတ် ထောက်ပံ့ပေးနေတဲ့ ငွေကြေး၊ အဖွဲ့အစည်း၊ ပြီးတော့ ဘာညာပေါ့။ ဗန်းစကားမှာတော့ နောက်ထပ် အဓိပ္ပါယ်တစ်မျိုး ရှိသေးတယ်။ Backbone ဆိုတာ သတ္တိလို့ အဓိပ္ပါယ်ရတယ်။ ခင်ဗျားမှာ သတ္တိရှိရဲ့လား။ ကျွန်တော်ကတော့ သတ္တိမရှိဘူးဗျာ။ Backbone မရှိလို့ပေါ့။
တချို့လူတွေက Backbone ကောင်းတော့ Backbone ကောင်းကြတယ်ဆိုပဲ။

C
Cheat
Cheat ဆိုတာ မရိုးသားတာ၊ လှည့်ဖြားတာပေါ့။ ဒါပေမယ့် အဲဒီစကားလုံးကို er ပေါင်းထည့်လိုက်လို့ cheater ဖြစ်သွားရင်တော့ လှည့်စားသူ၊ မရိုးသားသူ ဆိုပြီး ပြုလုပ်သူ ဖြစ်မသွားပါဘူး။ ဗန်းစကားမှာ cheater ဆိုတာ မျက်မှန်လို့ အဓိပ္ပါယ်ရပါတယ်။ ကျွန်တော် နည်းနည်းစဉ်းစားကြည့်တယ်။ ကျွန်တော်တို့ မျက်လုံးတွေအပေါ်မှာ ဖုံးအုပ်တဲ့ မှန်ဟာ cheat (လှည့်စားတယ်)ဆိုတဲ့ စကားလုံးနဲ့ ဘယ်လိုများ ဆက်စပ်ပတ်သက်နေသလဲ ဆိုတာကိုပေါ့။ နည်းနည်းတော့ ဆိုင်မယ် ထင်တယ်။ ကျွန်တော်တို့ရဲ့ အမြင်တွေမှာ အယူဝါဒ အရောင်တွေ စွန်းထင်းနေပြီဆိုရင် အရှိကို အရှိအတိုင်း မမြင်နိုင်တော့ဘဲ (ကိုယ့်စိတ်ကိုယ် လှည့်စားပြီး) အစွဲအလမ်းတွေနဲ့ ပုံဖော် ကြည့်တတ်ကြတယ်မဟုတ်လား။ ကျွန်တော်တို့ဟာ ပကတိကို မမြင်ကြပါဘူး။ ကိုယ့်စိတ်အစွဲကိုပဲ မြင်ကြတာပါ။

D
Dead
Dead ဆိုတဲ့ စကားလုံးဟာ သေတာကို ဆိုလိုမှန်း အားလုံး သိကြပြီးသားပါ။ ဒါပေမယ့် ဗန်းစကားအုပ်စုထဲမှာ နောက်ထပ် စကားလုံးတစ်ခု ကျွန်တော်သွားတွေ့တယ်။ Dead heat တဲ့။ Dead က သေတာ၊ heat က အပူ ဆိုပြီး သေသွားတဲ့ အပူလို့တော့ ဖြစ်မလာပါဘူး။ Dead heat ဆိုတာ ပြိုင်တူ ပန်းဝင်တာကို ဆိုလိုတာပါ။ လှေနှစ်စင်း ပြိုင်တဲ့အခါ၊လူနှစ်ယောက် အပြေးပြိုင်တဲ့အခါ အတူတူ တစ်ပြိုင်နက်တည်း ပန်းဝင်ခြင်းပေါ့။ ကျွန်တော်က Dead ဆိုတဲ့ စကားလုံးလေးကို သဘောကျတာ။ Dead (သေဆုံးပြီ) ဆိုရင် ခင်ဗျားရဲ့ အောင်မြင်ခြင်းတွေရော၊ ရှုံးနိမ့်မှုတွေရော မြင့်မားမှုတွေရော၊
နိမ့်ကျမှုတွေရော အားလုံးဟာ ပြိုင်တူပန်းဝင်ကြပါတယ်။

E
Eighty-six
ဗန်းစကားထဲမှာ eighty-eight တို့ eight-six တို့ ဆိုတာတွေဟာ အတော့်ကို ကတ်သီးကတ်သတ် နိုင်ပါတယ်။ Eighty-eight ရဲ့ အဓိပ္ပါယ်က စန္ဒရားတဲ့။ Eight-six ရဲ့ အဓိပ္ပါယ် ကျပြန်တော့လည်း ၈၆ မဟုတ်ပြန်ဘူး။ "ဘာမှ မရှိဘူး (nothing)" လို့ အဓိပ္ပါယ်ရပါတယ်။ တကယ်လို့ တစ်စုံတစ်ယောက်က ကျွန်တော့်ကို "ဘာရည်မှန်းချက်တွေ ရှိပါသလဲ"လို့ မေးခဲ့မယ်ဆိုပါစို့။ ကျွန်တော်က "86" လို့ ပြန်ဖြေပါမယ်။ ရည်မှန်းချက်တွေ ၈၆ ခုတောင် ရှိတယ်လို့ မယူဆစေချင်ပါဘူး။ ကျွန်တော်ဆိုတဲ့ တေလေမှာ ဘာဆို ဘာမှ လုံးဝ မရှိတာပါ။

