
ညီမျှခြင်း နှစ်ခု လုံးမှာ E တွေပါတော့ E ခြောက်လုံး သီအိုရီလို အမည်တပ်ချင်လည်း တပ်ပေါ့။ အဓိပ္ပာယ်ကတော့ ရှင်းရှင်းလေးပါ။ အဖြစ်အပျက် (Event) တွေကို အတ္တစိတ် (Ego) နဲ့ပေါင်းမကြည့်ရင် ဘာမှမဖြစ်ဘူး။ အဲ ပေါင်းမိပြီဆိုရင်တော့ စိတ်လှုပ်ရှားမှု (Emotion) ဖြစ်လာမှာပဲ။ ဖြစ်လာတဲ့ စိတ်လှုပ်ရှားမှုကလည်း သူ့ဘာသာသူ စိတ်ထဲမှာပဲ နေရင် ဘာမှမဖြစ်သေးဘူး။ ထွက်ပေါက် (Exit) နဲ့တွေ့ရင်တော့ အပြင်ထွက်လာပြီး ၀န်းကျင်ကို အကျိုးဆက် (Effect) တွေသက်ရောက်တော့တာပဲ။ အဲဒါလေးပါ။ ငါတို့က ပုထုဇဉ်တွေဆိုတော့ Event နဲ့ Ego ကိုခွဲမထားတတ်သေးဘူး။ အဲဒီတော့ Emotion တွေလည်းဖြစ်နေမှာပဲ။ Emotion ကလည်း Exit ကိုလို်က်ရှာပြီး မတွေ့မခြင်း စိတ်ထဲမှာ ကလိကလိ ဖြစ်နေမှာ … အဲဒီ့တော့ Exit တစ်ခုကိုတော့ ဖွင့်ပေးရမှာပေါ့။ Exit ဖွင့်လိုက်ပြီ ဆိုတာနဲ့ Effect...