F
Filthy
Filthy ဆိုတဲ့ စကားလုံးဟာ "ညစ်ပတ်ယုတ်မာသော" လို့ အဓိပ္ပါယ် ဆောင်ပါတယ်။ ဒါပေမယ့် စကားလုံးတွေရဲ့ အသွင်ပြောင်းမှုဟာ အံ့သြဖို့ကောင်းတယ်။ Filthy (ညစ်ပတ်ယုတ်မာသော) ဆိုတဲ့ စကားရဲ့နောက်ကနေ rich (ချမ်းသာ ကြွယ်ဝမှု) ဆိုတဲ့ စကားလုံး ပေါင်းထည့်လိုက်ရင် Filthy rich ဆိုတာ "အရမ်းကို အံ့သြဘနန်း ချမ်းသာတယ်"လို့ အဓိပ္ပါယ် သက်ရောက်သွားပါတယ်။ ဒါပေမယ့် ဒါဟာ စကားလုံး ကမ္ဘာထဲမှာပဲ ရှိတာပါ။ တကယ့် လူ့အဖွဲ့အစည်း လူ့လောကထဲမှာတော့ Filthy ညစ်ပတ်ယုတ်မာတဲ့လူတွေဟာ သူတို့ရဲ့ နောက်ကနေ rich (ချမ်းသာကြွယ်ဝမှု) ဆိုတဲ့ ဂုဏ်ပုဒ် ပေါင်းထည့်လိုက်ရုံနဲ့တော့ ကြီးကျယ်ခမ်းနားသွားလိမ့်မယ် မဟုတ်ပေဘူး။ လူယုတ်မာဟာ လူယုတ်မာပါပဲ။

G
Green Light
Green ဆိုတာက အစိမ်းရောင်၊ Light ဆိုတာက မီးရောင်။ အဲဒီတော့ Green light ရဲ့ အဓိပ္ပါယ် တည့်တည့်က "မီးစိမ်းပြ"တာပါ။ ဆင့်ပွား အဓိပ္ပါယ်ကို ပြောရမယ်ဆိုရင်တော့ "ခွင့်ပြုတာ၊ လုပ်ပိုင်ခွင့်ပေးတာ" လို့ ပြောရမယ်ထင်တယ်။ မီးပွိုင့်တွေမှာဆိုရင် မီးစိမ်းပြမှ မောင်းခွင့်ရတာ မဟုတ်လား။ အခုလည်း ဒီလိုပါပဲ။ Green Light ပြပြီဆိုရင် ခင်ဗျား (လုပ်ချင်နေတာကို) လုပ်ပေတော့ပဲ။ ဒါပေမယ့် Green ဆိုတဲ့ စကားလုံး တစ်လုံးတည်းဆိုရင် အဓိပ္ပါယ် သပ်သပ် ရှိသေးတယ်။ ဗန်းစကားမှာ Green ဆိုတာ ပိုက်ဆံလို့ အဓိပ္ပါယ်ရပါတယ်။ တိုက်ဆိုင်လိုက်ပုံများနော်။ Green Light ဲ(လုပ်ခွင့်ပြုသည်) ဆိုတဲ့ အင်္ဂလိပ်စကားနှစ်လုံးမှာ Green(ပိုက်ဆံ)ဆိုတဲ့ စကားလုံးက ရှေ့က အရင်လာတာနော်။ ကတ်သီး ကတ်သတ်ဗျာ။
ဘာတွေမှန်းလည်း မသိဘူး။

H
High
High ဆိုတဲ့ စကားဟာ မြင့်မားတာပါ။ တိုက်တာတွေ၊ သစ်ပင်တွေ၊ တောင်တွေမြင့်မှ မဟုတ်ပါဘူး။ ရာထူးမြင့်မားရင်လည်း High ပဲ၊ ငွေကြေး ချမ်းသာကြွယ်ဝမှု မြင့်မားရင်လည်း High ပါပဲ။ ဒါပေမယ့် ဗန်းစကားမှာတော့ high ဆိုတာ "ယစ်မူးတာ"လို့ အဓိပ္ပါယ် ရပါတယ်။ သေရည်မူးတာမျိုးပေါ့လေ။ ကြံကြံဖန်ဖန်နော်။ "မြင့်မားတာ" နဲ့ "ယစ်မူးတာ" စကားလုံး တစ်လုံးတည်း ဖြစ်နေရတယ်လို့။ ဘယ်သူတွေကများ အဲဒီ စကားလုံးတွေကို တွဲစပ်ထားပါလိမ့်။ တချို့က အမြင့်ကိုတက်ရင် မူးတတ်တယ်နဲ့ တူပါတယ်။

I
ID
ID ဆိုတာဟာ (I ကိုကော D ကိုပါ နှစ်လုံးစလုံးကို စာလုံးကြီးနဲ့ ရေးရင်)Identity လို့ ခေါ်တဲ့ ပုဂ္ဂလိက သတ်မှတ်ချက်ကို ဆိုလိုရာ ရောက်ပါတယ်။ မှတ်ပုံတင်တို့၊ ၀န်ထမ်းကတ်တို့ စတဲ့ မိမိ ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံ အထောက်အထား လက်မှတ်ဟာ ID ပါပဲ။ ဒါပေမယ့် id ဆိုပြီး (i ကိုရော d ကိုပါ စာလုံးအသေးတွေနဲ့ချည်းပဲ) ရေးမယ်ဆိုရင် ကိုယ့်ရဲ့ မသိစိတ်ထဲမှာ ရှိနေတဲ့ "အတ္တ"လို့ အဓိပ္ပါယ် ရပါတယ်။ တကယ်တော့ ကိုယ့်အတ္တ (id)ဟာ ကိုယ် ဘယ်သူလဲဆိုတဲ့ သတ်မှတ်ချက် (ID) ပါပဲ။

J
John
မိန်းမတစ်ယောက်ကို အတိအလင်းမယူဘဲ အိမ်တစ်ဆောင် မီးတပြောင်နဲ့ စပွန်ဆာပေးထားတာကို John လို့ ခေါ်ပါတယ်။ ဒါပေမယ့် John မှာ နောက်ထပ် အဓိပ္ပါယ်တစ်မျိုး ရှိပါသေးတယ်။ အဲဒါကတော့ John ဆိုတာ "အိမ်သာ"တဲ့။ အိမ်တွေ၊ ကားတွေ၊ ဟန်းဖုန်းတွေ စပွန်ဆာ လိုချင်တဲ့ ကလေးမလေးတွေ စဉ်းစားကြည့်ဖို့ပါ။ "ငါတို့ဟာ အိမ်သာတွေ ဖြစ်နေကြပြီလား" လို့။ အဲဒီမေးခွန်းလေး တစ်ခုတော့ ကိုယ့်ကိုယ်ကိုယ် ပြန် မေးကြည့်စေချင်တယ်။

K
Kick back
Kick က ကန်သည်၊ back က နောက်ကျောဆိုတော့ ကျောကို ခြေထောက်နဲ့ ကန်တယ်လို့ အဓိပ္ပါယ်ထွက်တယ် မထင်ပါနဲ့။ ဘာမှ မဆိုင်ပါဘူး။ Kick back ရဲ့ အဓိပ္ပါယ်က "သက်သောင့်သက်သာရှိတာ၊ ဇိမ်ကျတာ၊ အဆင်ပြေပြေ နေရတာ" ကို ဆိုလိုတာပါ။ ဒါပေမယ့် နောက်ထပ် အဓိပ္ပါယ်တစ်မျိုး ရှိသေးတယ်။ Kick ဆိုတဲ့ စကားလုံးနဲ့ back ဆိုတဲ့ စကားလုံးကြားမှာ ဟိုက်ဖင်လို့ ခေါ်တဲ့ (-) တုံးအတို အမှတ်အသားလေး ထည့်လိုက်မယ် ဆိုပါစို့။ Kick-back။ ဒါဆိုရင်တော့ အဓိပ္ပါယ်က "လာဘ်ထိုးတာ" ဖြစ်သွားပါတယ်။ ဟုတ်ကဲ့။ "လာဘ်ထိုးတာ" နဲ့ "သက်သာတာ" နှစ်ခုကြားမှာ တုံးတို (-)လေးပဲ ကွာပါတယ်။

L
Low down
နိမ့်တာတွေ၊ ကျတာတွေ လျှောက် မစဉ်းစားပါနဲ့။ ဒါက ဗန်းစကားဆိုတော့ အဲဒီလို တိုက်ရိုက်အနက်ကောက်လို့ မရဘူးပေါ့။Low down မှာ နာမ်(noun) သဘောဆောင်တဲ့ အဓိပ္ပါယ်နဲ့ နာမဝိသေသန (adj) သဘောဆောင်တဲ့ အဓိပ္ပါယ်ဆိုပြီး နှစ်မျိုး ရှိပါတယ်။ Low down ဟာ (n) အနေနဲ့ဆိုရင် "အမှန်တရား၊ အချက်အလက်မှန်" လို့ အဓိပ္ပါယ်ရပြီး (adj) အနေနဲ့ဆိုရင် တရားမျှတမှု မရှိတာကို ဆိုလိုပါတယ်။ ကျေးဇူးပြု၍ Lown down ဆိုတဲ့ စကားလုံးကို နှစ်ခါဆက်တိုက် မရွတ်ဆိုကြပါနဲ့။

M
Monkey
သိတယ်မဟုတ်လား။ Monkey ဆိုတာ မျောက်လေ။ ဘယ်တော့မှ အငြိမ် မနေတဲ့အကောင်၊ အာရုံနောက်တဲ့အကောင်။ မြန်မာစကားအသုံးအနှုန်းမှလည်း မျောက်ကို စိတ်မနှစ်မြို့စရာအဖြစ် သုံးနှုန်းကြတာပဲ မဟုတ်လား။ လင်ငယ်နေတာကို မျောက်မထားတယ်တို့၊ မသင့်တော်တဲ့ သူက နေရာ ရနေတာကိုလည်း "ဘုရားကား အောက်၊ မျောက်ကား အထက်" တို့ ဆိုတဲ့ စကားပုံနဲ့။ အမေရိကန်၊ အင်္ဂလိပ် ဗန်းစကားမှာလည်း မျောက်ကို နှစ်ခြိုက်ကြပုံ မပေါ်ဘူး။ Monkey business ဆိုရင် "မရိုးသားတဲ့ အလုပ်" လို့ အဓိပ္ပါယ်ရတယ်။ အဲ Monkey clothes ဆိုရင်တော့ ယူနီဖောင်းဝတ်စုံကို ခေါ်တာပါ။ ကျွန်တော်ကတော့ အဲဒီ စကားလုံးနှစ်ခု နီးနီးကပ်ကပ် ရှိနေတာကိုကြည့်ပြီး သိပ်ကို အသည်းယားတာပဲ။

N
Number
နံပါတ်တွေကို ရေတွက်ကြည့်ရအောင်။ Number One ဆိုတာဟာ ဗန်းစကားမှာ "ရာထူးအကြီးဆုံးလူ၊ ထိပ်ဆုံးကလူ" လို့ အဓိပ္ပါယ်ရပါတယ်။ ကုမ္ပဏီတစ်ခုမှာ ရာထူး အကြီးဆုံးလူဟာ နံပါတ်ဝမ်းပေါ့။ Number Two ဆိုရင်တော့ ဒုတိယလူလို့ မဆိုလိုတော့ပါဘူး။ "မစင် စွန့်တယ်"လို့ပဲ အဓိပ္ပါယ်ရပါတယ်။ ကြည့်စမ်း… နံပါတ်တစ်ခု ကွာရုံနဲ့တင် တော်တော် အဓိပ္ပါယ်ပြောင်းတယ်နော်။ ကြံဖန်ပြီး ဂုဏ်ယူချင်ရင် ဂုဏ်ယူလို့တော့ ရတာပေါ့။ ခင်ဗျားတို့ ကျွန်တော်တို့ အားလုံးဟာ နံပါတ်ဝမ်းတွေ မဖြစ်ကြပေမယ့် အားလုံး နံပါတ်တူးတွေ ဖြစ်ကြတာပဲ မဟုတ်လား။ ကျွန်တော်ကတော့ ဘဝမှာ Number One မဖြစ်ချင်ပါဘူးဗျာ။ တန်ဖိုးလေး နည်းနည်းတိမ်းစောင်းသွားတာနဲ့ အိမ်သာထဲ ရောက်သွားမှာကိုး။

O
Old
Old ဆိုတာ အသက်ကြီးတာ၊ အိုမင်း ဟောင်းနွမ်းတာကို ခေါ်တာပါ။ Old နဲ့ ပေါင်းစပ်ရတဲ့ အတွဲအဖက် စကားလုံး အမျိုးမျိုးကိုလိုက်ပြီး အဓိပ္ပါယ်ပြောင်းသွားတဲ့ ဗန်းစကားတွေ အများကြီး ရှိပါတယ်။ Flame ဆိုရင် မီးတောက်မီးလျှံ မဟုတ်လား။ အဲဒါကို old နဲ့ တွဲလိုက်တော့ old flame ဆိုပြီး "အိုမင်းသွားတဲ့ မီးလျှံ" လို့ အဓိပ္ပါယ်မဆောင်ပါဘူး။ Old flame ဆိုတာ ကိုယ်နဲ့ မပေါင်းဖက်လိုက်ရဘဲ ကွဲသွားတဲ့ "ရည်းစားဟောင်း"ကို ခေါ်တာပါ။ (ရည်းစားဆိုတာဟာလည်း မီးတောက်မီးလျှံ တစ်မျိုးပဲ မဟုတ်လား) နောက်တစ်မျိုးက old goat ပါ။ ဆိတ်အိုကြီး မဟုတ်ပါဘူး။ တကယ့် အဓိပ္ပါယ်ကတော့ "အသက်ကြီးလာတာနဲ့အမျှ စိတ်ပျက်စရာ ကောင်းတဲ့သူ" တဲ့။ ဆိုကြပါစို့ဗျာ။ အခု ခင်ဗျားမှာ ရည်းစားရှိနေပြီဆိုရင်… အဲဒီ ရည်းစားနဲ့ ပေါင်းဖြစ်မှာ၊ မပေါင်းဖြစ်ဘူးလား ဆိုတဲ့အပေါ် မူတည်ပြီး အခေါ်အဝေါ်တွေကို စဉ်းစားထားကြည့်ရအောင်။ ခင်ဗျားရည်းစားနဲ့ ကွဲသွားရင် နောင်တစ်ချိန်မှာ သူဟာ မီးလျှံအိုတစ်ခု (old flame) ဖြစ်မယ်။ ခင်ဗျားရည်းစားနဲ့ ယူဖြစ်ရင် နောင်တစ်ချိန်မှာ သူဟာ ဆိတ်အိုကြီးတစ်ကောင် (old goat) ဖြစ်လာပါလိမ့်မယ်။ ကဲ ခင်ဗျား ကိုယ်တိုင်ကရော မီးတောက်မီးလျှံလား၊ ဆိတ်လား။

P
Power
P နဲ့စတဲ့ အင်္ဂလိပ်စကားလုံးတွေထဲမှာ Power ကို လူသိများပါတယ်။ Power ဆိုတာ သြဇာအာဏာ၊ ပြီးတော့ လျှပ်စစ်ဓာတ်အား၊ ပြီးတော့ စက်တစ်ခုခုကို သက်ဝင် လှုပ်ရှားလာစေတဲ့ အဖွင့်အပိတ်။ နောက် သချင်္ာမှာဆိုရင် "ထိပ်ကိန်း"။ သြော်… မေ့လို့။ Horse Power ဆိုတာ ရှိသေးတယ်။ သြဇာအာဏာရှိတဲ့ မြင်းကို ပြောတာမဟုတ်ပါဘူး။ "မြင်းကောင်ရေအား"ကို ဆိုလိုတာပါ။ ကျွန်တော်စဉ်းစားမိတာ တစ်ခု ရှိပါတယ်။ သြဇာအာဏာ (power) ဆိုတာ လျှပ်စစ်ဓာတ်အား (power) လိုပဲလို့။ ခံနိုင်ရည်ဝန်အား တစ်စုံတစ်ရာ သတ်သတ်မှတ်မှတ် ရှိရမယ်။ တိတိကျကျ တိုင်းထွာထားတဲ့ စနစ် ရှိရမယ်။ စည်းကမ်းတကျ အသုံးပြုနိုင်မှု ရှိရမယ်။ ဒီလိုမှ မဟုတ်ရင် လောင်ကျွမ်းနိုင်တယ်။ ဓာတ်လိုက်ပြီး သေနိုင်တယ်။ အန္တရာယ်ဖြစ်နိုင်တယ်လေ။ တချို့ ကျပြန်တော့လည်း သချင်္ာထပ်ကိန်း (power)နဲ့ တိုးပွားလာတဲ့ စားဝတ်နေမှု ဒုက္ခတွေကို ရင်ဆိုင်ဖို့ ဘဝကို မြင်းတစ်ကောင်ရဲ့ ခွန်အား (Horse Power) နဲ့ ရုန်းကန်ကြရတယ်။ သြော် နောက်စကားလုံးတစ်ခု ကျန်နေသေးတယ်။ Power nap တဲ့။ "အားသစ်မွေးဖို့အတွက် တစ်ရေး တစ်မော အိပ်တာ" ကို ဆိုလိုတာပါ။ ကဲ ခင်ဗျားတို့ ကျွန်တော်တို့ တစ်ရေးတစ်မောလောက် အိပ်လိုက်ကြဦးစို့။ မင်းတစ်ကောင်လို ရုန်းဖို့ အတွက်လေ။

Q
Question
Question လို့ ဆိုတိုင်း "မေးခွန်း" ကိုပြောတာ မဟုတ်ပါဘူး။ Question of Money ဆိုတာ "ငွေသာ အဓိက" လို့ အဓိပ္ပါယ်ရတယ်။ နောက်တစ်ခုက…
Question of How တဲ့။ "လုပ်နည်း ကိုင်နည်းက အရေးကြီးတယ်" ဆိုပဲ။ ကျွန်တော်ကတော့ Question နဲ့ စတဲ့ အဲဒီ စကားလုံးနှစ်လုံးကို ထပ်တလဲလဲ ရေရွတ်နေမိတယ်။ "ငွေသာ အဓိက" "လုပ်နည်းကိုင်နည်းက အရေးကြီးတယ်"။ အဲဒီလိုနဲ့ပဲ ကျွန်တော့်ဦးနှောက်ထဲမှာ Question (မေးခွန်း)တွေ အထပ်ထပ် တိုးပွားလာပြန်လေရော။

R
Roaring
Roaring ဆိုတာ အသံကျယ်လောင်တာကို ခေါ်တာပါ။ အဲဒါကလည်း တွဲစပ်တဲ့ စကားလုံးနဲ့ လိုက်ပြီး အဓိပ္ပါယ်အမျိုးမျိုး ပြောင်းတတ်တာပဲ။ Roaring trade ဆိုတာက အစုလိုက် အပြုံလိုက် အများအပြား ရောင်းချလိုက်ရတာကို ဆိုလိုတာပါ။ အချီကြီး ပွတယ်ပေါ့လေ။ Roaring drunk ဆိုရင်တော့ (drunk ဆိုတာကတော့ အရက်သောက်တာကို ဆိုလိုမှန်း အားလုံး သိကြပြီးသားပဲ) "အရက်မူးပြီး သောင်းကျန်း ဆူပူတယ်" ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ Roaring success ဆိုတာကလည်း အဲဒီသဘော ခပ်ဆန်ဆန်ပါပဲ။ Success ဆိုတာက "အောင်မြင်မှု" မဟုတ်လား။ အဲဒီတော့ Roaring success ဆိုတာ အကြီးအကျယ် အောင်မြင်မှုရတာကို ဆိုလိုတာပါပဲ။ ထူးဆန်းတဲ့ စကားတစ်လုံးတော့ ရှိသေးတယ်။ Roaring twenties တဲ့။ ဒီနေရာမှာ twenties (၂၀) ဆိုတဲ့ စကားလုံးဟာ ၁၉၂၀ ပြည့်နှစ်များကို ဆိုလိုတာပါ။ ၁၉၂၀ ကနေ ၁၉၂၉ ခုနှစ်အတွင်း ကာလတွေဟာ သူတို့ ဗြိတိသျှပြည်သူ လူထုတွေအတွက် ပျော်ရွှင်ချမ်းမြေ့စရာ ကာလတွေဖြစ်ခဲ့လို့ အဲဒီ စကားလုံး "တွင်" ခဲ့တာ ဆိုပဲ။ ကဲ ခင်ဗျားတို့ရဲ့ ပျော်ရွှင်ချမ်းမြေ့စရာ ကာလတွေကကော။ Roaring ဘယ်လောက်ဖြစ်မလဲ။ ten လား၊ twenties လား၊ thirties လား။

S
Snoot
Snoot ဆိုတာက နှာခေါင်းကို ခေါ်တာပါ။ အသက်ရှင်ဖို့အတွက် လိုအပ်တဲ့ "လေ" ကို ရှူရှိုက်ရတဲ့ အစိတ်အပိုင်းပေါ့လေ။ ကျွန်တော်တို့ဟာ ကိုယ့်နှာခေါင်းနဲ့ကိုယ် အသက်ရှူကြရတယ်မဟုတ်လား။ ဒါပေမယ့် snooty ဆိုတာကကျတော့ "ပိုက်ဆံချမ်းသာတဲ့သူတွေကို လိုက်ပြီး မျက်နှာလိုမျက်နှာရ ဖားနေတဲ့လူ" လို့ အဓိပ္ပါယ်ရပါတယ်။ တချို့က ကိုယ့်နှာခေါင်း (snoot)နဲ့ ကိုယ် အသက်ရှူကြတယ်။ တချို့ကျပြန်တော့ ပိုက်ဆံချမ်းသာတဲ့ လူတွေကို (snooty) လိုက်ဖားပြီး အသက်ရှူကြတယ်။ အသက်ရှင်သန်ပုံ နည်းတွေကတော့ အမျိုးမျိုး ရှိတာပေါ့လေ။

T
Twist
Twist ဆိုတာ ဗန်းစကားအနေနဲ့ဆိုရင် "ကောင်မလေး ငယ်ငယ်၊ မိန်းမပျိုလေး" တဲ့။ အဲဒီ စကားလုံးကို -ed ပေါင်းထည့်လိုက်ရင် twisted ဆိုတာဟာ "နည်းနည်းလေး ရူးသွပ်တယ်" လို့ အဓိပ္ပါယ်ရတယ်။ အဲဒီ twist ကိုပဲ -er ပေါင်းထည့်လိုက်တော့ twister ဖြစ်လာတယ်။ အဓိပ္ပါယ်ကတော့ "မုန်တိုင်း" တဲ့။ အဲဒီ စကားလုံး သုံးခုဟာ ဘာကြောင့် ဆက်စပ်နေရတာလဲ။ ကျွန်တော့်စိတ်အထင်ကို ပြောရရင်တော့ မိန်းမပျိုလေးတွေဆိုတာ နည်းနည်းပါးပါးလေးလောက်တော့ ရူးသွပ်တတ်ကြသူတွေလည်း ဖြစ်မယ်၊ ပြီးတော့ တစ်ချိန်တည်းမှာ "မုန်တိုင်း" တွေလည်း ဖြစ်နေကြတယ်နဲ့ တူပါတယ်။

U
Uncle
Uncle (ဦးလေး) ဆိုတဲ့ ဝေါဟာရဟာ ကိုယ့်မိခင် ဖခင်ရဲ့ အစ်ကို (ဒါမှမဟုတ်) ညီကို ခေါ်တာပါ။ ဒါက ဆွေမျိုးစပ်တဲ့ သဘောနဲ့ပြောရရင်ပေါ့လေ။ အဲဒီလို မဟုတ်ဘဲ အလွတ်သဘောနဲ့ ပြောရရင် ကိုယ့်မိဘတွေရဲ့ ရင်းနှီးတဲ့ အမျိုးသား မိတ်ဆွေတွေကိုလည်း ဦးလေးအရင်းအချာလို သဘောထားပြီး Uncle John, Uncle Smith ရယ်လို့ နာမည်ရှေ့ကတပ်ပြီး တရိုတသေ ခေါ်လေ့ရှိပါတယ်။ ကျွန်တော်တို့ ဒီဘက်ခေတ်မှာတော့ "အန်ကယ်" ခေါ်ရတာတွေ သိပ်များတယ်။ အရိုအသေပေးရတာတွေလည်း သိပ် များတာပဲ။ (ကိုယ့်မိဘနဲ့ ရင်းနှီးသူတွေလည်း မဟုတ်ဘဲနဲ့) ဟိုနေရာရောက်ရင်လည်း "အန်ကယ်" ခေါ်ရ။ အရိုအသေပေးရ။ ဒီနေရာ ရောက်ရင်လည်း "အန်ကယ်" ခေါ်ရ အရိုအသေပေးရနဲ့။ နေရာတိုင်းမှာ မိန့်မိန့်ကြီး အရိုအသေခံနေကြတဲ့ "အန်ကယ်"တွေ အများကြီးပဲ။ Uncle ဆိုတဲ့ စကားလုံးတစ်လုံးတည်းရဲ့ ဗန်းစကားအဓိပ္ပါယ်ကတော့ "(ခိုးရာပါပစ္စည်း လက်ခံတဲ့) သူခိုးလက်ခံ" တဲ့။ ကျွန်တော့်ကို "အန်ကယ်" လို့ ခေါ်မယ်ဆိုရင် Uncle နောက်မှာ ကျွန်တော့်နာမည်လေးတော့ တပ် ခေါ်ပေးကြပါဗျာ။

V
VIP
VIP ဆိုတာ Very Important Person ကို ဆိုလိုပါတယ်။ "အလွန် အရေးကြီးသော ပုဂ္ဂိုလ်" လို့ အဓိပ္ပါယ် လေမလားပဲ။ နောက်တစ်မျိုးရှိသေးတယ်။ VIP နဲ့ ဆန့်ကျင်ဘက်လေ။ VOP တဲ့။ အဲဒါကတော့ Very Ordinary Person ကိုပြောတာပါ။ "ဘာမှမထူးခြားတဲ့ သာမန်လူပါ" တဲံ။ ကျွန်တော်ကတော့ စဉ်းစားမိတယ်။ လူလူချင်း အတူတူ အဲသည်လို နှစ်မျိုးနှစ်စား ခွဲခြားလို့ ရသလားလို့။ ဘယ်သူတွေက အရေးကြီးနေပြီး ဘယ်သူတွေကတော့ အရေးမကြီးဘဲ ဖြစ်နေရတာလဲ။ ဘယ်လိုအချက်အလက်တွေကို ကြည့်ပြီး လူတစ်ယောက်ကို VIP လား VOP လား ခွဲခြားတာလဲဟင်။ သူစီးလာတဲ့ ကားကို ကြည့်တာလား။ သူ ၀တ်လာတဲ့ အဝတ်အစားကို ကြည့်တာလား။ သူ့ရဲ့ အောင်မြင်ကျော်ကြားမှုကိုလား။ သူ့ ပိုက်ဆံလား။ ကျွန်တော့် အတွက်ကတော့ အိမ်သာတွင်း ပြည့်လျှံနေတဲ့ အချိန်မှာ မစင်တွင်း ဆယ်တဲ့လူဟာ VIP ပဲ။ သူက အရေးကြီးတယ်လေ မဟုတ်ဘူးလား။ အင်း VIP ကို နောက်ပြောင်ပြီး ဖွင့်ဆိုတဲ့ အဓိပ္ပါယ်တစ်မျိုး သပ်သပ်ရှိသေးတယ်။ Very Idiotic Person တဲ့။ "ရူးကြောင်ကြောင် ပုဂ္ဂိုလ်ကြီး" လို့ ပြောတာပါ။ "ခင်ဗျားဟာ ဘယ်လို VIP မျိုးလဲ" လို့ တချို့လူတွေကို လက်တို့ပြီး မေးကြည့်လိုက်စမ်းပါဗျာ။

W
Woman
Woe ဆိုတာက "ဒုက္ခ" ပါ။ Man ဆိုတာကတော့ "လူ၊ ယောက်ျား" ကို ပြောတာပါ။ အဲဒီ စကားလုံးနှစ်လုံးကို ပေါင်းစပ်လိုက်တော့ Woe(to)Man "ယောက်ျားကို ဒုက္ခပေးသူ" ဖြစ်လာပါတယ်။ အဲဒီ Woe+Man=Woman ဟာ "မိန်းမ" ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ အင်း မိန်းမ ဆိုတာဟာ ယောက်ျားတွေကို ဒုက္ခပေးသူတွေပဲလား။

X
X
X ဟာ အနမ်းရဲ့ သင်္ကေတပါ။ ခင်ဗျားရဲ့ ချစ်သူဆီကို စာရေးတဲ့အခါ စာရွက်ပေါ်မှာ အနမ်းရဲ့ သင်္ကေတလေး ထည့်ပေးလိုက်ချင်ရင် "X" ဆိုတဲ့ စကားလုံးကို ရေးထည့်လိုက်ရုံပါပဲ။ ဒါပေမယ့် ၀မ်းနည်းစရာကောင်းတာက X ဟာ ကြက်ခြေခတ် အမှတ်အသား၊ အမှား လက္ခဏာလည်း ဖြစ်နေသေးတယ်။ အနမ်းတွေသာ မှားယွင်းခဲ့ရင် X ကို နှစ်ခါ ထပ်ရေးရမယ်ထင်ပါရဲ့။ ချစ်သူရဲ့ အကျႌနောက်ကျောမှာ "XX" လို့ တံဆိပ် မကပ်ချင်ပါဘူး။

Y
Yesman
ကိုယ့်ရဲ့ အထက်လူကြီး လုပ်သမျှကို "ဟုတ်ပါ့ ဘုရား" "မှန်ပါ့ ဘုရား" ဆိုပြီး အမြဲတမ်း လက်ညှိုးထောင် ခေါင်းညိတ် လုပ်တတ်သူကို Yesman လို့ ခေါ်ပါတယ်။ ဘယ်တော့မဆို Yes လို့ပဲ ပြောနေတတ်သူပေါ့။ ဒါဖြင့်ရင် အထက်လူကြီးပြောတာကို ဆန့်ကျင် ကန့်ကွက်ရဲတဲ့ လူကိုကျတော့ကော No man လို့ ခေါ်ဖို့ကောင်းတာပေါ့။ ဒါပေမယ့် No man ဆိုတာက ("ဘယ်သူ တစ်ဦးတစ်ယောက်ကမှ…" ဆိုတဲ့ အငြင်းသဘောနဲ့) လူတစ်ယောက်မှ မရှိတာကို ဆိုလိုရာလည်း ရောက်နေပါတယ်။ ဟုတ်ပါရဲ့။ ဘယ်ရှိနိုင်မှာလဲနော်။

Z
Zero-Sum Game
ပြိုင်ပွဲတစ်ခုခု (ဒါမှမဟုတ်) ကစားပွဲ တစ်ခုခုမှာ တစ်စုံတစ်ယောက် အောင်မြင်ဖို့အတွက် တခြားတစ်စုံတစ်ယောက်က ရှုံးနိမ့်ပေးရတယ်ဆိုရင် အဲဒါကို Zero-Sum Game လို့ ခေါ်ပါတယ်။ ဥပမာပြောရရင် ကစားဝိုင်းမှာ ခင်ဗျားက ငွေတစ်သိန်း နိုင်လိုက်တယ် ဆိုပါစို့။ ဒါဆို အဲဒီငွေ တစ်သိန်းဟာ ခင်ဗျားလက်ထဲကို ဘယ်ကနေ ရောက်လာတာလဲ။ ရှင်းပါတယ်။ တခြား တစ်ယောက်က ငွေတစ်သိန်းကို ဆုံးရှုံးပေးလိုက် ရလို့ပေါ့။ (တစ်ဖက်မှာ အနုတ်လက္ခဏာပြမှ ခင်ဗျားဆီမှာ အပေါင်းလက္ခဏာ ပြလာတာပါ) အနုတ်နဲ့ အပေါင်းကို ချေလိုက်ရင် ဒီကစားဝိုင်းတစ်ခုလုံးရဲ့ ရလဒ်ဟာ "သုည" ပါပဲ။ ၂၁ ရာစုရဲ့ လမ်းကြောင်းဟာ "သုည" ဆီကို ဦးမတည်တော့ဘူး။ ကစားဝိုင်းထဲမှာ တစ်ယောက်အပေါ်က တစ်ယောက် အမြတ်ထုတ်ဖို့ မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် ညှိနှိုင်းခြင်းအားဖြင့် ရလဒ်အသစ်တွေ ထွက်ပေါ်လာစေဖို့ပါ။ Zero-Sum Game ဟာ ခေတ်တုံးသွားပြီဆိုတဲ့အကြောင်း မသိကြသေးတဲ့ အတ္တကြီးသူတချို့ကို တွေ့ရင် ပြောပြလိုက်ကြစမ်းပါဗျာ။ သူတို့တွေ တောက်လျှောက်နိုင်ဖို့အတွက် တခြားသူတွေက တောက်လျှောက်ရှုံးပေးနေရတာဟာ အဓိပ္ပါယ်ရှိရဲ့လား။

Continue
Related Posts Plugin for WordPress, Blogger...